သစ်ခက်သံလွင်ကဗျာ၊ မိုးခါး၊ မောင်ထိန်လင်း(မြို့သာ) နှင့် ကျော်စွာတို့၏ကဗျာများ

တနင်္ဂနွေမှာရေးတဲ့စာ
Bruce Gray
သီချင်းနဲ့သတင်း တလှည့်စီဖတ်ကြားနေရတဲ့အချိန်
           သံသယစိတ်မှာ
ဘယ်အချိန်ထပေါက်ကွဲမလဲစိုးရိမ်နေမိ
အဓိပ္ပာယ်အားလုံးအမှန်ချည်းပဲလို့မဆိုလိုပါဘူး
သက်တံကိုင်းနဲ့မလွတ်တဲ့ပဲ့တင်သံမှာ
ကာယကံမမြောက်တဲ့အရှူံးတွေအဖြစ်
            မမြင်ချင်၊
ဟန်ဆောင်ထားတဲ့အသားတစ်တွေကို
  ပန်းဓားနဲ့လှီးဖြတ်နေရသမို့
သိမ်မွေ့စိတ်မှာနူးညံမှုတော့လိုတာပေါ့။ ။


 မိုးခါး
….
လမ်းဆုံး
Bruce Gray
သူပြောလူပြောနဲ့
ယောင်တောင်တောင် ယောင်နန
ကိုယ့်ရေတွင်းကိုယ် မျက်နှာမပြဝံ့အောင်
ချိုတယ်ဆိုတဲ့
သူတပါးရေတွင်း
သွား သွားခပ်နေမိတယ်
ထမင်းဖွေးလောက်ပါရဲ့အတွေးနဲ့ပေါ့
အဲလို မျှော်လင့်ချက်လေးနဲ့
ခြံချင်း ကပ်ရက်
ပေအနက်တော့ နည်းနည်းကွာတယ်
ရေကြောတူ မတူ မစဉ်းစားတတ်
သူများပါးစပ်နဲ့
ကောင်းပြီ ကောင်းရက်နဲ့
သွား သွားခပ်နေတာ
အိမ်က ရေတွင်းတောင်
မျက်နှာပျက်နေရဲ့။

မောင်ထိန်လင်း (မြို့သာ)
၉.၆.၂၀၁၇
ညနေ ၆း၅၅


မိုးခါးပါတဲ့ရေ
Bruce Gray
သမိုင်းအတုတွေမျိုးပွားခဲ့ကြတယ်
ဦးနှောက်အတုတွေ
ထွန်ယက်စရာမလိုပဲ
အလေ့ကျထွန်းကားခဲ့ကြ
ဒီမနက်
စည်ပင်တွေ
အင်္ဂါဂြိုလ်မှာ
ရေစီးရေလာကောင်းဖို့မြောင်းတူးကြမယ်ဆိုပဲ
အဖြစ်နည်းပြီးအပျက်များတဲ့
ဒီအဖြစ်အပျက်တွေမှာ
တောခွေးတွေထ ထအူတတ်တဲ့
မြို့လည်ခေါင်မှာ
ခိုလေးတွေအပျံသင်နေတုန်း
ရေဒီယိုသတ္တိကြွနေတဲ့မနက်ခင်းဟာ
ကော်ဖီခွက်ကိုသတင်းဘေးနားချလို့
ဣနြေ္ဒရရ
ဒီတနေ့လုံးမီးပိွုင့်နီမယ်ဆိုတဲ့အကြောင်း
ကတိကြိုးတွေကိုဆွဲတင်းပြီး
ကျားကန်ထားတဲ့ဘဝတွေဟာ
မလိုင်အရေခြုံထားတဲ့နွားနို့ခွက်တွေကို
အာသာငမ်းငမ်း
သပ်သပ်ရပ်ရပ်လျှာတွေသပ်လိုက်ကြတယ်
နိုင်ငံတော်သီချင်းဟာ
ရုပ်ရှင်ရုံထဲ
အလံလွင့်ကောင်းတုန်း
အပွင့်တွေဘားတွေတပ်ထားတဲ့
အဆီရစ်နေတဲ့စာချုပ်တွေနဲ့
တလွှာချင်းချွတ်ချခံရတဲ့
ငါတို့ဇာတိရဲ့ဝတ်ရုံတွေမှာ
ဆန္ဒ တွေကိုင်လာတဲ့
လက်တွေလေထဲအရောက်
ဗုန်းဗုန်းကျလာတဲ့အသက်တွေ
ခမ်းခမ်းနားနား
ရင်သပ်ရှုမောရ
ရေသံသရာလည်နေတုန်း
အောက်ဆီဂျင်သံသရာလည်နေတုန်း
ကာဗွန်တွေသံသရာလည်နေတုန်း
ငါလည်းငါ့ဂြိုဟ်မှာ
ဗားရှင်းမြင့်မရတော့တဲ့
စက်ရုပ်တွေကြား
လူယောင်ဆောင်နေရတုန်း......

ကျော်စွာ



Comments