သစ်ခက်သံလွင် ကဗျာ၊ မိုးညဖြူ(တွံတေး) နှင့် တေဇလင်း (နည်းပညာတက္ကသိုလ်)တို့၏ကဗျာများ

 
KT#
ပြေးလမ်းထက်က မျှော်စင်

လည်ပတ်နေတဲ့ကမ္ဘာကြီးရဲ့ ပြေးနှုန်းထဲ
ကျွန်တော်ဟာ ကျွန်တော်မဟုတ်ကြောင်း
လောကဓံကပြခဲ့တယ် ။
ရွဲ့စောင်းနေဆဲ သင်္ခါရတရားဟာ
မီးခိုးမှိုင်းတွေလို
ဖုန်းအလိမ်းလိမ်းတက်နေတဲ့ ဦးနှောက်တွေနဲ့ 
ရောင်းကြဝယ်ကြ ခေတ်ဆိုတဲ့မီဒီယာနောက်မှာ
ရိုးသားခြင်းတွေဟာ  ကျေးကျွန်ဖြစ်လို့ ။

အနှောင်အဖွဲ့များတဲ့ ပြေးလမ်းထဲ
နားရည်ဝနေတဲ့ စကားတွေနဲ့အမျှဝေရင်း
အေးစက်စက်အသေကောင်တွေပေါ် ယင်တွေကအုံလိုက်ကျင်းလိုက်
သတ်တမ်းကစားနေတဲ့ သွေးညှီနံ့ဟာ
မြေအောက်ခန်းမှာ အငွေ့ပျံတယ် ။

မိုးညဖြူ  ( တွံတေး )
...

KT#
လူများ

လက်တံသေနေတဲ့နာရီ ………
တစ်ပတ်ပြည့်ပြီးတိုင်းတကြိမ်
ရပ်ဆိုင်းဖို့မေ့ဆေးပေးခံထားရတဲ့
ကမ္ဘာလို
တရွေ့ရွေ့ထဲအလျင်ရဲ့အနှေးပြကွက်ကိုမှ
မျှော်တလင့်လင့်စောင့်စားရတာပုံစံခွက်ပဲ

ပန်းတွေဟာတာဝန်အရကြွေ ………
သံပတ်သေနေတဲ့လိပ်ပြာတောင်ပံကို
လေဟာနယ်ထဲပစ်ချဆန္ဒတွေဖမ်းဆုတ်ရသလို
တငွေ့ငွေ့လိုက်စားနေတဲ့မြင်ကွင်းထဲမှာ
တရွေ့ရွေ့ပြန်လိုက်ပါနေရတာပုံသေနည်းပဲ

ငြိမ်နေတဲ့ဆုံမှတ်ရယ် ………
ဘယ်တော့ရောက်မယ်မသိရ
အသံတိတ်ရှင်သန်လူးလွန့်နေရတဲ့ဘဝလို
တိုတိုလေးကျော်ဖြတ်ရမှာသိပေမယ့်
အလင်းနှစ်ဟာသန်းပေါင်းများစွာ ။။

တေဇလင်း [ နည်းပညာတက္ကသိုလ် ]
...
 

Comments