ချစ်သူဖွဲ့
![]() |
www.alaintruong.com |
ကြွေရမှာကြောက်တဲ့ပန်းဟာ
မပွင့်ရဲဘူး
ကိုယ့်ကိုယ်ကိုယ်
လျှာနဲ့နမ်းသပ်ရင်း
ရှုမျှော်ခင်းတွေ
မျိုးဆွံ့နေကြ
စက္ကူပေါ်မှာရိုက်တဲ့ရုပ်ရှင်
အိုက်တင်တွေ
ပိုကောင်းလာရဲ့။
အားလုံးနားစွင့်ကြစမ်းပါ
ဟောဒီလိုမိုးတညမှာပဲ
ငြိမ်းချမ်းရေးပန်းတွေ
သူ့ခေါင်းနဲ့ထိုးစိုက်နေတဲ့အသံ
နံရံကို
ပက်စဉ်သွားတယ်။
တံခါးတွေဟာ
မျက်လုံးအကြောင်သားနဲ့
တို့နားတိုးကပ်လာခဲ့။
ငါတို့ဘဝတွေ
ခဏသေခဲ့ရတဲ့အရိုင်းမြေကို
ပုံပြင်တပုဒ်လို အော် အော်ဖတ်သွားတဲ့ မြစ်ရေ…
ကျိုးကြေနေတဲ့လရောင်မှာ
သူ့ချစ်ခြင်းတွေ
ပွင့်ဝေစေခဲ့ပေါ့။ ။
ငြိမ်းသစ်
(၁၉၉၈ -
မတ်လ)
….
အလင်းအမှောင် အဖြူ အမဲ
အမှားအမှန် အကောင်းအဆိုး
မခွဲနိုင်သရွေ့
ငြိမ်းချမ်းခြင်းဆိုတာ
ဗုံလုံတလှည့် ငါးဖျံတလှည့်မို့
မွန်းတည့်ချိန်မှာ နေမဝင်ဘူး
အသိနဲ့ဆန္ဒ မျဉ်းပြိုင်ဖြစ်နေသမျှ
အငြိမ်းဓာတ်က
ဝေးစွာ …. ။ ။
အမှားအမှန် အကောင်းအဆိုး
မခွဲနိုင်သရွေ့
ငြိမ်းချမ်းခြင်းဆိုတာ
ဗုံလုံတလှည့် ငါးဖျံတလှည့်မို့
မွန်းတည့်ချိန်မှာ နေမဝင်ဘူး
အသိနဲ့ဆန္ဒ မျဉ်းပြိုင်ဖြစ်နေသမျှ
အငြိမ်းဓာတ်က
ဝေးစွာ …. ။ ။
ရည်မွန်သင်း
၅ အောက်တိုဘာ ၂၀၁၆
၅ အောက်တိုဘာ ၂၀၁၆
…
အဲ့ဒီအကြောင်း
![]() |
abstractexpressionism.wordpress.com |
အဲ့ဒီအကြောင်းကို လှမ်းကြည့်လိုက်တော့
ကျည် မအဖူးတဲ့ သေနတ်ထဲက
စည်းမျဉ်းတွေကို တွေ့ရတယ်။
အဲ့ဒီအကြောင်းဟာ
ရွှေကိုင်းမျက်မှန်တလက်ရယ်
အဆီဝင်းနေတဲ့ လူလုပ်အပြုံးတုတွေရယ်
ချမပစ်ခဲ့ရဲတဲ့ အိပ်ကပ်ထဲက
အတွေးအခေါ်တွေရယ်နဲ့။
အဲ့ဒီအကြောင်းဟာ
ခပ်တည်တည်နဲ့ ကျောပေးထားပြီး
အဲ့ဒီအကြောင်းတွေကိုဆွဲယူလို့။
အဲ့ဒီအကြောင်းထဲကို
အဲ့ဒီအကြောင်းဟာ ဓားထမ်းထားတဲ့ရာဇဝင်တွေနဲ့
ခပ်တည်တည်ပဲ အဲ့ဒီအကြောင်းကို
ဆွဲပိတ်ပစ်လိုက်တယ်။ ။
ကျည် မအဖူးတဲ့ သေနတ်ထဲက
စည်းမျဉ်းတွေကို တွေ့ရတယ်။
အဲ့ဒီအကြောင်းဟာ
ရွှေကိုင်းမျက်မှန်တလက်ရယ်
အဆီဝင်းနေတဲ့ လူလုပ်အပြုံးတုတွေရယ်
ချမပစ်ခဲ့ရဲတဲ့ အိပ်ကပ်ထဲက
အတွေးအခေါ်တွေရယ်နဲ့။
အဲ့ဒီအကြောင်းဟာ
ခပ်တည်တည်နဲ့ ကျောပေးထားပြီး
အဲ့ဒီအကြောင်းတွေကိုဆွဲယူလို့။
အဲ့ဒီအကြောင်းထဲကို
အဲ့ဒီအကြောင်းဟာ ဓားထမ်းထားတဲ့ရာဇဝင်တွေနဲ့
ခပ်တည်တည်ပဲ အဲ့ဒီအကြောင်းကို
ဆွဲပိတ်ပစ်လိုက်တယ်။ ။
မောင်နွေရင့်
(အင်းဝ)
...
စ စ် ပွဲ ေ တြ ၿပီ း တဲ့ ေ န ာ က်
လူတွေ အသက်မရှိတော့ဘူး
ယမ်းငွေ့တွေ တလူလူလွင့်နေတုန်း ၊
ယမ်းငွေ့တွေ တလူလူလွင့်နေတုန်း ၊
ဝုန်းခနဲ
မြည်သံကြားရတယ် ၊
မြည်သံကြားရတယ် ၊
အသက်နဲ့ ရင်းရသော
ဘဝတွေ
ဘဝတွေ
လူ ဆိုတာ
လူလို ရှင်သန်ခွင့် ရပါစေ
လူလို ရှင်သန်ခွင့် ရပါစေ
ဘဝဆိုတာ
စစ်ပွဲမဟုတ်ဘူး
ငါ
ငြင်းဆန်ပါရစေ
ကမ္ဘာမြေ
ငြိမ်းချမ်းပါစေသား
င့ါ......ကဗျာ။ ။
ကိုကျူး
၃ . ၁၀ .၂၀၁၆
၃ . ၁၀ .၂၀၁၆
Comments
Post a Comment