မေလင်းနောင် - နွေဦးလမ်းဆုံ

Art by Aung Htet

နွေဦးလမ်းဆုံ
မေလင်းနောင်
(သစ်ခက်သံလွင်) ဧပြီ ၂၂၊ ၂၀၂၅

ဟီရိုရှီးမှားနဲ့နာဂါဆာကီလို အဖြစ်မျိုးကို
ခဏခဏတောင်းတမိတယ်
Covid ကာလကို ပြန်မရချင်တော့ဘူး။

အရေးအခင်းတွေကိုပြန်ကြည့်တော့
ပြည်သူက အရေးဆိုတိုင်း
သူတို့က အခင်းဖြစ်ပွား လိုက်ကြတာပဲ။

တချို့က ပြည်တွင်းစစ်ကိုဖွဲမီးတဲ့
ပြည်သူတွေအတွက်တော့ 
ဒီထက်မီးတဲ့ ငရဲမီးတောင် မရှိတော့ဘူး။

ဘေးတွေကလည်း
ဒီလူတွေကို မစာနာခဲ့ပါဘူး
ရေဘေးမီးဘေးလေဘေးမြေငလျင်ဘေးရောဂါဘေး
ဟိုမအိမ်လုံးဘေးအထိပေါ့။

အဆိပ်ကိုနည်းနည်းချင်းစားရသလို
အကုသိုလ်ကို ထီးလိုနန်းလို ယူနေကြသူတွေထဲ
ငါတို့မှာ
ငါတို့ချင်းတောင်တွဲထူဖို့ခက်ခဲ
ဒီပွဲက မြွေမသေတုတ်မကျိုးနဲ့ ကိုယ်ကျိုးနည်းရုံပဲလား။

ငါတို့မှာ ငါတို့မရှိတော့ရင်တောင်
ဒီသမိုင်းကို အမျှမဝေကြနဲ့
ဒီအကိုင်းဟာ ရန်ငါပြတ်ပြီးခဲ့ပြီ သံသရာ ထိ။ ။ ။

Comments