သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တည်ဘွားဦး နှင့် ကိုပွေးတို့၏ ကဗျာ

ပြန်စာ
www.pinterest.com
 ကျနော့်ကို
ဆရာဝန်က ပြောလိုက်သည်
(ချစ်တတ်လို့ အသည်းကြီးသူ)
ကျနော့်မှာ
လေယာဉ်ပျံပုံလေးကို
ခဏ ခဏနှိပ်ထားမိတယ်
ဖုန်းကိုမကိုင်ရဲဘူး
ကျနော့်မှာ
ဖုန်းကိုစက်ပိတ်ထားရတယ်
ကျနော်က
မေတ္တာကြီးတော့ ပို၍ခံစားရကြောင်း
ကျနော်က
မုသားစကားကိုမုန်းတော့
မုသာဝါဒကို ပို၍ မုန်းတီးမိကြောင်း
ယခုလိုပြီးဆုံးခဲ့တာတွေကိုပြန်တွေးမိလေတိုင်း
ဒီတခါလည်း
ဒီကဗျာကို မျက်ရည်တွေနဲ့ ရေးမိပြန်တယ်။

တည်ဘွားဦး

….
တဆတ်ဆတ်ခါ
www.pinterest.com
 ဗာဒံခက်လေးက  အစိမ်းတရွက်
                       အဝါတရွက်
ရွှေငါးလေးတွေ  လည်ပင်းဖက်
နှစ်ကိုယ်တူချစ်သမျှ သီချင်းဟာ ခါးသက်သက်
       
ချစ်စိတ်က ငှက်ကလေးလို ပျံသွားတဲ့အခါ
ရင်ဟာ တဆတ်ဆတ်ခါ
ဝေးဝေးကမြားဟာ အားပါလွန်းတယ်
သူကြိုက်တဲ့သီချင်း ကိုယ်အလွတ်ရနေသလို
မလွမ်းချင်ဘဲ လွမ်းရပုံများ
                                       
ကြွေနေတဲ့ ဗာဒံရွက်ပေါ်
ရွှေငါးလေးဟာ ရင်ကွဲပက်လက်     ။။ ။။ 

ကိုပွေး   
၁၅၀၂၁၇

Comments