သစ်ခက်သံလွင်ကဗျာ၊ စည်သူဦး၊ လဝင်းနှင့် သော်တာစံ(ကလေး) တို့၏ ကဗျာများ

The Independent
 ကောင်းကင်ပြာနေ့ 

ကမ္ဘာကြီးက အချက်အလက်လား
အချက်အလက်ထဲက ကမ္ဘာကြီးလား

နေ့က အလင်းလား
အလင်းထဲက နေ့လား

ညက အမှောင်လား
အမှောင်ထဲက ညလား

ဘဝက ခါးသက်သက်အရသာလား
ခါးသက်သက်အရသာထဲက ဘဝလား

အင်ဒီဝါးဟိုးလ်ပြောသလို ကမ္ဘာမကျော်လို
ပျော်ရွှင်ဖွယ်ကမ္ဘာကို ကြိုချင်တယ်။

စည်သူဦး
Planet the cheese - 티스토리
နိဗ္ဗာန်ဆော်

ရှင်သန်ခြင်းမှာ သင် ဘာကို ရှာဖွေနေပါသလဲ
ရှင်သန်ခြင်းမှာ ကျွန်တော် ဘာမှ မတွေ့ပါ
သို့သော် …
ဘာမှမဟုတ်ပါဘူးကို အခြေအခင်းပြု ၍
ကျွန်တော်တို့စိတ်ကလေးကို
ကြည်လင်ပေါ့ပါးစွာ ထားသင့်လှပါရဲ့ …
ဘယ်လောက်လှလဲ ကဲ …
ဘဝဟာ ဘာဟုတ်ပါသလဲ
လွမ်းရတာ ပိုသေးတယ်
ဆွေးရတာ ပိုသေးတယ်
မာန်မာနတွေ ပိုသေးတယ်
ဒေါသတွေ ပိုသေးတယ်
စသဖြင့် ဘဝဟာ
လိပ်လို အခွံဖြင့် ထိုင်းမှိုင်းလေးလံလွန်း …
ဘဝကသာ ဘာမှမဟုတ်တယ်
နာမည်က ကြီးချင်သေး
ပိုက်ဆံက ချမ်းသာချင်သေး
အစရှိလိုအင်လောဘများပြည့်စုံဖို့ထက်
စိတ်ကောင်းရှိဖို့က ပိုအရေးကြီးတယ်လို့
သင် မတွေးမြင်မိဘူးလား
စိတ်ကောင်းရှိရင်
ဘဝက ပြည့်စုံပြီလို့ ပြောလို့ရပါရဲ့ …
ဟုတ်ပြီ
ဘယ်လောက်ထိ စိတ်ကောင်းရှိရမှာလဲ
စိတ်ကောင်းရှိလေ ကောင်းလေပါပဲ
စိတ်ကောင်းရှိခြင်းကောင်းမှုဇုန်ကို ချဲ့ထွင်ဖို့
ယခုပဲ ပေါ့ပါးဖျတ်လတ်ကြပါစို့
ဖြူ စင်သော အဖြူ ရောင်တွေ့တိုင်း
ကျွန်တော်တို့စိတ်ကလေးနဲ့
တိုက်ဆိုင်စစ်ဆေးကြည့်ကြပါစို့ခင်ဗျား … ။        ။

လဝင်း
20.7.17
...
 
Planet the cheese - 티스토리
ဒီကဗျာကို အသံထွက် ရွတ်ဆိုလိုက်

ခံတွင်းမကောင်းတာနဲ့
ကဗျာစိမ်းတတောင့် ကောက်ဝါးလိုက်တယ်
ဘယ်လောက်အထိစပ်နိုင်မလဲ ထမင်းမြိန်မြိန်စားလို့ရပါပြီ
မခံမရပ်နိုင်အောင်စပ်တဲ့အခါ
မေတ္တာရေသောက်ရတာပေါ့ သစ္စာရေသောက်ရတာပေါ့
ကိုယ့်သမိုင်း ကိုယ်ရေးတယ် ကိုယ့်အဝတ် ကိုယ်လျှော်တယ်
ဘာမှလျှော်စရာမရှိရင် ကိုယ့်စိတ် ကိုယ် လျှော်ရတာပေါ့
မကောင်းမှုမှာပျော်တဲ့စိတ်ကို လျှော်ရတာပေါ့
အ၀တ်အစားသာ လျှော်တိုင်းမကောင်းတာ
စိတ်က လျှော်လေကောင်းလေပဲ
စိတ်လျှော်ဖွတ်တဲ့အလုပ် ဖတ်ဖူးလား
မော်ဒယ်အသစ်နဲ့ လူ ဖတ်ဖူးလား
ကိုယ့်ကိုယ်ကိုယ်ဖတ်ဖူးလား
ဘယ်လောက်စာဖတ်အားကောင်းကောင်း
မဖတ်ရသေးတာတွေ ပိုများကြောင်းသိပြီလား
မရေးရသေးတဲ့ကဗျာက ပိုကောင်းကြောင်းသိပြီလား
ဆရာကြီးစတိုင်လ်နဲ့ အထာကြီးကိုင်ချင်နေတုန်းလား
ရှာလည်းမတွေ့ ကြာလည်းမမေ့ ငါတို့သည်လည်း တရွေ့ရွေ့
ကဗျာသည်လည်း တရွေ့ရွေ့
ရွေ့နေတဲ့ပစ်မှတ်ကို မှန်အောင်ပစ်ဖို့
ကိုယ်ကို တည့်တည့်မတ်မတ်ထား
စိတ်ကို ဖြောင့်ဖြောင့်မတ်မတ်ထား
ဝဋ် ကြွေးရှိသလား ကျေအောင်ဆပ်ရမယ်
ကဗျာကြွေးရှိသလား ကျေအောင်ဆပ်ကြမယ်
အဆိပ်ပင်လား ပြာပူလောင်းလိုက်ကြစို့
ငြိမ်းချမ်းရေးသစ်ပင်လား မေတ္တာရေလောင်းစိုက်ပျိုးကြစို့
စိုက်သောအပင်ရဲ့အသီးတွေကို ဝေမျှစားကြစို့
စိုက်သောအပင်ရဲ့အရိပ်ကို ဝေမျှခိုလှုံကြစို့
နေမင်းပြုံးတဲ့နေ့ကြုံတွေ့ရသလို
လမင်းပြုံးတဲ့နေ့လည်း တွေ့ကြုံရမှာ မလွဲ
ဒါနဲ့ သူငယ်ချင်း မင်း ဘာပင်စိုက်နေလဲ
အေးကွာ ငါ ကဗျာပင်တွေစိုက်နေမိတာပါ
ငြိမ်းချမ်းပါစေ ကမ္ဘာမြေ ..... ။

သော်တာစံ (ကလေး)
07 : 09 : 2016

Comments


  1. Hi there, yeah this piece of writing is actually good and I have learned lot of things from it about blogging. thanks. itunes store login

    ReplyDelete
  2. You had healthy interests along with your dedication is invaluable to us. mortgage payment calculator canada You have to live with this mortgage for that next 35 years of your respective life, so what you ought to focus on is to develop a intend to repay this mortgage in a very way that fits with your daily life. canadian mortgage calculator

    ReplyDelete

Post a Comment