ရာပြည့်ကပွဲ
လရောင်ကိုထမ်းပိုးလို့
တွန့်ခေါက်တောင်တန်းတို့မီးပုံပွဲနွှဲကြ
ကျုပ်တို့မြစ်ရိုးပေါ်။
…
ဥတုဝေလ
ဝါလုစိမ်းခေါ်မလား။
ညနေရဲ့ကျနေအောက်မှာ
မိုးပါးပါးဆမ်းလို့
တိမ်တွေတောက်ကောင်းတုန်း။
မိုင်တိုင်တွေတရိပ်ရိပ်တိုဝင်။
…
နေ့နာ
ခပ်ပါးပါးတွေဆိုတော့
အရွယ်တင်ခွင့်ရသလေ
ခြေနှုတ်လက်သိမ်းလျင်သကိုး။
…
လက်လှည့်
www.pinterest.com |
သူ့နှုတ်ခမ်းပေါ်
ရိုးဂုဏ်လေးထူထူလိမ်းထားလိုက်တယ်
ခေတ်နာတံဆိပ်မိတ်ကပ်နဲ့။
…
တော
သူ့ပုရစ်ဖူးသူ
မမြင်တော့လောက်အောင်ဆာလောင်
အမြစ်တွေ။
…
မြစ်ကျိုးအင်း
ဆွဲငင်ခွန်အားအသေ
လှိုင်းခေါင်းဖြူ တလိပ်လိပ်
ယန္တရားဘီးညှပ်။
ခေါင်းဆောင့်ရာတည့်တည့်
တောင်ခါးပန်းပဲ့ကျ
မြစ်က
မြစ်ကို
သစ်လိုက်ပုံ။
…
ထင်းခွေ
newmexicomercury.com |
ဟိုး အမြင့်ကြီး
ဥသျှစ်သီး
လှလှရွဲရွဲကြီးတွေကြောင့်ရယ်။
လှည်းတွေလှည်းတွေ
မွမွကျေမြေပခုံးထဲ
ကိုယ့်ဖနောင့်ကိုယ် တအီအီဆွဲငင်။
ရွာထိပ်ကညောင်ဖြူ ပင်ကြီးသာ
အိုပါရော။
Comments
Post a Comment