သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ နေစိမ့် ၏ ကဗျာများ

အငြှိုး
Smoke Gets in Your Eyes - WordPress.com
ဖြုတ်တကောင်
ဖတ်လက်စကဗျာပေါ်ပြတ်ကျ
ဖတ်လက်စကဗျာနဲ့ပဲ ဖိသတ်လိုက်တယ်
အိမ်မြောင်က ရန်လိုတဲ့အကြည့်နဲ့
နေရာကမရွေ့ဘူးကဗျာရဲ့အဓိပ္ပာယ်က
တညလုံးတစစ်စစ် ကိုက်ခဲနေတော့တယ်။ ။

နေစိမ့်
လက်သည်
Free Keyword suggestion tool
အငွေ့လေးဟတ်လိုက်ရုံနဲ့တင်
အသက်ဓာတ်စုံလုးံကန်းသွားနိုင်တယ်ဆိုတာ
ခင်ဗျားကြားဖူးမှာမဟုတ်သေးဘူး
အသံကြားတာနဲ့
အိုဇုန်းလွှာ အပြင်ဘက်လွင့်ထွက်သွားမှာ
ခင်ဗျားကို ကိုယ်ထိလက်ရောက်ပြမယ်
အီဖယ်မျှော်စင်ကြီးချက်ချင်းလက်ငင်း
ကျွန်တော့်ပန်းခြံထဲ မ ရွှေ့လို့မရဘူးဆိုတာ
မော်ရင်ဟို ပြောသလိုကြိုသိထားသင့်တယ်
အဖြူအမည်းဘိုင်စကုတ်
စိတ်ပြေလက်ပျောက် ကြည့်ချင်ရင်တော့
ပထမကမ္ဘာစစ်ပွဲတွေရှိရာ
လမ်းညွှန်ပုရပိုက်ခဏငှားပေးပါ့မယ်
လုံခြုံရေးအရစိတ်ချလက်ချဖြစ်ပြီလို့ ထင်ရတဲ့
ဗုံးခိုကျင်းအောက်မှာ
မြေမြှူပ်မိုင်းတွေထောင်ထားတာခင်ဗျားမှမသိဘဲ
စနက်တံတွေကခင်ဗျားလက်နဲ့ ကိုယ်တိုင်
ဖြုတ်ရမှာ …………။

နေစိမ့်
မင်္ဂလာညစာစားပွဲ
newdavismuseum.blogspot.com
ညတွေကိုသိမ်းပိုက်ခံလိုက်ရ
မက်စရာအိပ်မက်တွေချောက်ချားလို့ 
ငါ့အတွေးဟာ ငါ့ခေါင်းထဲမှာမရှိဘူး
ငါ့အလောင်းဟာ ဘိသိတ်ဆရာရဲ့စကားကိုအလွတ်ရွတ်ပြနေတယ်
သတို့သားနဲ့ သတို့သမီးက
ညတာရှည်လွန်းတယ်လို့ 
ညည်းညူနေကြတယ်။

နေစိမ့်
နိုင်ငံရေး ဒေဝါလီ ဗိုင်းရပ်စ်
Exhibitions - Galería Elvira González,
 ရာဇဝင်တွေရှိခဲ့တယ်
နန်းစွန့် ပြေးရတော့ပြသာဒ်ကိုမီးမြှိုက်ခဲ့
ခြေကုပ်စခန်းကိုလွှတ်ချခဲ့ရတော့မြေမြှုပ်မိုင်းတွေထောင်ခဲ့
ကျီးကန်းတွေ အာ အာ အာ
အမျိုးသားရေးဝါဒထူထူအလံ
မီးကျိုးမောင်းပျက်ဆန့် ကျင်ရေးမျက်နှာဖုံး
ယုံကြည်မှုအရွဲ့အစောင်း
သက်တမ်းလွန်အရေကြိုသံချေးအထပ်ထပ်
ပတ်စာခွာဖျာလိပ်လို့ တောင်မရ
ကြွပ်ကြွပ်အိတ်အပေါက်အပြဲများ
ကင်းမလက်မည်းကြီးရဲ့ကျော့ကွင်း
အဖြူအမည်းအမှန်အမှားမသိ
စက်မှုဇုန်ထုတ်ပစ္စည်းတွေမှာဥနှောက်အပိုမပါ
ဝံပုလွေရဲ့စားကြွင်းစားကျန်အရိုးအရင်းမှာ
ဝဲနေတဲ့အနံ့ အရသာခံ
လျက်ပြီးရင်းလျက် သနားစဖွယ်မြေခွေးများ
စည်သံမကြားရရင်ရပြီ ပတ်မကြီးဘယ်လိုကွဲကွဲ
စုန်းတောက်တော့ရွာနာ
တရွာလုံးပြာကျချင်ကျ
ကျီကိုမီးရှို့လိုက်ပြီ
တိုးတိုးတိတ်တိတ်
အလောင်းကိုအသက်သွင်းအတတ်သင်
အကန့်အသတ်ဖြင့်သာ…

နေစိမ့်
၂၀၁၆ ၉ ၂၇
[မနက် ၀၀း၂၀]
တွေးသူ
Pinterest
ငါတွေးနေတာ  ငါတို့တွေးပြီးသား
ငါတို့တွေးပြီးသားတွေ ငါတွေးနေတာ
တွေးပြီးရင်း တွေးနေတာ
ငါဘာတွေတွေးနေပါလိမ့်။ ။

နေစိမ့်
(မွေးနေ့ မှာရေးဖြစ်တဲ့ကဗျာ)

Comments