သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဒီလူည၊ ကိုကျူး နှင့် အောင်သန့်(တံတားဦး) တို့ရဲ့ ကဗျာများ

နောက်ကျ နေတဲ့ဝါကျတွေ
The Spectator
သူ ရောက်လာတော့
ရထားထွက်သွားပြီလို့ ဝါကျတွေက ပြောလိုက်တယ်
တကယ်နောက်ကျခဲ့တာလား
တကယ် နောက်ချန်ခဲ့တာလား ဆိုတာ
နှင်းတွေဝေ နေတဲ့ နံနက်ခင်းလိုဖြစ်နေတယ်
အဲဒီ ညတုန်းက
သူ အိပ်ရာဝင် စောခဲ့တယ်လို့
ဝါကျတွေက ကင်မရာဘက်လှည့်ပြီး ပြောနေတယ်
မအိပ်ခင် ပြည်တွင်းဖြစ် ချန်နယ်တခုက
ထုတ်လွှင့်နေတဲ့သတင်းတွေကို ကြည့်ပြီး
အ ပျော်တွေတောင် ကူးစက် ခဲ့တယ်
အဲဒီအချိန်တုန်းက
အပြင်မှာလျှပ်စီးတွေ ကလက်ပြီး
မိုးကြီး လေကြီး ဖြစ်နေတယ်
လမ်းပေါ် တရိပ် ရိပ်တက်လာတဲ့ရေ တွေကို ကြည့်ပြီး
တီဗွီကို ပိတ်ပစ်လိုက်မိတယ်
ပြီးတော့ ကဗျာတပုဒ် ရေးဖို့
အခန်းမီးခလုတ်ကို ဖွင့်လိုက်တော့
မီးသီးမှာ အလင်းရောင်က ပေါ်မလာတော့ ဘူး
ဒါနဲ့ သူက
စကားလုံးတွေကို အထုပ်တထုပ်မှာ စုချည်ပြီး
အိပ်ပျော်သွားတာပဲလို့ ဝါကျတွေက ပြောတယ်
ဟုတ်ပါတယ်
အဲဒီညကတော့ ဘုရားမရှိခိုး ဖြစ်လိုက် ဘူး
ဘယ်သူ့ဆီမှလည်း မေတ္တာပို့ဖို့ သတိမရခဲ့ဘူး
အိပ်မက်ထဲမှာတောင် ဟာဝိုင် ရီကျွန်းမှာ အပန်းဖြေနေသေးတယ်
ဂွာတာနာမို ကိုလည်း အလည်ရောက်ခဲ့သေး တယ်
စပိန်ပြည်တွင်းစစ် အကြောင်းတောင် ပီကာဆိုနဲ့ ပြောဖြစ်ခဲ့သေးတယ်
အာရုဏ်တက် ချိန်လောက်မှာ
စူးချွန်ပေါ် ပြုတ်ကျတော့မယ့် အိပ်မက် ကနိုး ပြီး
ရေတခွက် ထသောက်လိုက်တယ်
မျက်နှာအနှံ့အပြား
ထွက်လာတဲ့ချွေးတွေ ကို သုတ်လိုက်တယ်
ဒီအထိ အပြင်မှာ မိုးတွေက သဲသဲမဲမဲ ရွာနေတုန်း
( ညက)
မအိပ်ခင်ပိတ်ဖို့ မေ့သွားတဲ့ ပြတင်းပေါက်ဆီက
ဝင် လာတဲ့ မိုးရေစက်တွေကြား
ရွှဲရွှဲစိုနေတဲ့ ရေးပြီးသား ကဗျာတပုဒ်ကို
နေရာ ရွေ့ပေးလိုက်သေးတယ်
ပွင့်နေတဲ့တံခါးကို ဂျက်ထိုးလိုက်တယ်
သူ အိပ်ပျော်သွားတော့
ရထားပေါ်ရောနေတယ် လို့ ဝါကျတွေက ပြောလိုက်တယ်။  ။

ဒီလူည
…
အိ မ်​ ပြ န်​ တဲ့ လ မ်း ​ပေါ် က နှ င်းေ တွ
StudyBlue
အသက်​ရှူသံဟာ မသာယာတဲ့ ​တေးသံပဲ
နား
တွေ ဆွံ့အ​ ​နေလို့
သည်
နှစ်​ ​ဆောင်းဟာ ​နောက်​ကျ​သော ​ခြေလှမ်းနဲ့ ။
လမ်းမီး​တွေ ​အောက်​မှာ
နှင်
း​တွေ
မ
ဝေ သေးဘူး အ​မေ ။
အ​မေ နဲ့ သား​တွေ
မှောင်​​နေတုန်း
စနစ်
တကျ မရှိတဲ့ စနစ်​ရဲ့​အောက်
လမ်
း​ပေါ် လမ်း​ပျောက်​ခဲ့လို့ ။
ကျွန်​​တော်​ ပြန်​ခဲ့ပါတယ်
အိမ်
က​လေး ရှိရာ ပြန်​ခဲ့ပါတယ်​ ။
အ​မေက အ​မေ့ရဲ့ စိုးရိမ်​စိတ်​ နဲ့
သား
ရေ
အ
မေ့ အသည်းနှလုံး ဟာ လွင့်​​ကျေ ။
နှင်း​တွေ ​ဝေသလို
ကျွန်
တော့်​ မျက်​ရည်​။
နှင်း​တွေ ​ဝေတဲ့
ဆောင်းထဲမှာ အိမ်​ပြန်​ ခဲ့ပုံ။ ။

ကိုကျူး
၂၃ • ၁၁ • ၂၀၁၆
…
ခ ရေ ပန်း
galeri - uludağ sözlük
ဇီ ဝ ပ ညတ် ရဲ့ အ လို တော် အ တိုင်း
မြေ ခ လိုက် မှ
ရ နံ့ ပို ရ စေ ခဲ့ တာ ကို က
ကိုယ့်...အ ဘိဓမ္မာ။

ဆု တောင်း မှား ခဲ့ တယ် ဆို ရင် လည်း
ကြွေ လိုက် ရ တဲ့ ဝေ ဒ နာ ကို ပဲ
ရွှေ ချ ထား လိုက် ချင် တယ်။   ။


အောင်သန့် (တံတားဦး)



Comments