သစ်ခက်သံလွင်ကဗျာ၊ ကေဇော်မိုး၊ မောင်နောင်မွန် နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ

 
Pinterest
ကျဆုံးခြင်းငါ့နိုင်ငံ  ( ၅ )ကဇော်မိုး

ပြုံးနေသူတွေမှာ
ငိုနေတဲ့မျက်နှာရှိတယ်။

ပျော်ပျော်ပါးပါးပေါ့
အစကပြန်ဝှိုက်ကျသွားတဲ့တည်ဆောက်မှုဟာ
နားမလည်သူတွေအတွက်
ကိုယ်ထူကိုယ်ထ
ဖြောင့်ဖြူးကောက်ကွေ့ ကျင်းချိုင့်အက်ရာနဲ့
တလမ်းမောင်း ကျေးလက်လမ်းခွဲလေးပေါ့။

အများညီခဲ့သမျှ
ဤအရပ်ဟာ ရေကြည်မြက်ခြောက်ရာ
မြေဆီနှစ်ထုံမွှန်းရာ ပဒေသာပင်ခန်းတဲ့ရာသီ
စွန့်ဦးတီထွင်သူများ
အစောဆုံးလွတ်မြောက်ရာဒေသ
သူ့အချင်းနဲ့သူ့ရှုခင်းနဲ့
ယုန်သူငယ်လေးဟာ ဘုရင်တပါးလို မှိန်ဖျော့မွဲခြောက်ခဲ့တယ်။

ပြုံးနေသူမှာ
ငိုနေတဲ့မျက်နှာနဲ့
တထီးတနန်း စိုးစံအုပ်ချုပ်သောနိုင်ငံတော်
တခုရှိတယ် ။ ။
....
Pinterest
ကစားပွဲ
မောင်နောင်မွန် 

  လက်ဝါးချင်းရိုက်ထား
လက်သိပ်လျှိုထားတာ
ဘယ်လိုဘဲကုလားဖန်ထိုးထိုး
ဘူနဲ့တစ် ကျနေတဲ့
ထိုးသားတွေလက်လန်တဲ့ပွဲ။

ခေါင်းပန်းလှန်မလား
အံစာခေါက်မလား
စစ်တုရင်ကစားမလား
အပေးနဲ့အယူ
အနိုင်နဲ့အရှုံး ဘက်မမျှတဲ့ပွဲ။

ကံကောင်းခြင်းက
ရိုးသားခြင်းထက်တပန်းသာတယ်
တူတလှည့်ပေတလှည့်မှာ
ကိုယ်တွေက ပေချည်းဖြစ်နေတာ့
ကိုယ်တိုင်ဝင်ကစားတဲ့ပွဲ
ကိုယ်ဘက်က အနိုင်မရှိ။

တကယ်တော့
ဇာတ်ညွှန်းရေးထားတယ်
ကစားပွဲက ကိုယ်တွေကိုပြန်ကစားသွားတယ်။  ။

    ...    
Pinterest
 ကမ်းနားသစ်ပင်
ရာမညမင်းငြိမ်းချမ်း 

ခေတ်တွေပြောင်းပြီလမ်းပေါ်အော်ခဲ့
မပြောင်းတဲ့သံသရာ
လတောင်မကူးအိပ်ကပ်ဟောင်းလောင်း
မပူနဲ့ သူကဟိုဌာနက
လမ်းထိပ်ဈေးဆိုင်မှာနာမည်စာရင်
းတွေထပ်
ခွန်အားမတန်မဆပေးဆပ်နေရ
နိုင်ငံတော်ကိုကျေးဇူးဆပ်နေတာ
ပိုးပုဆိုးဝတ်လူကြီးရဲ့မှတ်ချက်
ဒီနေရာကိုခင်ဗျားတချက်လောက်လာ
ကြည့်ဖူးလား
အသံဗလံမျိုးစုံနဲ့တန်းလျား
လေးပေ၊ ခြောက်ပေထက်သာရုံမျှ
ဖြေဖျော်ရန်စိတ်အဆာကလစာရဲ့လေးပုံ
သုံးပုံ
ယောင်လို့တောင်မထိရဲ
ပိုးပုဆိုးဝတ်လူကြီးရှေ့
ရိုးကျိုးတဲ့အမူအရာနဲ့ရပ်
ရန်လိုတဲ့မျက်စောင်း
နာမရှေ့ကဂုဏ်ပုဒ်မှအားမနာ
အခန်းကျဉ်းထဲကအစာအိမ်ရဲ့ညည်းညူ
သံ
လေနီကြမ်းတွေတိုက်ခတ်နေဆဲ။ ။

Comments