သစ်ခက်သံလွင် ကဗျာ၊ မင်းချောမြင့် နှင့် ယောအိမ်လင်း တို့၏ ကဗျာများ

www.pinterest.com
ဂစ်တာ.. .......
မင်းချောမြင့်
ပြန်လှည့်ကြည့် ဖို့မလွယ်တဲ့
အလွယ်ဆုံး အဖြစ် အပျက်များ
ငြိမ်နေရင်ကောင်းမယ်။
အများလက်ခံတဲ့ ညီညွတ်မှုများ၏
သွေဖီရာ
စကားလုံးတိုင်းမှာ မနာကျင်စေ့ချင်ဘူး
တိုးတိုးလေး အသက်ရှူမှု မှာ
မင်းမျက်နှာငယ်မလား
ငါ့ရှင်သန်မှုဟာ မင်းကို
မှီခို ရလွန်းတယ်
သတိထား
ဘဝက မဝလင်ခဲ့တော့လေ
သူ့သက်ပြင်းတွေရယ်
ပုံပြင်ထဲမှာ
ဂစ်တာ ဟာ
စစ်ပွဲတွေကို ရပ်တန့်စေမှာ...
...
Tate

မှန်ငေးသူယောအိမ်လင်း

 ဒီနေ့
မှန်ပြင်ကိုကြည့်ရင်း ငေးမိတော့
မနေ့ကမျက်နှာဟာလည်း
ဒီနေ့မျက်နှာ

မှန်ပြင်ကိုကြည့်ရင်း
ရလာတဲ့အတွေးမှာ
အမြင်ဟာ နည်းနည်းဝါးသွားပြီ။


ဘယ်ပျောက်နေလဲ
မေ မေလိမ်ပေးခဲ့တဲ့ ပါးပြင်ပေါ်က
ဝလုံးဝိုင်းဝိုင်းလေးနဲ့ သနပ်ခါး . . .

နုလုံးသွေးတွေဆူပွက်လာတယ်
ရင်ခုန်သံစည်းချက်ဟာ
အောင့်တက်လာတယ်
မှန်ပြင်ကိုကြည့်ရင်း ကျလာတဲ့မျက်ရည်
မေ မေခွံ့ပေးခဲ့တဲ့ ခါးသက်သက်
သနပ်ခါးလေးတစက်လောက်
ဆေးဖက်ဝင်မယ်မထင်ဘူး . . .။


မှန်ပြင်ကိုကြည့်ရင်း
ရလာတဲ့အတွေးမှာ
အမြင်ဟာ နည်းနည်းဝါးသွားပြီ။




Comments