လတ်ဆတ်တုန်း
တပြင်ပြင် တသသ ခင်းလို့။
လေသလပ်လိုက် နေလောင်လိုက်နဲ့
ကြာတော့ …ရောင်းပန်းမလှ
(အပေါ်အရေခွံက ရှုံ့တွ/အတွင်းက ပျော့အိ)
အဲဒီမှာ ဗန်းတင်ခံဘဝက လျောကျ
သုံးမရတော့တဲ့ အုပ်မှည့်သစ်သီးတွေ
အမှိုက်တောင်းထဲထည့် တရွတ်တိုက်ဆွဲသွားကြ
စွတ်ကြောင်းရာသာ ကျန်ခဲ့။
လေသလပ်လိုက် နေလောင်လိုက်နဲ့
ကြာတော့ …ရောင်းပန်းမလှ
(အပေါ်အရေခွံက ရှုံ့တွ/အတွင်းက ပျော့အိ)
အဲဒီမှာ ဗန်းတင်ခံဘဝက လျောကျ
သုံးမရတော့တဲ့ အုပ်မှည့်သစ်သီးတွေ
အမှိုက်တောင်းထဲထည့် တရွတ်တိုက်ဆွဲသွားကြ
စွတ်ကြောင်းရာသာ ကျန်ခဲ့။
ရန်နည်
…
…
နှစ်ပေါင်းငါးဆယ်ကျော်
Swarez |
ငါ့အဖြစ်က ငါစင်စစ်ဇာတ်ရုပ်ကို
ငါကိုယ်တိုင် သရုပ်မဆောင်ခဲ့ရဘူး။
ရန်နည်
…
…
ပိုကီမွန်မုဆိုး
လမ်းလျှောက်ရင်းလည်း ကစားလို့
ကန်ပတ်လမ်းအတိုင်းလည်း ကစားလို့
အဖော်ပါလာတာကိုလည်း မေ့လို့
ဘဝအမောတွေကိုလည်းမေ့လို့
ဟမ်းဖုန်းနဲ့ Pokemon Go Game ကစားနေတာလေ
ခုန်ဆွ ခုန်ဆွနဲ့ အဖမ်းရခက်တဲ့အကောင်လေးတွေ
ကိုယ့်ဝန်းကျင်မှာတွေ့သမျှ အမိအရ
ဖမ်းဖို့ကြိုးစားရင်း
ကိုယ်က ပိုကီမွန်ရဲ့ဖမ်းစားမှုကိုခံလိုက်ရတယ်။
ကန်ပတ်လမ်းအတိုင်းလည်း ကစားလို့
အဖော်ပါလာတာကိုလည်း မေ့လို့
ဘဝအမောတွေကိုလည်းမေ့လို့
ဟမ်းဖုန်းနဲ့ Pokemon Go Game ကစားနေတာလေ
ခုန်ဆွ ခုန်ဆွနဲ့ အဖမ်းရခက်တဲ့အကောင်လေးတွေ
ကိုယ့်ဝန်းကျင်မှာတွေ့သမျှ အမိအရ
ဖမ်းဖို့ကြိုးစားရင်း
ကိုယ်က ပိုကီမွန်ရဲ့ဖမ်းစားမှုကိုခံလိုက်ရတယ်။
ရန်နည်
…
အဆွယ်အပွားများ
Barakat Gallery Store |
သေတွင်းမနက်ပေမယ့်
ဆင်းရဲတွင်းက နက်ချင်တိုင်းနက်နေတော့
လူတွေက ပျာယာကိုခတ်လို့။
ဆင်းရဲတွင်းက နက်ချင်တိုင်းနက်နေတော့
လူတွေက ပျာယာကိုခတ်လို့။
မရေမရာနိုင်လှတဲ့
စိတ်ကူး အိပ်မက်တွေကလည်း
မဖြစ်ညစ်ကျယ်ဆိုပေမယ့်
ပျာယာခတ်တဲ့ အထဲမှာ
တိုးလို့တွဲလောင်း ပါလာတယ်။
စိတ်ကူး အိပ်မက်တွေကလည်း
မဖြစ်ညစ်ကျယ်ဆိုပေမယ့်
ပျာယာခတ်တဲ့ အထဲမှာ
တိုးလို့တွဲလောင်း ပါလာတယ်။
ရန်နည်
…
ငတေ မျိုးကန်းအောင် မိုက်သည်
အကွက်တော့အကွက်
ဒါပေမဲ့ ပလပ်ချောင်ပြီး ကြောင်နေတဲ့အကွက်
ဒီသပ်လျှို ဟိုသွေးခွဲ
မစားရတဲ့အမဲ သဲနဲ့ပက်
သက္ကာယလွန် တိုက်ကွက်။
မြှူဆွယ်ရင်း ခြိမ်းခြောက်
ခြိမ်းခြောက်ရင်း မြှူဆွယ်လို့
ဝှက်ဖဲတွေ
ပက်စက်ယုတ်မာမှုတွေ
အချိန်ကိုက် ဖောက်ခွဲမှုတွေ
အကြံကုန် ဂဠုန်ဆားချက်ကိန်းတွေနဲ့
လှုပ်သထက် လှုပ်လာအောင်
ရှုပ်သထက် ရှုပ်လာအောင်
အကြပ်အတည်းတွေဖန်တီးနေတဲ့
ဘယ်သူသေသေ..
ငတေ မာရင်ပြီးရောဆိုတဲ့ ငတိတွေ
ခြေရှုပ်နေလိုက်ကြပုံများ
ဇာတ်ထဲမှာဆိုရင် ဗိန်းဗောင်းပေါ့။
ဒါပေမဲ့ ပလပ်ချောင်ပြီး ကြောင်နေတဲ့အကွက်
ဒီသပ်လျှို ဟိုသွေးခွဲ
မစားရတဲ့အမဲ သဲနဲ့ပက်
သက္ကာယလွန် တိုက်ကွက်။
မြှူဆွယ်ရင်း ခြိမ်းခြောက်
ခြိမ်းခြောက်ရင်း မြှူဆွယ်လို့
ဝှက်ဖဲတွေ
ပက်စက်ယုတ်မာမှုတွေ
အချိန်ကိုက် ဖောက်ခွဲမှုတွေ
အကြံကုန် ဂဠုန်ဆားချက်ကိန်းတွေနဲ့
လှုပ်သထက် လှုပ်လာအောင်
ရှုပ်သထက် ရှုပ်လာအောင်
အကြပ်အတည်းတွေဖန်တီးနေတဲ့
ဘယ်သူသေသေ..
ငတေ မာရင်ပြီးရောဆိုတဲ့ ငတိတွေ
ခြေရှုပ်နေလိုက်ကြပုံများ
ဇာတ်ထဲမှာဆိုရင် ဗိန်းဗောင်းပေါ့။
ရန်နည်
Comments
Post a Comment