သစ်ခက်သံလွင် ကဗျာ၊ ကျော်ျကျော်မြရည်စမ်း နှင့် ရာမည မင်းငြိမ်းချမ်းတို့၏ ကဗျာများ

ဟိုပင်
americanveterancoalition.org
 အစောကြီးတိတ်ဆိတ်သွားတယ်။
ခြံဝင်းတံခါးတွေပိတ်ထာလို့။ ဆိုင်ကယ်အိတ်ဇောသံကြားရ ၊
တဒုန်းဒုန်း ထော်လာဂျီအင်ဂျင်သံမကြားရ။
အသံငြိမ်တော
အတွေးတွေပျံ့ တယ်။
ပျံ့ လွန်းတော့ အကုန်ပျံထွက်ကုန်တာ ဘာမှ ဖမ်းဆုပ်မရလိုက်ဘူး။
ပျံကျသမားတွေ အော်ဟစ်သံမရှိဘူး။

နေ့လည်ခင်း ပျားပန်းခပ်သလောက် ည တိတ်ဆိတ်။

ပျူပျူငှာငှာရှိပေမယ့် ပျာပျာသလဲ မနိုင်ဘူး၊ ဒါမျိုးကြိုက်တယ်။
ပန်းပြားပင်လို ကျင့်စရာမလိုပါဘူး။
သူငယ်ချင်းလာရင်မြို့လေးကို ပန်းချီရေးဖို့ နားချရအုံးမယ်။
တောတွေပြုန်းသွားတဲ့နေရာ သစ်ပင်ခြုံနွယ်လေးတွေ အစားထိုးရေးဖို့လည်း
ပြောကြည့်ရအုံးမယ်။
 ကောင်းကင်ကိုတော့ သူမြင်သလိုဆွဲပေါ့။
လတ်တလောတော့ ပြာတဝက် မဲတဝက်ပဲလေ။
ဆည်းလည်းသံသာနေတာတော့ အခုတောင်
ကြားနေရတယ်။  ။

ကျော်ကျော် မြရည်စမ်း

၂၇၃၁၇
ပုံရိပ်တခုကိုရှာဖွေခြင်း
Absolutearts.com
ငါလိုက်ရှာမိတယ်
သင်္ကြန်ရဲ့အငွေ့အသက်တွေ
မြေပြင်ဆေးမိုးမသွန်း
ပိတောက်ရနံ့လည်းဆွှတ်ပျံ့ခြင်းမရှိ
ဆီကုန်နေတဲ့မီးခွက်တခုလို
တဖြည်းဖြည်း ဆိတ်သုဉ်းလာပေါ့။

 
ယဉ်ကျေးမှုတဲ့လား....
မျက်ဝါးထင်ထင်ကိုယ်ဟန်ပြ
အိပ်ဆောဖြုတ်ယာဉ်များရဲ့မြည်သံ
သရဲသဘက်ပမာလိမ်းခြယ်ထားတဲ့သွင်ပြင်
သရုပ်ပျက်အဝတ်အစားများနဲ့
Beer မော့နေတဲ့ကညာပျို
မြေပြင်မှာပြန့်ကျဲနေတဲ့ SPY ပုလင်းဆိုဒ်စုံ
အတိုအပြတ်ရမ္မက်နှိုးဆွနေဟန်
ရင်ဘောင်တန်းအသိအမှား
ကျားတို့ရဲ့စိတ်အဆာကိုဖိတ်ခေါ်နေသယောင်
ဒါဟာ ပြောင်းလဲလာတဲ့ခေတ်ကြောင့်လား
ဒါမှမဟုတ်....
စည်းကမ်းမဲ့ဆဲခေတ်ဟောင်းရဲ့ပုံစံခွက်များလား
မရင့်ကျက်သေးတဲ့ရေခဲရေတခွက်ဟာ
အရောင်ခြားများဝင်ရောက်ဆေးဆိုးနေတုန်း
 
ငါတောင့်တမှုက
နှစ်မြတ်တခုရဲ့အစမှာ
ငါတို့ဟာ
စည်းကမ်းအလှကိုယ်စီဖြင့်
ရိုးရာအပေါ် သစ္စာသိစွာ ထိန်းသိမ်းကြစတမ်း။ ။

ရာမညမင်းငြိမ်းချမ်


Comments