သစ်ခက်သံလွင် ကဗျာ၊ မြတ်လှိုင်း၊ မိုးညဖြူ(တွံတေး) နှင့် တေဇလင်း(နည်းပညာတက္ကသိုလ်) တို့၏ ကဗျာများ

Planet the cheese - 티스토리
 ကောင်မလေးရေ
ဘဝကမီးခဏခဏပျက်တော့
အမှောင်ချထားလိုက်ရတယ်
ညထဲဝင်လာတဲ့
ခြေသံဖွဖွကြယ်တွေခိုးယူသွားတာလာ
မျှော်လင့်ခြင်းအသက်ရှူသံတွေပါ ပါသွားခဲ့တယ်။

ပြန်လာမယ့်အချိန်ကို
စောင့်နေရမလား
စိတ်ရှည်မှုဟာ ဖယောင်းတိုင်တတိုင်လို
နောက်ဆုံးအရည်ပျော်သွားပြီး
တံခါးပိတ်လိုက်မိပြီ ဆိုပေမယ့်
မသိစိတ်က ခပ်ဟဟဖွင့်ထားခဲ့မိတယ်
တိုးဝင်လာတဲ့လေသံပါးလျလျလေးကို
စွဲလန်းမှုတွေခပ်ကြီးကြီးနဲ့
မြို့တမြို့ကိုခရီးထွက်သွားသူ ကောင်မလေးရေ။    ။

မြတ်လှိုင်း
 ....
 အိမ်ဝေးငှက်
The Independent
  အတိတ်တွေ ပြန်တူးဆွကြည့်တော့
ဟိုးတုန်းက နာရီတွေက
အလွမ်းတွေအဖြစ် တအိအိကျတယ်
အမေရယ်  ညီမလေးရယ်ရှိရာ အသိုက်အမြုံလေးရဲ့
ဟိုး....အဝေးမှာ
အဖေက အစောကြီး နှုတ်ဆက်သွားတဲ့အိမ်အိုလေးလေ
လောကဓံ အမှောင်ထဲက ဇာတ်ကောင်
မျက်နှာဖုံးစွပ်ထားတဲ့ ပင်လယ်မှာ
ဘဝကို ရေစုန်မျှောတော့
အရုဏ်တက်လိုက် နေညိုလိုက်နဲ့ 
လှိုင်းထန်တဲ့အရပ်မှာ
မှိုင်းခံစက္ကူတွေနဲ့ ဆန်တက်နေရတယ် ။

   မိုးညဖြူ (တွံတေး)
 …
သံသယ
The Curious Traveler's Guide to Route 66 in Metro
 ကိုယ်တိုင်မလွတ်ကင်းနိုင်တဲ့နေ့ …
မှန်ထဲမှာအမှန်တရားကိုပြောင်းပြန်အတည့်
ယုံကြည်လက်ခံလိုက်ရတဲ့အဖြစ်မျိုး
ပူလောင်လွန်းလှချည်ရဲ့ …
ဒီ့ထက်ပူလောင်ခြင်းဟာ ဒီလောက်ပူလောင်မယ်မှန်း
လုံးဝမသိနားမလည်ခဲ့တဲ့အဖြစ်မျိုး
အတွင်းလှိုက်လောင်ကျွမ်းမီးဟာ …
စက္ကန့်အမျှ တစတစပြာကျ ပျောက်ကွယ်လွင့်ပါးမယ့်
လောင်မီးကျတတ် နတ်တို့စက်လို
လောင်စာတွေလို … … … ။။

တေဇလင်း [ နည်းပညာတက္ကသိုလ် ]


Comments