သစ်ခက်သံလွင် ကဗျာရှည် ၊ သုအိုင်စံ ရဲ့ "ဂစ်တာတီးတတ်သလား ( သို့မဟုတ် ) ၄ ချောင်းနဲ့ ၆ ကြိုးကို တီး , E G A A G e ဆိုတဲ့ key နဲ့ …. "

ဂစ်တာတီးတတ်သလား
( သို့မဟုတ် )
၎ ချောင်းနဲ့  ၆ ကြိုးကို တီး
 E G A A G e ဆိုတဲ့ key နဲ့ ….
Mayhem & Muse


(လက်ကွက်)
တွေ့တယ်မဟုတ်လား
လက်ခလယ် မရှိဘူး
ခင်ဗျားကို မFUCK ယူ နိုင်ဘူးပေါ့
ကျနော် ယဉ်ကျေးသလား
ကျနော်က Trash Metal ဂစ်တာသမားပါ
ခင်ဗျား ဂစ်တာက ကြိုး အားလုံးမညီတော့
ဘယ်သူတွေကမှ ဆွဲတီးလို့မရဘူးပေါ့
ဘယ်သူတွေနဲ့မှ တွဲ တီးလို့ မရဘူးပေါ့
ဒီမှာ...
လူဆိုတာ E A D G B e ဗျ
ခင်ဗျားက ဂီတမှ တကယ် ဟုတ်ရဲ့လား
(ဂစ်တာသံ)
ဟား ဟား ဟား ဟား
ခင်ဗျား ဘယ်လက်ပြတ်ကြီးက
ဂစ်တာမတီးဘူးလို့ ပြောနေတယ်လေ
ဒီလိုပဲ နားလည်ရ၊ ဒီလိုပဲ နားလည်ကြတာပေါ့
သမားရိုးကျရဲ့အဘိဓမ္မာနဲ့ အမှန်တရားပြုခဲ့
တကယ် အစိုးမရတဲ့ အသိသညာနဲ့ ဉာဏ်အားစုခဲ့
ကျန်တဲ့တခြားတခုရဲ့အတွေးတရားကိုလည်း
မလေးစား မလေ့လာတတ်
မမှန်တဲ့ မမှားမှုရဲ့အရေးများကိုလည်း
ဘေးထား မေ့လာကြမယ်
အဲဒီတော့…
ခင်ဗျားက ဘဝကို ဂစ်တာတီးပြလိုက်တာပဲ မဟုတ်လား
ဒီလိုပါပဲဗျာ
ကျနော့်ဂစ်တာဟာ
ကျနော့်ရင်ခုန်သံနဲ့ key ညှိထားတာ
အများမှန်လူ့သီအိုရီဟာ
ခင်ဗျားပြောသလို E A D G B e မဟုတ်လား
ကျနော့်ရင်ခုန်သံက E G A=A G e ဗျာ
ဓမ္မကိုလည်း A G E သံနဲ့ ညီမျှထွက်တယ်
အဓမ္မကိုလည်း A G e သံနဲ့ ညီမျှထွက်တယ်
၆ ကြိုးထဲမှာ ဓမ္မရော အဓမ္မရော ရှိနေတာဟာ ဂစ်တာပဲပေါ့
အဲဒါနဲ့ ဘဝကို ကျနော် ဂစ်တာတီးနေခဲ့တာလေ
ကဲ ခင်ဗျား ဘာသီချင်းတွေ နားထောင်ချင်လဲ..ပြော
(လက်ကွက်)
KANSAS ရဲ့ DUST IN THE WIND တီးဗျာ
ဒဿ        နကောင်းကင်မှာ
ဒီသီချင်းထက် ပျောက်ဆုံးတာ ဘယ်တရားမှ မရှိဘူး
ကျနော့်ဂီတတခုလုံး
အဲဒီ SOLO ထဲ ကူးခပ်ရင်း ရူးအ ခဲ့
ကျနော့်ဒဿ       နတခုလုံး
အဲဒီ LYRIC ထဲ တွေးခေါ်ရင်း ဘေးချော်ခဲ့
အချိန်ကာလတရားရဲ့ အနတ္တအရာကို
ကျိန်စာခတ်ထားတဲ့ ဒဿ       နဗလာပဲ
အဇ္ဈအတ္တနယ် အလွှာခန်းထဲ စွဲနေ၏
တထစ်ချ- သတ်မှတ်- ဘယ်မှာမှန်းလည်း မသိစွာ
(ဂစ်တာသံ)
သိပ်ရတာပေါ့ဗျာ..ဒီသီချင်းဟာ
ဘာ keyနဲ့ တီးတီး၊ ဘာစကားနဲ့ ရေးရေး၊
ဘယ်သူပဲ ဆိုဆို၊ ဘယ်အဖွဲ့နဲ့ပဲ တီးခတ်တီးခတ်၊
ကျောရိုးဒဿ       နက တသံတည်းရတယ်
(ဖျတ်ခနဲ) တဲ့
(ဖျတ်ခနဲ)
(ဖျတ်ခနဲ)
(ဖျတ်ခနဲ) ဆိုတဲ့ အတိုဆုံး သြဂါသလောကဓမ္မသံစဉ်ပေါ့
ထားလိုက်ပါတော့
အခု ခင်ဗျားတီးဗျာ
HOTEL CALIFORNIA တီးပါ
(လက်ကွက်)
ဟာဗျာ...ခင်ဗျားဟာကလည်း
ကျနော်က NEVERMORE လို Power Metal Guitar သမားဗျ
ခင်ဗျားရဲ့ေ -ာက်ရေးမပါတဲ့ နု/ ချွဲ/ နွဲ့/ချိုတွေ မတီးတတ်ဘူး
ဘဝမှာ တီးတတ်လည်း မတီးဘူးဗျာ၊
ဘဝမှာ အမြဲတီးလာတာလည်း ဟဲဗီးပဲ၊
ပွဲပြီး ကဗျာဟာလည်း ဟဲဗီးပဲ
ဒီအတွက် ဘယ်သူနဲ့မှ မတွဲတီးရရင်လည်းနေ- ရတာပေါ့
ဒီတစ်သက် ကယ်သူမဲ့ကြ ငရဲမီးကျရင်လည်း-သေကြတာပေါ့
ဘဝဆိုတာ လေထက် =ပေါ့နေတဲ့ ဗလာပါ
(ဂစ်တာသံ)
အင်း....ခက်တာပဲဗျာ
သံသရာရှည်သီချင်းတေးသွားအစစ်ရဲ့ဂီတထဲမှာ
ပြန်လာသေရင်းမွေးဖွားဖြစ်ပျက်တည်ကြမြဲ သီချင်းဆိုလို့
 HOTEL CALIFORNIA ဟာ တီးခတ်လို့အကောင်းဆုံး
HOTEL CALIFORNIA ဟာ သီဆိုလို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ ခံစားလို့ အကောင်းဆုံး
အဲ...စောက်သုံးမကျ နားလည်ရခက်တဲ့ စာသားတွေကလွဲရင်ပေါ့
ဘဝအဘိဓမ္မာအဓိပ္ပာယ်တရားကတော့
အဲဒီ စာသားလို နားလည်ရခက် အသုံးမကျ နေနိုင်ပေမဲ့
လူဟာ အဲဒီ ဂီတကို တီးတတ်နေရမှာပဲ
အဲဒီဓမ္မလို အပြီးသတ်သေကြတာလည်း အဲဒီလိုပဲပေါ့
(ဘာနားမလည် ညာနားမလည်နဲ့) တတ်သလို တီးခဲ့မှာပဲ
ခင်ဗျားနဲ့ကျနော် မတွဲတီးမိကြရင်လည်း
ဖြစ်တည်မှုဂီတဘဝက တိတ်ဆိတ်နေမှာပဲပေါ့
အဲဒါကိုတော့ ဂီတလို့ သတ်မှတ်အတည်ပြုလို့ ရပါ့မလား
သံသရာမဆုံး ဆက်ငြင်းသွားအုံးစို့။ ။

သုအိုင်စံ
၂၇-၀၂-၂၀၁၄


Comments