သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ယောဟန် နှင့် ပိုင်စိုးဦးတို့၏ကဗျာများ

ည ရှစ်နာရီ သတင်း

ido art karen robinson
  ( ၁ )
ကဗျာတပုဒ်ဟာ
သစ်ကုလားအုပ်တကောင်ဖြစ်တယ်

( ၂ )
လေထုထဲကလျှပ်စစ်သံလိုက်လှိုင်းတွေ
ရေဒီယိုကိုခြေထောက်နဲ့ကန်ပြီးဖွင့်
လှိုင်းတိုမီတာ.......မှအသံလွှင့်နေပါတယ်ရှင်

( ၃ )
နှစ်ဘက်စစ်သတင်းများမတူညီတဲ့ဘာသာစကားတွေကို
အပြန်မလှန်မီးမှုတ်ဖို့ကြိုးစားရင်း

( ၄ )
အသံဟာ အလင်းထက်အများကြီးနောက်ကျတတ်ပါတယ်

( ၅ )
အမှိုက်ကျုံးကားပေါ်ပါသွားတဲ့သူ့ဇာတိရွာရဲ့ပုံရိပ်ဟာ
မျက်ကြည်လွှာတခုထဲမှာရွေ့လျားနေတယ်
လူရောမျက်လုံးပါသေဆုံးသွားပြီဖြစ်တဲ့ကလေးငယ်
( ၆ )
လရောင်အောက်မှာ
ကိုယ်လုံးတီးအလောင်းတွေရဲ့မျက်လုံးတွေဆီက ရောင်ပြန်ဟာ
စိန်ပွင့်ကလေးတွေလို လက်နေကြတယ် ။

ယောဟန်
( ၂၀၁၆ )
 ....

နွေဦး

 
Daily Mail
အယ်လင်န်ဂျင်းစဘတ်ဂ်ရဲ့အူသံကြားမိသလိုပဲ
ဝေးကဒုန်းဆိုင်းလာတဲ့လေနုအေး အမောဖြေပါ
ရာသီရဲ့အန်ဖတ် လေထဲ စည်းလွတ်ဝါးလွတ် သစ်ရွက်​​လေးကြွေဆင်းပုံ
ဟောဒီလောက ကြောက်စရာကောင်အောင် သိပ်လှတဲ့ လက်​​ဆောင်...
ဆင့်ကဲ ဆင့်ကဲတွေးလုံးများ
ပြတင်ပေါက်ရဲ့ ဟို့အဝေး တောင်ပံခတ်
နေ့လည်ခင်းဟာ ကိုယ်​​ရောင်ကိုယ်ဝါတောက်ပလို့။
ဆေးပေါ့လိပ်နဲ့စာအုပ်တအုပ်
အကြိုက်ဆုံးတေးသွားနဲ့ရှုမျှော်ခင်း စိတ်အကြည်ဓာတ်ကို လိုက်ဖမ်းစရာမလို...
လေထဲ မြူ​​တွေယက်ဖွ နုသစ်​​နေခြည်ကို သတိရ
လွင်ပြင်ရဲ့ပျံသန်းမူအလျား အံဩစရာ
ဘယ်​​လောက်​​ကောင်းလိုက်သလဲ လမ်ပေါ် ဖုံလုံးတွေ ဟီးထ
နီစွေးတဲ့လက်ပံပွင့်များက ခိုင်လုံတဲ့သင်္ကေတပေါ့။

ပိုင်စိုးဦး


Comments