သစ်ခက်သံလွင်ကဗျာ၊ ထက်လူအောင်၏ "တရားစီရင်ခန်း"

တရားစီရင်ခန်း
fr.pinterest.com
လူသားပတ်နာရီတွေကို မြစ်ကကြည့်မိလိုက်တဲ့အခါ
မြစ်ဟာ ဒီရေအတက်အကျမမှန်တော့ဘူးလို့
ဒီရေတောတွေက စွပ်စွဲ
ကားတွေပေါ်မှာ တိမ်တွေချည်း
လူသားဟာ တိမ်တွေခရီးမှာယာဉ်မောင်း
နေမင်းဟာ မျက်မှန်အမည်းကြီးကိုတပ်
သူ့ကို ယပ်ခတ်ပေးဖို့လူသားတွေကိုစုစည်း
လို့
ရထားပေါ်မှာလည်း ပင်လယ်တွေအပြည့်
နာနေတဲ့ခန္ဓာကိုယ်ကို နှိပ်နယ်ခံဖို့ လူသားရှိရာ မြို့ပြကိုတက်လာ
လူသားဟာေ-ာက်ချိုးမပြေဘူးလို့
မိတ်ကပ်အဖွေးသားနဲ့ပန်းပွင့်တွေ
ကသီချင်းလုပ်ဆို
လူသားကို ဘယ်နေရာထားထားလောင်မီးကျမှာလို့
ကန္တာရထဲက သဲတွေဟာ မျက်နှာထားတင်းတင်းနဲ့ငြင်းဆန်
ဂျင်းဘောင်းဘီဝတ်တောင်တွေဟာ
လူသားအရည်ခွံတီရှပ်ကိုကြို က်သူတွေ
သစ်ပင်တွေသွားတဲ့ဟိုတယ်မှာ
သက်သက်လွတ်ဟင်းလျာတွေချည်းချက်ပြုတ်ရ
လူသားအသားဟာ ခါးတယ်
လူသားကို ကောင်းကင်မှာထားမလား
ရေပြင်မှာထားမလား
လူသားနဲ့ပက်သက်သမျှ သဘာဝတရားဟာစိတ်နာပုံရ
စက်ရုပ်လုပ်ဖို့သာ သူတောင်းဆိုနေ
ဒါကြောင့်
မြေကြီးဟာ မိန်းမပျိုတွေကိုပေါင်းသင်း
စက်ရုပ်တွေကို မွေးဖွားခဲ့တယ်
ကဗျာမရွတ်တတ်တဲ့စက်ရုပ်တွေကြော
င့်
ငှက်ကလေးတွေ အမြဲပျော်ရွှင်နေရ
ပျားပိတုန်းတွေ ကောင်းကင်မှာ ဆော့ကစားလို့ရပေါ့ ။

        ထက်လူအောင်

Comments