သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ကြူးရင့်၊ မောင်ဖူးဝေ(ထီလာ)၊ သူရနီနှင့် ကျော်ကျော်(မြရည်စမ်း)တို့၏ကဗျာများ
တခါတရံ
သိခြင်းဟာ တသက်မှာ
တခါပွင့်တဲ့ပန်းလို
လှပပြီး
တရံတဆစ်
မသိခြင်းဟာ တောနက်ထဲ
လမ်းပျောက်သလို
အကြည့်တန်တယ်
တခါတခါတော့လည်း
မသိခြင်းဟာ
နတ်သမီးလို သူရဲကောင်းလို
သိခြင်းဟာ
နတ်ဆိုးလို သစ္စာဖောက်လို
သိခြင်းနဲ့မသိခြင်းကြားက
လူသားဟာ အမှားကင်းပါရဲ့လား
အရာရာပြည့်စုံပါရဲ့လား
ရိုးရှင်းမှုဟာ
ကဗျာတပုဒ်လို
ချစ်စရာကောင်းတယ်
မရိုးရှင်းမှုဟာ
ဘီလူးသဘက်လို
မုန်းစရာကောင်းတယ်
ပန်းခင်းထဲဖြတ်လျှောက်လျှောက်
ကန္တာရထဲဖြတ်လျှောက်လျှောက်
မကွေ့ကောက်ဖို့ပဲလိုတယ်
တနေ့နေ့
မမြဲခြင်းတရားအရ
ကမ္ဘာကြီးတောင်ပျောက်ကွယ်သွားဦးမှာပဲ
မသေခင်
အမုန်းပင်မစိုက်ပဲ
အချစ်ပင်စိုက်ခဲ့ဖို့ပဲလိုတယ်။ ။
သိခြင်းဟာ တသက်မှာ
တခါပွင့်တဲ့ပန်းလို
လှပပြီး
တရံတဆစ်
မသိခြင်းဟာ တောနက်ထဲ
လမ်းပျောက်သလို
အကြည့်တန်တယ်
တခါတခါတော့လည်း
မသိခြင်းဟာ
နတ်သမီးလို သူရဲကောင်းလို
သိခြင်းဟာ
နတ်ဆိုးလို သစ္စာဖောက်လို
သိခြင်းနဲ့မသိခြင်းကြားက
လူသားဟာ အမှားကင်းပါရဲ့လား
အရာရာပြည့်စုံပါရဲ့လား
ရိုးရှင်းမှုဟာ
ကဗျာတပုဒ်လို
ချစ်စရာကောင်းတယ်
မရိုးရှင်းမှုဟာ
ဘီလူးသဘက်လို
မုန်းစရာကောင်းတယ်
ပန်းခင်းထဲဖြတ်လျှောက်လျှောက်
ကန္တာရထဲဖြတ်လျှောက်လျှောက်
မကွေ့ကောက်ဖို့ပဲလိုတယ်
တနေ့နေ့
မမြဲခြင်းတရားအရ
ကမ္ဘာကြီးတောင်ပျောက်ကွယ်သွားဦးမှာပဲ
မသေခင်
အမုန်းပင်မစိုက်ပဲ
အချစ်ပင်စိုက်ခဲ့ဖို့ပဲလိုတယ်။ ။
မောင်ကြူးရင့်
၁၀ .၁၀ .၂၀၁၆
၁၀ .၁၀ .၂၀၁၆
…
သူငယ်ချင်းများ
ချစ်သူများ
မိသားစုများ
...................
ဝေးသွားကြ။
ဒီလိုနဲ့ပဲ
ဝေး သွားကြ။
နီးလျက်နဲ့လည်း
ဝေး
သွားကြ။
ဒါပေမဲ့လည်း
မမေ့ကြ။
မုန်းခဲ့ကြလည်း
မမေ့ကြ။
ဘယ်တော့မှ
မမေ့ကြ။ ။
မောင်ဖူးဝေ(ထီလာ)
…
ရောင်စုံပန်းခင်း စုလစ်မွန်းချွန်တွေနဲ့
ကြီးကျယ်ခမ်းနားလှတဲ့ နန်းရင်ပြင်ကိုစွန့်ခွာခဲ့တယ်။
ကလေးတယောက်မိခင်
ယသော်ဓရာအလွမ်းတွေကိုလည်း စာနာမိပါရဲ့။
အနော်မာသောင်ပြင်ပေါ်က
သိဒ္ဓတ္တ နဲ့ ဗုဒ္ဓ လမ်းခွဲမှာ
ပြန်လှည့်ဖို့အကြောင်း ထပ်ထပ်မပြောပါနဲ့
မင်းပြန်သွားတော့ မောင်ဆန် မင်းပြန်သွားပေတော့။
မြားတို့ရဲ့လားရာဟာ….
မျက်နှာမူထားတဲ့ရှေ့တူရူအရပ်ကိုသာ ရည်ညွှန်းတယ်။
သူရနီ
အောက်တိုဘာ
၂၀၁၆
…
အကို...
ညက ကျမအိပ်မက်တယ်
ဒီမနက် အစောကြီး နိုးနေတယ်
ဘေးမှာ ဘာမှမသိရှာပဲ
ပြုံးပြုံးလေး
အိပ်နေရှာတဲ့ 
အကို့ကလေးကို ငေးကြည့်ရင်း
ဘေးအခန်းက တချက်သဲ့သဲ့ရှိုက်သံ
ကြားလိုက်ရပေါ့
မခင်လေးရဲ့အမေ မနေ့ညနေက ရောက်ပြီ
သူ့သားမက်အတွက်
သဘက်ခါမနက်မှာ
ဆွမ်းသွပ်အမျှဝေပြီး ရွာပြန်ကြမယ်
စိတ်ပူတယ် အကိုရယ်
အိပ်မက်ထဲမှာ ဝေဒနာနဲ့
မချိပြုံး ပြုံးပြနေတဲ့အကို
တကိုယ်လုံးလည်း သွေးတွေရဲလို့ 
စိတ်ပူတယ် စိတ်တွေပူတယ်
အကိုတို့ အခုရောက်နေတဲ့နေရာက
ငြိမ်းချမ်းရေးနဲ့နီးပြီလား
ချိုးဖြူလေးတွေမြင်ပြီလား
အကိုပြောသွားသလို
ရှေ့တိုးလှည်းထမ်းပိုး နောက်ဆုတ်လှည်းတုတ်လား
ကျမ သိချင်လိုက်တာရှင်
ကျမလိုင်းခန်းကို
ဆက်သွယ်ရေးက ဆရာကြီးတွေ
လှမ်းကြည့်မှာ ကြောက်တယ်
မနက်မိုးလင်းရင်
အန်တီတို့အုပ်စုလိုက် လာ အားပေးမှာ
ကြောက်တယ်
ကျမကြောက်တယ်
သဲ့သဲ့ရှိုက်သံ ကြားရပြန်ပြီ
ကြောက်တယ်အကို။ ။
ကျော်ကျော်(မြရည်စမ်း)
၁၀၁၀၁၆
…
Comments
Post a Comment