သစ်ခက်သံလွင် ကဗျာ၊ ရာမညမင်းငြိမ်းချမ်း နှင့် တေဇလင်း(နည်းပညာတက္ကသိုလ်) တို့၏ကဗျာများ

 အဆိပ်ထုတ်ထားတဲ့မြွေ
newmexicomercury.com
မြွေတော့မြွေ
ထိရင်ပါးပြင်ထောင်တတ်
ရန်လိုတဲ့ဟန်အမူအယာနဲ့
အဆိပ်ထုတ်ထားတဲ့မြွေ။

ရေပေါ်လျှပ်ပြေး
လေပေါ်ကျွမ်းပစ်
မာန်စွယ်တဖီးဖီးနဲ့
အစွယ်ကိုထုတ်ပြ
အဆိပ်ထုတ်ထားတဲ့မြွေ။

မြွေဆိုးတွေလို
ဟန်ဆောင်သရုပ်ပြ
အလုံးအထည်ကြီးမား
အားနည်းတဲ့သတ္တဝါများကို
ခြောက်လှန့်အနိုင်ယူ
အဆိပ်ထုတ်ထားတဲ့မြွေ။

မြွေတော့မြွေ
ဟန်သာရှိပြီးမာန်မရှိ
အသီးကြီးအဆံချောင်
ဟန်ဆောင်ကောင်းတဲ့မြွေ
မာန်စွယ်ကျိုး
အဆိပ်ထုတ်တားတဲ့မြွေ။

ရာမညမင်းငြိမ်းချမ်း

....
တိမ်တွေ
DecorArtive
 တိမ်တွေဟာ 
အစိုးမရတဲ့ဖွဲ့တည်လွင့်ပါးပျောက်ရှခြင်းမှာ
ဖြစ်ရိုးဖြစ်စဉ်ရှင်သန်ခြင်းနဲ့သေဆုံးခြင်းပဲ

တိမ်တွေဟာ ………
မတော်လောဘမဲ့ကင်းခြင်းမှာ
ရှင်သန်ခြင်းအဓိပ္ပာယ်ကိုဖြစ်တည်
လွင့်ပါး

တိမ်တွေဟာ ………
နှောင်ဖွဲ့မဲ့ကင်းပျောက်ရှခြင်း
မှာ
သေဆုံးခြင်းအဓိပ္ပာယ်ကိုပေါ့ပေါ
့ပါးပါး

တိမ်တွေဟာ ………
တရားတပုဒ်လိုအပြောင်းအလွဲဆန်
ခြင်းထဲ
ရိုးရိုးသားသား ။။

တေဇလင်း [ နည်းပညာတက္ကသိုလ် ]
....

Comments