ဆောင်းခူးလက်ရဲ့
တိုက်တေနီယမ်ကဗျာများ
Kazuya Akimoto Art Museum |
အချစ်စာ
ကြောင်တကောင်ရဲ့စွမ်းရည်အပြည့်နဲ့
ငါ့မှာ လိုနေတာက လက်သည်း
အဲ့ဒီလက်သည်းက မင့်ဆီမှာ ။ ။
ဆောင်းခူးလက်
၁၀း၁၀း၂၀၁၆
….
ရှင်နေတဲ့
အုန်းပင်
မျိုးစေ့ဟာ
မြေမှာမြဲမြံစွာခြေကုတ်ယူပြီး
ပထမဆုံးတရွက်ကို မှုတ်ထုတ်လိုက်တယ်
ပထမအရွက်ဟာ နေရောင်ခြည်ကို
ခြေကုတ်ယူပြီး
သူ့ထက်အားပါတဲ့ဒုတိယအရွက်ကို
စွဲထုတ်လိုက်တယ်
ဒီလိုနဲ့ အုန်းခိုင်ကို စွဲတင်နိုင်ခဲ့တယ်
။ ။
ဆောင်းခူးလက်
၁၀း၁၀း၂၀၁၆
….
မြက်ရိုင်းများ
လေသွေးရာ ချီနေရတာနဲ့
ကုလားအုပ်ဟာ မြက်ရိုင်းကွင်းထဲကနေ
လွတ်ကျသွားလေရဲ့ ။ ။
ဆောင်းခူးလက်
10.10.2016
….
မောင်ချောနွယ်
ခြေပြတ် လက်ပြတ်ဘဝရာသီမှာ
ဒုက္ခကို
နွားဆေးပေါ့လိပ်လေးနဲ့ထောက်ခုန်ပြီး
ဖြတ်ကျော်သွားလေရဲ့ ။ ။
ဆောင်းခူးလက်
8.10.2016
……………
လှေလူးနဲ့အရူးများ
ရွာထိပ်ကဇရပ်ပျက်မှာ
အရူးရောက်နေတယ်လို့
အရူးတစ်ယောက်လွင့်လိုက်တဲ့သတင်းကနေ
နေရင်းထိုင်ရင်း
အရူးဟာ နာမည်ကြီးသွားတယ် ။ ။
ဆောင်းခူးလက်
…………
ခေတ်~၃
အလံရှူးနောက်
မလိုက်နိုင်ရင်တော့
ခေတ်နောက်ကျပြီပေါ့ ။ ။
ဆောင်းခူးလက်
…………
နေထိုင်ခြင်း
မပြည့်စုံသော အမှန်တရားများဖြင့်
လှည့်လည်
သံစရာ မဆုံးသရွေ့ ။ ။
ဆောင်းခူးလက်
…………..
ကဗျာ
နက်နက်ရှိုင်းရှိုင်းဖတ်မှ
နက်နက်ရှိုက်ရှိုက်ခံစားရတဲ့အရာ
တူးနိုင်သလောက်ထွက်တဲ့ ရေနံ
ရှာသလောက်တွေ့တဲ့ရတနာတွင်း ။ ။
ဆောင်းခူးလက်
…………..
ဓာတ်ပုံရိုက်ခြင်း
ကိုယ်ကို မသိမသာ စောင်းလိုက်
ဒါမှ တောင်တက်လမ်းအလှ မြင်ရမှာပေါ့
ဈေးပေါသွားမယ် အပြုံးနဲနဲလျှော့
အေး …အခုမှ
မလျှော့မတင်း စောင်းကြိုးညင်းအပြုံးပါ
မိုနာလီဇာ ။ ။
ဆောင်းခူးလက်
Comments
Post a Comment