သစ်ခက်သံလွင် ကဗျာ၊ ကိုကျူး ၏ "ငါ တို့  လူ ​ေ တြ စံု ၿပီ လ ာ း "

င ါ တို ့ လူ ​ေ တြ စံု ၿပီ လ ာ း
Saatchi Art
အကျအ​ပေါက်​များတယ်​ အကွဲအပြဲများတယ်​ အမယ်​ဘုတ်​ရဲ့ ချည်​မျှင်​လို​ခေတ်​ကြီး
မင်းကို လှမ်းကြည့်​​တော့ ​သွေးအိုင်​ထဲ လဲကျလို့
ငါ့ဆီ ဆက်​သွယ်​လိုက်​တဲ့ မင်းအသံဟာ တုန်​ရီလှိုက်​​မောလို့
ဓာတ်​ကြိုးတန်း​ပေါ်က ငှက်​က​လေး​တွေက ငါတို့ပဲ
လမ်း​ဘေးမှာထိုး​ဟောင်​​နေတဲ့ ​ခွေး​တွေဟာ ငါတို့ပဲ
မဖြစ်​​သေးတာနဲ့ မဖြစ်​ကြ​သေးတာဘဲ ကွာတယ်
မိုး​တွေ ရွာသလို ငါတို့ငိုကြ
တောင်​​တွေပြိုသလို ငါတို့ ပြိုကြ
အနုပညာ စဉ့်​တီတုံး​ပေါ်က ငါတို့ နှလုံးသား​တွေ ​ဈေးကွက်​ဝင်​မြဲ
လူဆို​ပေမယ့်​ ရိုးရိုးလူမဟုတ်​ခဲ့ဘူး
လူဆို​ပေမယ့်​ လူ့တိရစ္ဆာန်​မဟုတ်​ခဲ့ဘူး
လူဆို​ပေမယ့်​ လူ့​ဘော်​​ကျော့​တွေမဟုတ်​ခဲ့ဘူး
လူဆို​ပေမယ့်​ လူ့အန္ဓ​တွေ မဟုတ်​ခဲ့ဘူး
အ နု ပ ညာ အ ရူးေ တွ
လက်​ညိုး​ငေါက်​ငေါက်​ထိုးပြီး ​ပြောကြ
ငါတို့က အရူး​တွေ
လူမသတ်​ဘူး အဲသည့်​အရူးက
သစ်​ပင်​မခုတ်​ဘူး အဲသည့်​အရူးက
ငို​အောင်​မလုပ်​ဘူး အဲသည့်​အရူးက
ထောင်​ထဲမပို့ဘူး အဲသည့်​အရူးက
အဲသည့်​အရူးက လှပတယ်
အဲသည့်​အရူးက စိမ်းလန်းတယ်
မင်းလည်းရူး ​အေး ငါလည်းရူး
အဲသည့်​အရူး​တွေဟာဘယ်​တုန်းကမှ
လောကရဲ့အလှကိုမဖျက်​စီးခဲ့ဘူး
အဲသည့်​အရူးတွေဟာ ဘယ်​​သောအခါမှ
ငရဲ​ရောက်​ဖို့ ဆုမ​တောင်းခဲ့ဘူး
တစ​နေ့​နေ့ ​တွေ့ကြမယ်
ကြယ်​​တွေလည်းစုံ ​ကောင်းကင်​ဘုံမှာ
တာရာနက္ခတ်​ သက်​တန့်​​ရောင်​စုံ
ရင်​ခုန်​နုသစ်​ ချစ်​စရာအနုပညာအသစ်​​တွေ
ရွတ်​ကြ ဖတ်​ကြ ငြင်းခုန်​ကြ
ကင်းဘတ်​စ​ပေါ် ​ဆေးသားခြယ်​ကြ ​ရေးခြစ်​ကြ
တူရိယာအသံ တူပြိုင်​တီးခတ်​ ဖန်ဆင်းကြမယ်
တကယ်​ပဲ ငါတို့ဟာအရူး​တွေ ။

ကို ကျူး
၂၂ ဇွန်​ ၂၀၁၇

Comments