သစ်ခက်သံလွင်ကဗျာ၊ နေလွဏ်းအိမ် နှင့် မိုးညဖြူ(တွံတေး) တို့ ၏ ကဗျာများ

နာတာရှည်လမ်းမ

အရုဏ်ဦးဟာ
လင်းလင်းကြီးနဲ့အေးစက်ကိုက်ခဲ
 ပြတင်ပေါက်​​ပေါ်ကနှ စ်ချို့ဝေဒနာတွေ

နာရီတွေမီးသေနေတဲ့သွေးလည်ပတ်မှုတစ်ခုလုံးကို
အိမ်​​ရှေ့ကလမ်းမကြီးဟာအနီရောင်သွားများနဲ့ပွတ်သပ်
ဒါဟာလေထုရပ်ဝန်းရဲ့စားနပ်ရိက္ခာများလား

နေ့ကလည်းဒီအတိုင်းပဲ
ဒီနေ့လည်းမထူးဘူး
အင်ဂျလီနာဂျိုလီကိုနမ်းရှိုက်ရဖို့ထက်​ 
ပေါင်မုန့်တစ်ချပ်​​ကသာဘုရားပေးတဲ့ဆုလာဒ်​​ပေါ့

လမ်းမထက်မှာ လိင်စိတ်ကြွတွေကစားနေတယ်
လမ်းမထက်မှာ ငါးတွေဘုရားသခင်ကိုမျှော်​​နေကြတယ်
လမ်းမထက်မှာ တရားသံတွေပြေးလွှားနေတယ်
လမ်းမထက်မှာ ရုပ်ရှင်ကြည်နေရတယ်
ဒီလိုနဲ့ လမ်းမထက်မှာပဲ ငါတို့ဟာ
မြေကြီးဖြစ်ဖို့စောင်နေရတယ်​..

 နလွဏ်းအိမ်
Oct 27th, 12:49pm
...

စိတ်ကောက်နေတဲ့ခင်တန်း

ဘဝကို အစတိုင်းပြန်ကောက်ကြည့်တယ်
အူဝဲ ဆိုတဲ့ ငိုခြင်းအစမှာ
ဆောင်းဦးပေါက်ဆန်ဆန် ဟောင်းလောင်းကြီးတွေ ။

လေယူရာယိမ်းနွဲ့နေသလို က ခဲ့ကြရတဲ့
အသေကောင်တွေဟာ
ထပ်ပြီးငြီးစရာမရှိတော့အောင်
တည်တည်ငြိမ်ငြိမ်နဲ့ လေညင်းခံနေတယ် ။

အတိုင်းအတာမသိတဲ့လောကဓံထဲ
" ဝလုံး "အရေးသင်သလို
ကိုယ့်ကိုယ်ကိုယ်သယ်ပိုး
ရှင်သန်ခြင်း မနက်ဖြန်ဟာ
ပညာရေး  ကျန်မာရေး ဘာသာရေး  နိုင်ငံရေး
" ရေ " ပေါင်းများစွာနဲ့  ငယ်ပေါင်းကြီးဖော်လို
ဒုက္ခသိုလောင်ရုံထဲ
လောဘ မောဟတွေက ကိလေသာဖြစ်ပြီး
ငြိမ်းချမ်းသော ဓမ္မဟာ ကုသိုလ်ဖြစ်တယ်

စိတ်ပြေးလမ်းထဲက သံဝေဂတရားဟာ
ဒီကဗျာထဲမှာ
အမျှဝေသံတွေ နားရည်ဝနေသလို ။


                  မိုးညဖြူ  ( တွံတေး )

Comments