သစ်သီးတွေကသူ့ဘာသာခူးဆွတ်ပြီး
သစ်မြစ်တွေကသူ့သဘောနဲ့သူ
မြေကြီးထဲတိုးဝင်နေကြတယ်။
နှလုံးသွေးနဲ့ရင်းပြီးစိုက်ခဲ့တာ
သူတို့ကပဒေသာပင်လို့ထင်နေတယ်။
သစ်မြစ်တွေကသူ့သဘောနဲ့သူ
မြေကြီးထဲတိုးဝင်နေကြတယ်။
နှလုံးသွေးနဲ့ရင်းပြီးစိုက်ခဲ့တာ
သူတို့ကပဒေသာပင်လို့ထင်နေတယ်။
သဘော်ခုတ်မောင်းခိုက်
အမှုက်သရိုက်နဲ့ရွံ့ရေတွေ
ပဲ့ဆီကိုပြေးလွှာနေကြ။
လူဟာမျောက်ကဆင်းသက်ကြောင်း
လှောင်အိမ်ထဲထည့်ပြဘို့တော့
မလိုအပ်ဘူးလို့ထင်တယ်။
အဲဒီညကဗျာထမင်းဝိုင်းကို
ငါတို့
လောက်ခေါင်နဲ့ပဲပြီးလိုက်တယ်။
မြင့်အောင်သန့်
2005
-လောက်ခေါင် ထိုင်းအရက်ဖြူ
-လောက်ခေါင် ထိုင်းအရက်ဖြူ
…
-ကိုယ့်သင်္ဘောမှာ
ကိုယ်တိုင်က မာလိန်မှူး ဖြစ်လျက်
ဆိုက်ရမယ့်ကမ်းက မှိုင်းဝေလို့…
-နောက်ပြန်ငေးတော့ဟုတ်သလို
ရှေ့မျှော်ကြည့်တော့ ဟုတ်တော့မလိုလိုနဲ့
စိတ္တဇ ပန်းချီကားထက်
ခေတ်ပေါ်ကဗျာဖွဲ့တဲ့သူ။
-သည်လိုနဲ့
ကိုလံဘတ်က
အမေရိကတိုက်ကိုတွေ့တယ်။
အက်ဒီဆင်က
အလင်းရောင်ကိုတွေ့တယ်
လီယိုနာဒို ဒါဗင်ချီက
မိုနာလီဇာကိုတွေ့တယ်။
-ကျနော်ကတော့
အခန်းဆက်အိပ်မက်ရှည်ထဲက
ချစ်သူတွေကို ပြန်ပြန်ပြီး
တွေ့နေတယ်။
မြင့်အောင်သန့်
၁.၁၂. ၂၀၀၆
..
ဒုက္ခသည်စခန်းမှာ ညနေခင်း လမ်းလျှောက်ထွက်ခြင်း
-ဟိုးတူရူက
မိုးထိမြင့်
ညိုမှောင် တောင်တန်းတွေထက်
သူတို့ဒုက္ခက
ပိုမြင့်တယ်
-တိမ်ရွှေအို
နွေရည်တွေလှည့်ခွေစီးကျ
-ဝဲယာက
ဆုံးစမထင် စိမ်းညှို့အေးမြတာထက်
သူတို့ဒုက္ခက
ပိုနက်တယ်
-လမ်းမ
အပျိုမပေါင်တန်လို
ဖြောင့်စင်းလို့
-ကိုယ်လက်လှုပ်ရှားသူ
ပြေးလွှားသူ
လမ်းလျှောက်သူ
တောင်ထွတ်မှာ
ဒုက္ခသည်တွေ စိုက်ထူခဲ့တဲ့အလံနဲ့
ပဲ့တင်သံကို
နားဆင်ကြ
-အို…ကျောင်းဆင်းချိန်
ကလေးတွေ
ထင်းခွေပြီး ပြန်လာကြပါလား
မြင့်အောင်သန့်
၃၁.
ဒီဇင်ဘာ. ၂၀၀၆
…
မိစ္ဆာမျှတဲ့လောင်စာနဲ့
အဟုန်ကောင်းကောင်း
တဝုန်းဝုန်း
ထိန်ညီးတောက်လောင်နေပုံများ
ကိုယ်တိုင်ပဲမီးကျည်ခဲ
မီးပြင်းထဲ
တမြေ့မြေ့လောင်ကျွမ်းမှန်းမသိ
သူယောင်တောမှာ
မိန်းမောလို့။
မြင့်အောင်သန့်
၂၈.
၂. ၂၀၀၇
…
ရမ္မက်
တလောကလုံးခပ်သုံးပြီး
ဆားခဲကြီးဖြစ်လို့
ဒါတောင်
ပင်လယ်ကိုငံ့လင့်နေတုန်း။
။
မြင့်အောင်သန့်
Comments
Post a Comment