ပုဇင်းရင်ကွဲများ
DavidRickerdArt.com |
စိတ်ထိန်းကြိုးက
ပြေထွက်လာတဲ့မောဟ
အာရုံကိုထိုးဆိတ်မွှေနှောက်လို့
အစွဲအလန်းတို့ရဲ့ ဆုံမှတ်
တပ်မက်မှုထဲ
ရမ္မက်တွေ
ဖွေးဖွေးလှုပ်လို့။
မဖြစ်သေးတာတွေရှိပေမယ့်
မဖြစ်နိုင်တာတွေ ရှိနေတယ်
ကမ္ဘာကျော်တွေက
ကမ္ဘာကျော်ဓာတ်ခံနဲ့
ဥပဓိရုပ်ကို ထိန်းထားတယ်။
ဗန်ဂိုးရဲ့နေကြာပန်း
ပန်းချီကားမျက်နှာကျက်မှာ
ကျန်ခဲ့တဲ့နားရွက်တဖက်
ချိတ်ထားလို့မရဘူးလား
ဂေါ်ဂင်က မှော်ရုံတောထဲ ဝံပုလွေတွေ
တောချောက်ခံရ
တဟီတီကျွန်းပေါ်
ဒုက္ခပုံကြီးပစ်ချ
စိတ်ထန်ရုပ်ကြမ်းခေတ်ကြီးတလျှောက်လုံး
အလင်္ကာတွေ
ကွယ်ထားဝှက်ထားရ။
လောကဓံကျဉ်စက်
အင်ဂျင်ခုတ်မောင်းနေပုံက
ရှင်သန်မှုကို
ကံကြမ္မာခွေးသွားစိတ်တွေ တရိရိကိုက်ဖြတ်နေသလို
ကမ္ဘာ့တနေရာက
မထင်မရှားကဗျာဆရာတယောက်
ရောင်းမထွက်တဲ့
ကဗျာစာအုပ်တွေပုံပြီး
ဘိလပ်မြေဖျော်ချ ဂူသွင်းသင်္ဂြိုဟ်လိုက်တော့မှ
ဟိုးလေးတကျော်
ဖြစ်သွားတယ်။
စကြဝဠာ အစနဲ့အဆုံးကို
ဂိမ်းကစား
စတီဖင်ဟော့ကင်းက
အနုပညာအကြောင်း
ဘာမှမရှင်းပြခဲ့ဘူး။ ။
နေစိမ့်
…
လူသတ်သမား
the prodigious century |
ဘုရားကျောင်းခေါင်မိုးနဲ့
ကျမ်းစာကြားက
ခိုတွေ ။
ကျမ်းစာကြားက
ခိုတွေ ။
ရွှေသင်္ကန်း၊ ထုံးသင်္ကန်းနဲ့
ခေါင်းလောင်းသံထဲ
ပိန်းပိတ်အောင်မိထားတဲ့
စက်ဝိုင်းခြမ်း ။
ခေါင်းလောင်းသံထဲ
ပိန်းပိတ်အောင်မိထားတဲ့
စက်ဝိုင်းခြမ်း ။
ဒီကျောက်တုံးကို
ဦးခေါင်းနဲ့ထိမှဆိုတဲ့
ကားရဲ့အသံကို
နားမရှိတဲ့လမ်းနဲ့
အရပ်မျက်နှာဆီဦးတိုက်ခဲ့ ။
ဦးခေါင်းနဲ့ထိမှဆိုတဲ့
ကားရဲ့အသံကို
နားမရှိတဲ့လမ်းနဲ့
အရပ်မျက်နှာဆီဦးတိုက်ခဲ့ ။
ဖန်တီးသူနဲ့ပေါင်းစည်းဖို့
ဂင်္ဂါမြစ်ကြောမှာ
ရေချိုးသန့်စင်ခဲ့တာလည်း
အကြိမ်ကြိမ် ။
ဂင်္ဂါမြစ်ကြောမှာ
ရေချိုးသန့်စင်ခဲ့တာလည်း
အကြိမ်ကြိမ် ။
ဒီအသက်ကို၊ နှမျောတော့လည်း
ဒီစာတွေပဲ
ဖတ်မှတ်ရဦးမှာပေါ့ ။
ဒီစာတွေပဲ
ဖတ်မှတ်ရဦးမှာပေါ့ ။
အသက်ဘယ်လိုထွက်လဲသိဖို့
စမ်းသတ်ချက်လိုတယ်
အသေခံဗုံးခွဲသူရဲ့အတွေးနဲ့
ကိုယ့်နားထင်ကိုတေ့ထားတဲ့အမြင်ကို
ဆက်စပ်လို့မရနိုင်ဘူး ။
စမ်းသတ်ချက်လိုတယ်
အသေခံဗုံးခွဲသူရဲ့အတွေးနဲ့
ကိုယ့်နားထင်ကိုတေ့ထားတဲ့အမြင်ကို
ဆက်စပ်လို့မရနိုင်ဘူး ။
အသက်နှစ်ထပ်နဲ့ဆောက်ထားတဲ့
ဘေးမကင်းတဲ့အရပ်ဆီ
ဦးတည်ချက်ထားပြီး
လှုပ်ရှားဆောင်ရွက်နေပါတယ် ။
ဘေးမကင်းတဲ့အရပ်ဆီ
ဦးတည်ချက်ထားပြီး
လှုပ်ရှားဆောင်ရွက်နေပါတယ် ။
မင်းငြိမ်းအေး
…
ထွန်စက်
www.artvalue.com |
သန်မာဖွင့်ထွားတဲ့
အသီးတွေသီးဖို့
မာကျစ်ကျစ်မြေလွှာကို
ငယ်သံပါအောင်
လှန်လှန်ထုတ်ရတယ်
ခေါင်းတခုလုံး ပူလောင်လို့။
အသီးတွေသီးဖို့
မာကျစ်ကျစ်မြေလွှာကို
ငယ်သံပါအောင်
လှန်လှန်ထုတ်ရတယ်
ခေါင်းတခုလုံး ပူလောင်လို့။
အာကာဦး
Comments
Post a Comment