သစ်ခက်သံလွင်ကဗျာ၊ သော်မိုးသစ်နှင့် ထက်လူအောင်တို့၏ ကဗျာများ

Pinterest
မှော် 
 သော်မိုးသစ်

တိတ်တိတ်လေး ပြတင်းတံခါးကိုတိုးဝင် ဖြတ်တိုက်လာတဲ့ လေပြေမဟုတ်ဘူး
တစစ အေးစိမ့်ပြီး ခိုက်ခိုက်တုန်လာရတဲ့ ဆောင်းကြမ်းညလည်း မဟုတ်ဘူး
စတွေ့ကတည်းက ငါကိုယ်တိုင် ပျိုးထားခဲ့တဲ့မီး
ကမ္ဘာဦးလူတွေ ကျောက်တုံးနှစ်တုံးကို ခပ်ပြင်းပြင်း ပွတ်တိုက်လို့ရလာတဲ့ရလာဒ်ကို
တသသ ပျိုးကြသလိုပေါ့ 

တကယ်က….
စကားတခွန်း ပြောပစ်လိုက်ဖို့ စဉ်းစားခဲ့ရတဲ့ နေ့တွေညတွေ
စကားတခွန်း ပြောပစ်လိုက်ဖို့ ဆင်ခြင်ခဲ့ရတဲ့ အရပ်ရပ်အခြေအနေတွေ
ငါ့အတွက်လမ်းဟာ အရင်လို အမြဲကွေ့ကောက်နေဆဲပါ
ဘဝထဲဖြတ်စီးတဲ့မြစ်က အရင်လို ကြမ်းတမ်းဆဲပါ
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ 
အရိုင်းဆန်တဲ့ အဘိဓမ္မာကို ငါမကြိုက်ဘူး
သို့ပေမယ့် ချစ်ခြင်းတခုအတွက် ချစ်ခြင်းဆိုတာမျိုးတော့ 
ရူးမိုက်စွာယုံကြည်သူပေါ့ 
အလွန့်အလူးများတဲ့ ဘဝခါးခါး လောကဓံခါးခါး
လိုင်းကြား လှေကြားထဲမှာတောင်လေ
နံနက်ခင်းကနေအစ ညဥ့်နက်သန်းခေါင် အချိန်မိနစ်စက္ကန့်မလပ်
လက်ထဲမှာ ချစ်ခြင်းကို ကိုင်တွယ်ဆုပ်ကိုင်ထားတယ်
ချစ်ခြင်းတခုခု မီးခတ်နိုင်မလားလို့ ။ ။ 
...
Pinterest
 စနေ အလွမ်း အငေး သီချ င်း ကဗျာ
ထက်လူအောင်

   သီချ င်းတပုဒ်နားထောင်တယ်
ကဗျာတပုဒ် ရွတ်ဆိုတယ်
လမ်းကို ငေးမိတယ်
တိမ်ကို ချစ်မိတယ်
သစ်ရွက်လေးအကြောင်း တွေးမိတယ်
နေရောင်ကို လွမ်းလိုက်တယ်
စိတ်ဟာငြိမ်းလို့ အေးလို့
ထို ခဏလေးများရဖို့ စောင့်စားရ
ကြေကွဲရတဲ့ ဘဝထဲ
ပူလောင်နေတဲ့ ခေတ်ထဲ
အိမ်ရှေ့ထိုင်ခုံလေးမှာ အချိန်အနည်းငယ်ကြာ ။


Comments