တနေ့လုံး
ငါးကင်တွေနဲ့ကိုယ့်မှာ
မပျော်ရဘူး။
မြင်သာမြင်ရ မကြင်ရ
မီးမွှေးနေတုန်း
ဂြိုဟ်မွှေပြီ။
ငကြောင်က
ငါးကင်ကို လာလာချောင်းနေတယ်။
ကြောင်တွေက
ကြောင်တောင်တောင်မို့
ငါးတွေက
စနေနေ့ကြီးကိုကင်ပြီး
ပါတီပွဲပြုလုပ်ကျင်းပကြတယ်။
ဒီတနေ့လုံး
ငါ့ငါးကင်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ။
တည်ဘွားဦး
…
အစိမ်းရောင်နေ့စွဲမှတ်တမ်း
artist Khalid Shahin |
လျှပ်စီးလက်သလို
ကြည်နူးခဲ့ရမှုများ
အရည်ပျော်လွယ်တဲ့နှင်းခဲလို
ပျော်ရွှင်ခဲ့ရမှုများ
အလင်းမြစ်လို တောက်ပစီးဆင်းမှုများ
စိတ်ကူးလေလွင့် အိပ်မက်များ
အမှည့်လွန်သစ်သီးလို မြိုသိပ်ခဲ့ရမှုများ
ပေါက်ကွဲလွယ်တဲ့ အသံတိတ်စကားလုံးများ
မြေမြှုပ်မိုင်းလို လျှို့ဝှက်ခဲ့မှုများ
ချောကလက်လို လွဲချော်မှုများ
ရွေ့လျားနေတဲ့ အလိုမကျမှုများ
ခန်းဆီးစနောက်ကွယ်က ရှိုက်သံများ
ကာဗွန်ဒိုင်အောက်ဆိုဒ်များ လာတဲ့
ခံစားချက်များ
လည်နေတဲ့ အတ္တစက်ဝိုင်းများ
ငြိမ်းသတ်မနိုင်တဲ့တောမီးလို
မောဟများ
ဗို့အားများလာတဲ့ ဒေါသများ
သံချေးတက်လာတဲ့ ယုံကြည်မှုများ
အကြွေစေ့လေးလို ဘဝထဲမှာ
ခေါင်းနဲ့ပန်း ကပ်လျက်ဆိုပေမယ့်
လားရာမတူလို့ မနီးစပ်ခဲ့ကြတဲ့အခါ
တို့တွေ...
အလင်းနှစ် ၃၄မိုင်လောက်ဝေးခဲ့ကြရပြီ။
အောင်သန့်(တံတားဦး)
အရည်ပျော်လွယ်တဲ့နှင်းခဲလို
အလင်းမြစ်လို တောက်ပစီးဆင်းမှုများ
စိတ်ကူးလေလွင့် အိပ်မက်များ
အမှည့်လွန်သစ်သီးလို မြိုသိပ်ခဲ့ရမှုများ
ပေါက်ကွဲလွယ်တဲ့ အသံတိတ်စကားလုံးများ
မြေမြှုပ်မိုင်းလို လျှို့ဝှက်ခဲ့မှုများ
ချောကလက်လို လွဲချော်မှုများ
ရွေ့လျားနေတဲ့ အလိုမကျမှုများ
ခန်းဆီးစနောက်ကွယ်က ရှိုက်သံများ
ကာဗွန်ဒိုင်အောက်ဆိုဒ်များ
လည်နေတဲ့ အတ္တစက်ဝိုင်းများ
ငြိမ်းသတ်မနိုင်တဲ့တောမီးလို
ဗို့အားများလာတဲ့ ဒေါသများ
သံချေးတက်လာတဲ့ ယုံကြည်မှုများ
အကြွေစေ့လေးလို ဘဝထဲမှာ
ခေါင်းနဲ့ပန်း ကပ်လျက်ဆိုပေမယ့်
လားရာမတူလို့ မနီးစပ်ခဲ့ကြတဲ့အခါ
တို့တွေ...
အလင်းနှစ် ၃၄မိုင်လောက်ဝေးခဲ့ကြရပြီ။
အောင်သန့်(တံတားဦး)
…
ဘဲကလေး(၈)
AliExpress.com |
ကျနေကျနှင်းထဲ မင်း
မပါတာလဲ ငရဲပါပဲ
စိတ်က သံမှိုလို စွဲတယ်
မင်း စကားက နှလုံးသားကို ခွဲတယ်
မင်း စကားက နှလုံးသားကို ခွဲတယ်
'မချစ်နဲ့' လို့
ဟောတဲ့တရားကို ငါ မချစ်ဘူး
'မချစ်နဲ့'လို့ ပြောတဲ့မင်းကို ငါ ချစ်တယ်
'မချစ်နဲ့'လို့ ပြောတဲ့မင်းကို ငါ ချစ်တယ်
ပန်းလေးတွေ ပွင့်လိုက်တာ
ဝဋ်ရှိသရွှေ့ မွှေးပါစေ
ဝဋ်ရှိသရွှေ့ မွှေးပါစေ
ကြွေနေတဲ့ ရနံ့ထဲ မင်းရယ်
ငါရယ် ။ ။ ။
ကိုပွေး
၂၅ .၁၁ .၁၆
Comments
Post a Comment