သစ်ခက်သံလွင် ကဗျာ၊ အောင်မှူးဝေ နှင့် ထက်လူအောင်တို့၏ ကဗျာများ

ဗန်းမော်
pos
ကောင်းတုံခံတပ်ကနေ 
ဧရာဝတီကို အငေး 
ကုန်းဘောင်သမိုင်းဟာ
နောင်ခိုဈေးထဲမှာကာရာအိုကေဆိုတယ်။ 

`တောင်သမန်လယ်စားမောင်ဖေငယ်အား 
ဤမြို့တွင် ကွပ်မျက်ခဲ့သည်´ 
လီရှောအရက်နွေးနွေးထဲ
ဆောင်းကိုဆေးမြစ်တွေနဲ့ရောစိမ်ထားလေတဲ့
သူ့ရဲ့ခွာညိုညတွေကိုလွမ်းတယ်။ ။ 

အောင်မှူးဝေ
 .... 
အရင်အတိုင်းညနေ
pos
  နေရောင်အောက် 
အချုပ်ကားတစီးဖြတ်သန်းပုံက
ငြိမ့်ငြိမ့်ညောင်းညောင်း
ကားနောက်ပိုင်းမှာ ကပ်ပါသွားတဲ့မျက်လုံးတွေ
မိုးစက်တွေလား မျက်ရည်တွေလားမသိ
ကတ္တရာလမ်းပေါ်ကျလာတယ်
လက်နှိပ်စက်သံကြားတယ်
မိုးခြိမ်းသံကြားတယ်
ပင်ပန်းစွာခုန်နေတဲ့ နှလုံးခုန်သံတွေကြားတယ်
ငရဲဘုံ ကောင်းကင်ဘုံ
ကားလမ်းဘေးမှာပွင့်နေတဲ့ပန်းပွင့်လေးတပွင့်
ငြိမ်သက် ကြေကွဲ လွမ်းဆွေး
နေရောက်အောက်
အရာအားပုံမှန်အတိုင်းပြန်ဖြစ်ချိန်
ဆဲဆိုသံတွေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့။။

                              
ထက်လူအောင်        

Comments