သေခြင်းဟိုက္ကူ
![]() |
www.pinterest.com |
သူ ကွယ်လွန်ပြီးနောက်
သူ့နာရီသံ တချက်ချက်
ဆက်လက်ရွေ့လျားနေ။
သေခြင်းဟိုက္ကူ
၂
ရိုးလက်စ် နာရီကို
တကြည့်ကြည့်လုပ်နေတဲ့
သေခြင်းတရား
မင်းလွင်
…
ဖြတ်စတန်းလန်း...သွေးရောင်လွှမ်းတိမ်
………………..
မငြိမ်မသက်...အပျိုရည်ပျက်လု
…………………………
အရှင်လတ်လတ် ဖြတ်စများ
သင်တို့မျက်နှာတွေပေါ်ဖြတ်စီးနေတဲ့ မြစ်
အရေးပေါ် ...ရေလိုအပ်ချက်
ဝမ်းနည်းဖွယ် စာရင်းဇယားတွေ
အိပ်ရာထ စိတ်ကိုဖိနင်းထားတယ်။
ငိုသံဟာ
ကံတွေ ထလာခဲ့ပြန်ပြီ
အစွန်းရောက်အချစ်ရဲ့ အနမ်း
ကြောက်မက်ဖွယ် လုပ်ကြံမှုပဲ
ဖြစ်ခဲ့တယ်
ဖြစ်နေတယ်
ကြားကာလ
အသက်ရှူတအောင့်စာ
ညှစ်ချလိုက်တဲ့ ဆေးရောင်တွေ
အိုး...ဘုရား...ဘုရား
သူတို့တွေ တွားတက်လာနေပုံ
ဆူနာမီလို
တတောလုံးပွင့်လို့
မြေသားက မိုးကုတ်စက်ဝိုင်းရဲ့
အကျိုးအကြေတွေထမ်းလို့ ။
ဆေးသေတ္တာထဲက
ငိုညည်းသံတွေ
ထ ထ ကြတယ်
ကျမတို့ အရိပ်တွေ ဖြစ်ပျက်နေပုံများ ။
အဓမ္မကို လွယ်ပိုးထားတဲ့ လွယ်အိပ်က
ကျမတို့ ပခုံးပေါ်မှာ
တစ်ရက်ကို ၃၆ ကြိမ်အနည်းဆုံး
ခုန်ဆင်းနေတော့တာပဲ ။
ဝါကျဖြူ
…
တွင်းနက်ကြီးထဲက သားကောင်
![]() |
www.pinterest.com |
အရေခွံလဲသလို အရေးမပါဘူး
ရယ်
ခဏအတွင်းမှာ လျှပ်ပျက်သလို ဒုက္ခတွေ
ခရီးရောက်မဆိုက် မြည်တမ်းလိုက်ရတယ် ။
ကွက်လပ်တခုဖြည့်သလို စိတ်အဆာပြေလာဖြည့်ကျ
တွင်းနက်ကသံသရာတလျှောက်ရှည်လို့ 
ကိုယ်တိုင် အဖန်ငါးရာ ငါးကမ္ဘာ
ထူးခြားဖြစ်စဉ်ဆိုတာ မထူးခြားလာတော့။
ခဏအတွင်းမှာ လျှပ်ပျက်သလို ဒုက္ခတွေ
ခရီးရောက်မဆိုက် မြည်တမ်းလိုက်ရတယ် ။
ကွက်လပ်တခုဖြည့်သလို စိတ်အဆာပြေလာဖြည့်ကျ
တွင်းနက်ကသံသရာတလျှောက်ရှည်လို့ 
ကိုယ်တိုင် အဖန်ငါးရာ ငါးကမ္ဘာ
ထူးခြားဖြစ်စဉ်ဆိုတာ မထူးခြားလာတော့။
ခြတွေတရွရွတက်နေတာ
မုန်းလာပြီ
မြေခွေးတို့ကောက်ကျစ်တတ်ကြောင်း
အမြီးကြည့်တာနဲ့ သိခဲ့သင့်တာပါ ။
သီလအကျိုးအပဲ့နဲ့ သူတော်ယောင်ဆောင်လို့ 
ကောက်သင်းကောက်ရတယ် ဆိုတာ
ရိပ်သိမ်းခွင့် အမှောင်ချခံခြင်းတမျိုးပဲ ။
မြေခွေးတို့ကောက်ကျစ်တတ်ကြောင်း
အမြီးကြည့်တာနဲ့ သိခဲ့သင့်တာပါ ။
သီလအကျိုးအပဲ့နဲ့ သူတော်ယောင်ဆောင်လို့ 
ကောက်သင်းကောက်ရတယ် ဆိုတာ
ရိပ်သိမ်းခွင့် အမှောင်ချခံခြင်းတမျိုးပဲ ။
စိတ်မရှိပါနဲ့ 
တဆိတ် တိတ်တိတ်ဖွင့်ကြည့်မိပါတယ်
ပြည်သူများ ချစ်လို့ဆိုပြီး အပျော်ကြံခံနေ့တို့
ဘယ်လောက်သီးပွင့်ပေးခဲ့ရပြီလည်း
စစ်တုရင်ခုံပေါ်မှာ နယ်ရုပ်လေးခမျာ
အကာကွယ်မဲ့နေတာ ခေတ်သမိုင်းအဆက်ဆက်
အဆင်သင့်သလို မီးစင်ကကြရင်း
ဇာတ်ဝင်ခန်းတိုင်း သားကောင်ဟာ
မုသာဝါဒသောင်ပေါ်ပြုတ်ကျလာခဲ့ ငါးလို
အသက်ထွက်မယ့်အချိန် မျှော်လို့။
တဆိတ် တိတ်တိတ်ဖွင့်ကြည့်မိပါတယ်
ပြည်သူများ ချစ်လို့ဆိုပြီး အပျော်ကြံခံနေ့တို့
ဘယ်လောက်သီးပွင့်ပေးခဲ့ရပြီလည်း
စစ်တုရင်ခုံပေါ်မှာ နယ်ရုပ်လေးခမျာ
အကာကွယ်မဲ့နေတာ ခေတ်သမိုင်းအဆက်ဆက်
အဆင်သင့်သလို မီးစင်ကကြရင်း
ဇာတ်ဝင်ခန်းတိုင်း သားကောင်ဟာ
မုသာဝါဒသောင်ပေါ်ပြုတ်ကျလာခဲ့ ငါးလို
အသက်ထွက်မယ့်အချိန် မျှော်လို့။
သင်းရည်လွင်
၂ ၀ ၁ ၆
၂ ၀ ၁ ၆
Comments
Post a Comment