သစ်ခက်သံလွင် တကိုယ်တော်၊ ဟိန်းမြတ်ဇော်၏ ကဗျာများ

သစ်ပင်တွေမှာအရိပ်ရှိတယ် 

Pinterest
 
သူတို့မှာနှုတ်လှန်ထိုးတတ်တဲ့
နှုတ်ခမ်းတွေမရှိဘူး။
ပျံသန်းလို့မရဘူး
အသီးများ
အပွင့်များကိုတော့
ချကျွေးလို့ရပါတယ်။ ။

ဟိန်းမြတ်ဇော်
ထားခဲ့ပါ
 
88ArtStreet
အချစ်ဆိုတာမဟုတ်ပါ
ရထားသံလမ်းဘေးက
တဲလေးတလုံးပါ
သတိရခြင်းဆိုတာ
လမင်းကြီးကိုငေးကြည့်
ကိုယ့်စိတ်ကလေးကိုကိုယ်ငေးကြည့်
အသံတိုးတိုးလေးနဲ့ သွားကြဖို့
ကြယ်ကလေးတွေကို နိုးနေတယ်။ ။

ဟိန်းမြတ်ဇော်
အဲဒါဘာဖြစ်လဲ
 
Tumblr
မတော်ဘူး
တိုင်းထားတာပဲ
ဒီလိုပါပဲ
မတော်မရောတွေ
တိမ်းစောင်းတတ်ပါတယ်
ငါမချစ်တဲ့မိုးတိမ်တွေ
အေးပေါ့လေ
ငါ့ခေါင်းပေါ်မှာ
တဘဝလုံး ခြိမ်းချောက်နေတာ
ဒီနေ့အထိလည်း တနေ့တနေ့
ငါမှမယုံတာ
အိပ်မက်ဆိုတာ ။ ။

ဟိန်းမြတ်ဇော်
နေ့စွဲများ
 
The Drip Artist
နှင်းတွေတဖွဲဖွဲကျတယ်
နေတွေပူတယ်
မိုးတွေရင်နှင့်မဆန့်အောင်ရွာတယ်။ ။

ဟိန်းမြတ်ဇော်
ကြားမှကြားရဲ့လား အချစ်ဆုံးစကား 

Pinterest
 စကားဆိုတာမဆုံးပါဘူး
ကျယ်ပြောပါတယ်
ဘယ်သူနဲ့မှစကားမပြောချင်ဘူး။ ။ 

ဟိန်းမြတ်ဇော်
သရက်သီးဝင်းဝင်းမှည့်မှည့်များ
 
FeltMagnet
အချိန်ကာလများဟာ
ပျော်ကျလာသလိုလို ခံစားမိတယ်
ကျွန်တော်ပျော်နေသလိုလိုပါပဲ
အမှန်တကယ်မဟုတ်ခဲ့
ရယ်စရာကောင်းခဲ့တယ်။ ။

ဟိန်းမြတ်ဇော်

Comments