သစ်ခက်သံလွင် အက်ဆေး၊ နိုင်ဝင်းသီရဲ့ "ခုနှစ်လွှာ"



 ခုနှစ်လွှာ

နိုင်  ဝင်း  သီ

ရောက်ကာစက တိုက်ခတ်နေတဲ့လေနဲ့အတူ တိမ်တွေ တိုးရှဲဝင်လာမလားထင်မှတ်ရ။  
တကြိမ်တခါမှ မရောက်ခဲ့ဖူးသော အမြင့်။
မြင့်တော့လည်းဘုရားသခင်နဲ့ ပိုနီးသွားတာပေါ့ကွာ။ တနေတနေ့ အောက်ကို ဘယ်နှစ်ကြိမ် လောက်ဆင်းဖြစ်သလဲ။ ညှပ်ကလေးတခု ချည်ထားတဲ့ကြိုးတချောင်းဟာ
ပြင်ပလောကနဲ့ ဆက်သွယ်ထားတာပေါ့။
daily eleven လည်းအဲဒီကတက်လာတာပဲ။ ရေသန့်ဘူးလည်း အဲဒီက တက်လာတာပဲ။
တနင်္လာနေ့ဆို အိုလံပစ်ပေါ့။ ပျော်ရွှင်စရာကောင်းလား၊ မကောင်းဘူးလား ကိုယ်တွေလည်း သိပ်ပြီးမသိတော့။ တစုံတခုကို အဖော်လုပ်ပြီး နေလာခဲ့လိုက်တာ ကာလအတော်ကြာမြင့်ခဲ့ပြီပေါ့။
နေဦး။ 


ဂွာဒီယိုလာတယောက်ရော မန်စီတီးမှာ အထိုင်ကျရဲ့လား။ တခါတခါမှာတော့  carlos
santana ရဲ့Black magic wo


အသည်းဟာ တနှစ်လောက်ဆက်သောက်ရင် အန္တရာယ်ပေးတော့မှာ ကိုယ့်လူ။ ဘာပဲပြောပြော အမေ့အိမ်အက်ဆေးများကို ဆိုင်တွေပေါ်မှာ မတွေ့ရတော့ဘူး။ ကိုစိုးရိမ်နဲ့ မတွေ့တာတောင် ကြာလှပေါ့။

အောင်ဇေယျအိမ်ရာကိုခင်ဗျားရောက်ဖူးတယ်မို့လား။

အနည်းဆုံးတနှစ်တကြိမ်လောက်တော့ ဆေးစစ်သင့်တာပေါ့ငါ့ကောင်ရာ။
ဟုတ်ပါပြီကွာ တို့ဘဝတို့ကမ္ဘာထဲက ကောင်ကြီးဂျိုးကို သတိရနေတယ်ဆိုလို့။
တခါလာလည်း ဗိုလ်အောင်ဒင်နဲ့မမြဝင်း။ တခါလာလည်း မမြဝင်းနဲ့ ဗိုလ်အောင်ဒင်။
ကလင့်အိစ်ဝုဒ်လို မြင်းကိုတက်စီးချင်စီးမယ်။ လူလူချင်း ဘယ်တော့မှ မစီးဘူးကွ။
မူးရင်လည်း အေးဆေးနေ သားရီးရာ။ အရေးအဖတ်အတတ်ပညာ အမြဲပဲတို့လေ့လာ။


ကိုသိန်းတန်ရေ စိုးသင်္ဘောပေါ်လိုက်ခဲ့မယ်နော်။ ဝါဇီ၊ ရွှေကြည်အေး၊ လေထန်ကုန်း၊
လပြည့်ဝန်း။ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် မိုးတကြိမ်နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်ရှင်။
မယ်တော်စခန်းကို တခေါက်လောက် သွားကြည့်ကြမယ်လေ။ မခိုင်ရဲ့မေးဖျားပေါ်က မှဲ့
စိမ်းလေးကို ချစ်တယ်။ မိုးကုတ်ဆရာတော်ဘုရားရဲ့တရားခွေကိုနာကြဦးမလား။ အသေမဦးခင် ဉာဏ်ဦးအောင်။ 


ရူးတာကတော့ရူးပေါ့ကွာ။ ထမင်းလွတ်တော့ မရူးမိစေနဲ့ပေါ့။

လာမယ့် လေးဆယ့်ရှစ်နာရီအတွင်း အခါမဲ့မိုးတွေရွာဦးမယ်လို့ လိုင်းပေါ်မှာ ဖတ်လိုက်ရတယ်။ ရူးနှမ်းနေတဲ့ အရေးအသားကို နက်ဖန်မှာ ဆက်ရေး / ရူးပြဦးမယ်။


                                နိုင်    ဝင်း   သီ
                                 ၆. ၁၂.   ၂၀၁၆
                                 ည ၁၀း၀၅ နာရီ

Comments