သစ်ခက်သံလွင် ကဗျာ၊ ကိုကျူး၊ မင်းချောမြင့်နှင့် သော်မိုးသစ်တို့၏ ကဗျာများ

 
kantaletas - WordPress.com
စ က်​ ဝို င်း
 ကိုကျူး

မြင်​​နေကျအရာ​တွေဟာ အသံထက်​မြန်​တယ်
ကြား​နေကျအရာ​တွေက အမြင်​ထက်​မြန်​တယ်
ဆို​တော့လည်း သည်​သီချင်းဟာ ဆူညံလို့
ကားက တရှိန်​ထိုး​မောင်းသွားတယ်
ဆိုင်​ကယ်​လည်း ကဆုန်​​ပေါက်​ ​ပြေးသွားတယ်
လမ်းဟာ ​သေလု​မျောပါးဖြစ်​ခဲ့ပြီး
ကိုယ့်​မှာ စိတ်​တခြား လူတ​ခြား
လမ်း​ဘေးမှာ တသံသရာလုံး မှားခဲ့ပုံ ။
-
၂၆. ​အောက်​တိုဘာ ၂၀၁၇ ။
နေ့လည်​ ၁ နာရီ ၃၈မိနစ်
 .....

pictify.saatchigallery.com
ဆောင်း
မင်းချောမြင့်
 
ဆရာကြီးလေသံနဲ့ မြိုချနေရတဲ့ဆောင်း....
မယားကြီးလေသံနဲ့ တရားကျနေရတဲ့ ဆောင်း.
သူကြီးလေသံနဲ့ အနာတရ ဆောင်း
သူခိုးကြီးလေသံနဲ့ ဖိနပ် ပျောက်တဲ့ ဆောင်း
သိုက်ဆရာလေသံနဲ့ မန်းနေမိတဲ့ဆောင်း
စကားပြေ တွေညင်သာသလောက်
မချိုသာတဲ့ ဆောင်း.. .....
ထစ်ခနဲဆို လမ်းပေါ် ဆန္ဒပြချင်နေတဲ့ ဆောင်း
ထစ်ခနဲဆို အာဏာ သိမ်းချင်နေတဲ့ ဆောင်း
ခွေးအိုကြီး အသားလိုနေတဲ့ ဆောင်း
ဆောင်း ဆောင်း ဆောင်း.......
အတုတွေသောက်ထားရတဲ့ဆောင်း.....
မျက်စောင်းလေးတောင် မငဲ့တဲ့ ဆောင်း.....
ဗေဒင်ဆရာက ဗေဒင်ဆရာ ပျောက်တဲ့ဆောင်း
အရက်သမားကြီးလေသံနဲ့ ကြူနေရတဲ့ဆောင်း
အကုန်အကျများသလောက်
ပြန်မပွင့်ရတဲ့ဆောင်း..
အမေ့နားကပ်ပေါင်ပြီး ကျောင်းပြန်တက်မိတဲ့
ဆောင်း..
ရထားမှန်ရင် ဘူတာမရှိတဲ့ ဆောင်း
ချစ်သူရှိတယ်ဆိုတဲ့သနပ်ခါးလေးရဲ့ ဆောင်း
ယောက်ျားကြီးတန်မဲ့ ငိုမိတဲ့ ဆောင်း
စနစ်တကျ အာဏာသိမ်းထားတဲ့ ဆောင်း
ဆောင်း ဟာ စနစ်တကျ ဖောက်ပြားလို့
ဆောင်းဟာ
ဆောင်းမစစ်တော့ဘူး...ရေဆင်းရေ...                         
..... 
Pinteres
မြို့
သော်မိုးသစ်


ကိုယ့်ရှုပ်ထွေးမှုနဲ့ကိုယ်
ကျေနပ်နေတဲ့ မျက်နှာရှင်ဟာ မြို့ပဲ
ကိုယ့် ညစ်ပေမှုကိုကိုယ်
မိတ်ကပ်အဖွေးသားနဲ့ ပြန်မေ့နေတတ်တာ မြို့ပဲ
ကိုယ့်နှလုံးခုန်သံကိုယ် မကြားနိုင်အောင်
နားနှစ်ဖက်မှာ နားကြပ်တပ်ပြီးနေတတ်တာ မြို့ပဲ
မြို့ဟာ
သူမသိပဲ သူပေါ်ဖြတ်သန်းသွားတဲ့ မေတ္တာတရားတွေကို မတွေ့လိုက်ဘူး
မြို့ဟာ
နာမည်ကြီးကုန်စည်တွေနဲ့အပြိုင်
လှပြဖို့ကြိုးစားရင်း
စာရင်းဇယားတွေအောက်က ကိန်းဂဏာန်းတစ်လုံးဖြစ်ခဲ့ရတာ သူမသိဘူး
မြို့~~~
အဲလို့ခေါ်လိုက်တဲ့ အသံဟာ
နွေးထွေးစွာ ထွက်ကြလာရတဲ့
အမှတ်အသားဆိုတာ သူမေ့နေတယ်
မြို့ဟာ
လေစစ်စစ်တွေနဲတယ်
ပိတ်ဆို့တယ်
လောင်မြိုက်တယ်
အသက်ရှုမဝဘူး
ဒါပေမယ့် မြို့က ပျော်နေတာပဲ
မြို့ဟာ
သူမသိတဲ့
နားမလည်တဲ့
အိမ်မက်တွေကို မက်နေတဲ့
လှပစွာ ကျရှုံးသွားသူပေါ့
မြို့ဟာ
ဒီလိုနဲ့တော့
ဘယ်လိုမှ နလံပြန်ထူနိုင်ရှာမှာ မဟုတ်ဘူး
ဒါကိုလဲ သူမသိရှာဘူး
မြို့လေ။


Comments