သစ်ခက်သံလွင် ကဗျာ၊ အာကာဦး၊ မိုးခါးနှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ

လက်ဖက်ရည်ဆိုင်
Pinterest
ဆေးရောင်မရှိတော့တဲ့စားပွဲတလုံးပေါ်
မှောက်မှားခဲ့တဲ့အတိတ်တွေကိုသွန်ချလိုက်တော့
အကြမ်းပန်းကန်လုံးထဲကရေနွေးပူပူရဲ့အငွေ့လို
ခေတ်ဟာ ထောင်းထောင်းထတယ်။

အမှောင်ခေတ်ထဲကလူငယ်တယောက်နဲ့တူတဲ့
လောင်းကျွမ်းသွားတဲ့ ဆေးလိပ်တွေရဲ့အငွေ့ဟာ
မျောချင်ရာကိုမျောလို့။

ကိုယ့်ကိုကိုယ်ပြန်မြင်နေရတဲ့
ခေတ်ပြိုင်ရုပ်လုံးတွေကြား
ငါတို့ဟာ
တယောက်အသံကို
တယောက်ကအားစိုက်
ဂျင်းထည့်ခံထားရတဲ့သမိုင်းတွေကို
ကြိုးစင်တင်လိုက်ကြတယ်
သမိုင်းသစ်တွေထွန်းလင်းခဲ့ပေါ့။

အာကာဦး
တယောက်တည်း
The Culturium
 စိတ်နဲ့မလွတ်ကင်းတဲ့အကိုင်းအခက်တွေရှင်းလိုက်တော့
ဘာမှမကျန်တော့အောင်လွမ်းမိ
မိသားစုဆိုတာလည်း
အက်ရာထနေတဲ့ကြွေပန်းကန်လေးယုယကိုင်ရသလို
စာရွက်ပေါ်ဖွဲ့စည်းပုံအသစ်ချရေးထားပေမဲ့
ပြင်ရာဖျက်ရာများလာတဲ့ဘဝ
တစ်ယောက်ခေါ်သံတစ်ယောက်ကြားနိုင်ဖို့ ဝေးပ
နှလုံးသားရေးရာတွေမဖော်ပြနိုင်သလို
ချစ်ခြင်းမေတ္တာတရားလည်းစည်းခြားသွားတဲ့အဖြစ်
တိတ်တဆိတ်နဲ့
ဘယ်သူမှမထိပါးတဲ့လမ်းကိုရွေးပြီး
ကြေကြေကွဲကွဲလွတ်မြောက်နိုင်ခဲ့တယ်။      

(ဆရာမောင်ဖီလာ၏*တစ်ယောက်တည်း*ကဗျာခေါင်းစဉ်အားယူ၍ရေးဖွဲ့ခြင်း)
 
မိုးခါး
အောင်နိုင်ရေးဟောတမ်း
Catholic Conclave - blogge
ဟိုဘက်ကမ်း
ရှေ့ဆောင်လော်တွေကလည်း
အောင်မြေနင်းတဲ့တို့အဖွဲ့
အောင်မြင်မှုသရဖူဆောင်
အောင်နိုင်ရေးအလံလွင့်
တရားသောစစ် အောင်မြင်မှာပါ။

ဒီဘက်ကမ်း
ရှေ့ဆောင်လော်တွေကလည်း
တို့နောက်မှာ
တို့မျိုးနွယ်စုတခုလုံး
ချီတက်လာခဲ့
မပြန်လမ်းကိုကြွမြန်းဖို့
အခမဲ့ပို့ပေးမယ် ။

နှစ်ဦးနှစ်ဖက်
ဆဲနည်းပေါင်းစုံ
မာနတံတိုင်းခြား
မင်းတို့အလောင်း မင်းတို့ကောက်ဖို့
ဂုန်နီအိတ် အပိုဆောင်းလာပါ
ခွေးသေသေ ကျီးထိုးထိုး
အသေဆိုးနဲ့သေကြမယ့်ဘဝ
မမြင်ရက်လို့ပါ ။

အပြန်အလှန်စွဲချက်တင်
မဟောင်းတဲ့သံသရာ
စစ်ဧရိယာထဲ
အငတ်ဘေး ရမ္မက်ဘေး အသက်ဘေး
သုံးဖက်နာမြေစာပင်ဘဝ
စာရွက်ပေါ်မှကတိ
အောင်နိုင်ရေးဟောတမ်းအောက်
အနာဂတ်ကျပျောက်ဆဲ ။ ။

ရာမညမင်းငြိမ်းချမ်း

Comments