သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သုအိုင်စံ၊ မိုးခါးနှင့် မင်းချောမြင့်တို့၏ ကဗျာများ

စခန်းသိမ်းတိုက်ပွဲ
KT#
 ချစ်သူဟာ
စစ်ကူပါပဲ...
နောက်ဆုံးမှာ
မင်းရောက်လာ
နောက်ဆုံးတော့
ရန်သူ့တောင်ကုန်းပေါ်
ငါတို့ရဲ့
အသည်းပုံတပ်အလံတော်ကို
စိုက်ထူနိုင်ခဲ့တာပေါ့ကွာ။ ။

သုအိုင်စံ
၂၈-၁၁-၂၀၁၆
သူငယ်ချင်းရေးတဲ့ကဗျာ
KT#
 ငါတို့ခံတပ်ကလက်ဖက်ရည်ဆိုင်ဆိုရင်
တွေးမိတဲ့အရေးအသားမှာတော့
မြစ်တွေအကြောင်းစဉ်းစားမိသလောက်
မြို့တွေအကြောင်းလည်းခရီးဆက်ခဲ့တယ်
စကားလုံးတွေကို
စံပယ်တွေလိုယုယကြင်နာတတ်ပေမယ့်
နာရီသေထဲကဆွဲထုတ်ထားတဲ့
အပေါ်ယံကျောနံပါတ်တွေကိုကြက်ခြေခတ်ထားတယ်
ကဗျာတွေသေဆုံးနေတယ်လို့မပြောလိုက်ပါနဲ့
ငါတို့ချင်းမမြင်ဘူးရင်သာနေမယ်
ကဗျာတွေရဲ့အထိအတွေ့မှာပျော်ဝင်နေကြတယ်
အစွန်းလွတ်တဲ့ဟာသကားကြည့်ရင်တောင်
အကုသိုလ်မပါပဲပျံသွားတဲ့ငှက်ကိုအစာချကျွေးချင်တယ်
လွတ်လပ်တဲ့အင်္ကျီကိုဝတ်ပြီး
လမ်းတို့ရဲ့အမည်ကိုကောင်ကင်မှာရှာမယ်
သစ္စာထားချစ်ခဲ့ရတဲ့အကြောင်းကိုတော့နောက်လူတို့ရာဇဝင်ကဆုံးဖြတ်ကြလိမ့်မယ်။ ။

မိုးခါး
တစ်ခါသုံးဓားများ 
KT#
နင် လှချင်လား
ဓားများရဲ့အန္တရာယ်ကလည်း များတယ်
လူ့ယဉ်ကျေးမှုကြီးတော်လှန်ကြစဉ်အခါက
ကျောက်လက်နက်တွေမှာ
ဓားအဖြစ်တူးဖော်ရရှိခဲ့ပါတယ်
နေ့စဉ်သုံးဓားတချောင်းရဲ့
အဓိကတာဝန်ဟာ ခွဲစိတ်ခန်းထဲမှာ
ရှိနေနိုင်ပါတယ်
မုဆိတ်မရိတ်ရသေးတဲ့
မင်းသားတလက်ရဲ့
မနက်ဖြန်လည်း ဖြစ်နေနိုင်ပါတယ်

သစ္စာ ဖောက်တယောက်ရဲ့
အသံလုံခန်းလည်း ဖြစ်နေနိုင်ပါတယ်
အသုဘကြွရမယ့် မနက်ဖြန်လည်း
ဖြစ်နေနိုင်ပါတယ်
ခရိုနီ တယောက်ရဲ့
လိုရာရောက်တဲ့ခရီးလည်းဖြစ်နိုင်ပါတယ်
မီးကုန်ယမ်းကုန် တိုက်ခတ်ခဲ့ မုန်တိုင်းရဲ့
မာန်မာနလည်း ဖြစ်နိုင်ပါတယ်
ဘာသာပြန်ဆရာရဲ့
လက်သည်းရှည်နေတာမျိုးများလား
ပန်းတပွင့်ရဲ့ အနိစ္စလား
ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်လား
ဓားတွေကို ယုံကြည်စိတ်ချလို့မရတော့လို့
တခါသုံးဓားတွေ
ပေါ်လာရတာပဲ

မင်းချောမြင့်

Comments