သစ်ခက်သံလွင် ကဗျာ၊ မိုးညဖြူ(တွံတေး)၊ ရာမညမင်းငြိမ်းချမ်းနှင့် မောင်နောင်မွန်တို့၏ကဗျာများ

ကမ္ဘာကြီးနဲ့ ခေတ်ပြေး သစ်ပင်
Pinterest
 ခေတ်ကိုထမ်းပိုးထားတဲ့
လောကဓံဟာ  အမှောင်လား
လောကဓံကို ခါးစောင်းတင်ထားတဲ့
ခေတ်ဟာ အလင်းလား
အလင်းအမှောင်မကွဲပြားခြင်းထဲ
စညွှန်ရာ ငါတို့ ကနေကြ။

ပြန့်ကျဲနေတဲ့ ကွန်ကရစ်ပြားပေါ်မှာ
ဘဝဟာအလျားလိုက် အနံလိုက်
မိုးကောင်းကင်အောက်မှာ
အခေါင်းပေါက်ကြီးတွေနဲ့ကူးခက်နေရ ။

အလုပ်ရှင် အလုပ်သမားဆက်ဆံရေး
လူ့အဖွဲ့အစည်းဟာ ဥပေက္ခာတရားအောက်
အလးထားခြင်းမခံရတာ့ဘူး
တရားမျှတစွာနေချင်တဲ့ကမ္ဘာကြီး
ရေလွှာလျှောစီးရင်း 
စုန်းစုန်းမြုပ်သွားတဲ့ ပစ္စုပ္ပာန်ဟာ
ဝိရောဓိတွေနဲ့အတူ ။

မိုးညဖြူ ( တွံတေး )
 ....
မုဆိုးခုံရုံး
Tate
  ချိုးကူသံလည်းမကြား
နှိုးစက်သံလည်းမကြား
မှိန်ပျပျအလင်းနဲ့ဒီမြို့
အသားစားမုဆိုးတွေ
ခြေရှုပ်နေ။

ဒီဘူတာမှာမဆုံရင်
နောက်တနေရာ
လှမ်းစရာခြေရာထပ်နေတဲ့ဒီမြို့
ဇာတာကောင်းတွေဆောင်ယူဖို့
ကံကြမ္မာက မှောက်လျက်လဲ။

ဝေဒနာအသစ်
မွတ်သိပ်မှုများသလောက်
ခလောက်ဆန်မြည်ကြွေး
မြို့ပြမုဆိုးတွေချောင်းမြောင်းေ

အနာပေါ်အနာဆင့်
ရှုပ်ပွေထွေလီလွန်းတဲ့ဒီမြို့ပြ
တဖြည်းဖြည်းအဟာရနည်းလာ။

ကလေးဆန်ဆန်
ရမယ်ရှာစိတ်ကောက်နေသူအများသား
ဒီမြို့ပြဟာမုဆိုးဖမ်းဖို့
ခုံရုံးတခုသာ ငတ်မွတ်တမ်းတလျက်။

ရာမညမင်းငြိမ်းချမ်း 
...

သူပေးခဲ့တဲ့နောက်ဆုံးဓာတ်ပုံ
Pinterest
 ရှင်သန်မှုနဲ့
သက်ဆိုင်ခြင်းမရှိသော ပန်းချီကားတချပ်
ရင်ဘတ်ထဲကဆွဲထုတ်ပြီး
အလွမ်းဖြေမိုးတွေရွာမယ်ဟန်ပြင်။

ရေစက်ရေပေါက်တွေက
သမုဒ္ဒရာတစင်းဖြစ်လို့
ပဲဆီနှမ်းစေ့တွေက
ဆီတွေပိဿာပေါင်းများစွာဖြစ်လို့။

အလွမ်းတွေကိုစာစီ
လေထုထဲလွှင့်တင်လိုက်တယ်
ပြုံးရယ်ခြင်းမရှိ
ဝမ်းနည်းခြင်းမရှိ
ခံစားချက်မဲ့နေသော
ရုပ်ပုံလွှာတခု
မျက်ဝန်းထဲတော့ မျက်ရည်စို့လာပေါ့ ။   ။

မောင်နောင်မွန်

Comments