သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ မောင်ထိန်လင်း(မြို့သာ) ၏ ကဗျာများ

မြစ်
graffuturism.com
ခမျာ
အိပ်
စက်အနားယူခွင့်ရှိပါ့မလာ
နွေမှာ ငြိမ်ငြိမ်သက်သက်
မိုးမှာ လှိုင်
းဂယက်ဟစ်​​ကြွေး
သူ့
သွေးကြောထဲမှာ
လူ့အမှိုက်
တွေ
ပစ္စည်
းအမှိုက်​​တွေ
တိုက်
စားသယ်ယူ မငြီးငြူဘူး
အဆင်
ပြေတဲ့နေရာမှာ
စွန်
့ ...ခွာ ...သွား ...ခဲ့ ...တယ်

မောင်ထိန်လင်း-မြို့သာ
သရဲဖမ်းတဲ့ ည
AliExpress.com
၉ နာရီ
သင်္ကြန်ကာရာအိုကေသံ ရွှေနားပန်ရင်း
ရွာက အိပ်မောကျနေပြီ
အပြင်ဘက်ထွက်ကြည့်တော့
တောကြီးမျက်မည်း
တစ်ယောက်တည်းအားငယ်သလို
အေးမြခြင်းရသ မခံစားရဘူး
ကြယ်မွမွလေးတွေ ကောက်ကြောင်းဆက်
သားလေးမျက်နှာတွေ့ရယုံပဲ
နည်းနည်း ပိုမလာဘူး
ည တိတ်တဆိတ်
ပရိတ်နဲ့ ဖြိုခွင်းကြည့်တယ်
မဖြုံဘူး
ည မှောင်သည်း
ဓာတ်မီးနဲ့ လင်းချင်းကြည့်တယ်
မလုံဘူး
ငယ်ငယ်က ရင်ခုန်စရာပြန်တွေး
ဖော်ဝေးရေ...
ဖော်ဝေးရေ.. ....
နွေးမလာဘူး
ကိုယ့်ကိုကိုယ် အိပ်မွေ့ချ ရင်း
နာရီတွေသာ အိပ်ပျော်ပျော်သွားလေရဲ့
အမြင်ကပ်စရာကောင်းပုံများ
နေ့နဲ့ညမှား မျက်လုံးတွေ
ကလေးငိုသံကြား နားတွေ
အိတ်ထူထူနဲ့ထည့်
ခပ်ဝေးဝေးသွားထားလိုက်မယ်။

မောင်ထိန်လင်း (မြို့သာ)
20.3.15
….
မှော်
artist Khalid Shahin
 လိပ်စာမဲ့ကျွန်းကလေးပေါ်က
မီးပြတိုက်လေးရေ.....
ပုလင်းလွတ်လုံးထဲ
မင့်နာမည်​​ရေးထည့်ပြီး
ဒီအကျနဲ့အတူ
နောက်ပြန်ပစ်ထည့်လိုက်တယ်
ဒီအတက်နဲ့အတူ
မျက်စိတဆုံး ပြန်စာမျှော်နေမယ်

မောင်ထိန်လင်း(မြို့သာ)
၁၆.၃.၂၀၁၇ 
မနက် ၉း၄၆ နာရီ
အားကိုးဖော်
joanmiro.co.uk
 ​ဗလူးခနဲ ပြန်​​ပေါ်လာတော့
စူးစူးဝါးဝါး
လက်ကားယား ခြေကားယားကြီး
ဆွဲမိဆွဲရာ
အားကိုးတကြီး လှမ်းဆွဲမိလိုက်​​တော့
ကောက်ရိုးတမျှင်
ချစ်ဖို့ကောင်းလိုက်တာ သူပါ
ငါနဲ့အတူ 
ဖော်လိုက်လာရှာတယ်

မောင်ထိန်လင်း(မြို့သာ)
၁၅.၃.၂၀၁၇ 
နေ ၂း ၀၁ နာရီ
ဓာတ်ပုံ
www.cityweekend.com
 ဖျတ်...ဖျတ်...ဖျတ်
တချို့အမှတ်တရတွေက
ကြည်နှူးမှုရသပေးစွမ်းနိုင်ကြ
အတိတ်ပြန်ပြောင်း
ဘဝဟောင်းထံ ပြန်ရောက်
နုနယ်ခြင်းအတောင်ပေါက်လာတယ်။
ချပ်...ချပ်...ချပ်
ဓာတ်ပုံမှတ်တမ်းတချို့က
လက်ရှိကာလထိအရေးပါ
သမိုင်းအထောက်အထား၊
ပြစ်မှုထင်ရှားရှိ မရှိ၊
လက်နက်ကိရိယာတခု
အသုံးပြုနိုင်တယ်။
ထက်...ထက်...ထက်
အသက်ဝင်နေတဲ့ ဓာတ်ပုံတွေ
ရင်ခုန်စရာ အနုပညာ
အရသာ ဝေမျှကြ
ပါရမီရှင်ရဲ့စာဂမှာ ဈာန်ဝင်စီးမျော
ဘဝအမောတွေ
ချေဖျက်နိုင်တယ်။
ဖျက်...ဖျက်...ဖျက်
ဒီဓာတ်ပုံတွေ ဖျက်ပစ်လိုက်
အဆွေးကွက် အရူးဇာတ်တွေ
မြင်ရသူ ကူးစက်
အေးဖို့ တစက်မရှိ
ထိမိတိုင်း လောင်မယ့် ငရဲမီး
ဖျက်ဆီးလိုက်မှကောင်းမယ်။

မောင်ထိန်လင်း(မြို့သာ)

Comments