သစ်ခက်သံလွင် ကဗျာစင်မြင့်၊ စိုးခိုင်ညိန်း နှင့် ဇာနည်သွေး(ပလိပ်)တို့၏ကဗျာများ

ဆင်းရဲသားများ ၎
cópias de pinturas na WahooArt
ဓနိမိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း
ယိမ်းထိုး ရွဲ့စောင်းနေတဲ့
အခင်းအကျင်းနဲ့
ဒုက္ခကို လှလှပပ ဖွဲ့နွဲ့ပြီး
အထပ်မြင့်မြင့် ဆောက်ထားတယ်။

တစ်ရက်တစ်ရက်
အသက်ဆက်ဖို့ ဈေးဖိုးက တဆင့်
ဖားဖိုလို ရှူနာရှိုက်ကုန်းဖြစ်နေတဲ့
နိမ့်တုံမြင့်တုံ ရင်အုပ်လေးနဲ့
အမေ့ရဲ့ ချောင်းတဟွတ်ဟွတ်အသံလေးက တဆင့်
ညနေဆို တုန်တုန်ရီရီ ဖြစ်နေတဲ့
အဖေ့ရဲ့အကြောပြိုင်းပြိုင်းထနေတဲ့ လက်ထဲက
အရက်ခွက်ကလေးက တဆင့်
ပေါက်ပြဲနေတဲ့ ကျောင်းလွယ်အိပ်လေးနဲ့
ကျောင်းဆက်နေဖို့ မော့ကြည့်နေတဲ့
မောင်လေးရဲ့ လက်ရေးဝိုင်းဝိုင်းလေးက တဆင့်
တဖြေးဖြေး ယိုင်ယိုင်လာတဲ့ အိမ်ကလေးရဲ့
ကျန်းမာရေးအခြေအနေက တဆင့်
အဲဒီ အဆင့်တွေ ထပ်ထားတဲ့ ချိုင့်ကလေးစွဲပြီး
မသာယာလှတဲ့ လှိုင်သာယာကို ထွက်ခဲ့တယ်
ကျွန်မလေ ချိုင့်လေးထဲက
မျှော်နေကြတဲ့ မျက်လုံးတွေကို စားသုံး
ကျွန်မဘ၀တခုလုံး ဖျော်ပြီး
လည်နေတဲ့ စက်ထဲကို လောင်းထည့်လိုက်တော့
ခေါင်းတိုင်က မီးခိုးဟာ တလူလူ။ ။

စိုးခိုင်ညိန်း

24. 11. 2014
...

 အနာ
mhsartgallerymac - Wikispaces

 ကျိုးပဲ့နေတဲ့ တနင်္ဂနွေနဲ့ 
အငြှိုးတကြီး အိပ်မက်ဆိုးများ 
ငါ့ပြဿ     ဒါးထဲ
စူးစူးဝါးဝါး အော်ဟစ်ကခုန်နေကြ

ဘာမှန်းမသိတဲ့ အဖြေတခုကို
ပုံစံအမျိုးမျိုးနဲ့
တွက်ပြနေရတဲ့ပုစ္ဆာ
ကံကြမ္မာဟာ
မာယာများလွန်းရဲ့

အရာရာသိမ်ငယ်စိတ်နဲ့
လွင့်နေတဲ့တိမ်ကို
မော့ကြည့်လိုက်တယ်

ကမ္ဘာမြေရဲ့ရင်ဘတ်မှာ
ရက်ရာဇာတွေ
အငြှိုးတကြီး အိပ်မက်ဆိုးများပြိုပျက်လွင့်စင်လို့……။      ။

 
ဇာနည်သွေး  ( ပလိပ် )
 

Comments