သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ညိုထက်ညို၊၊ ဒိုရာ(Dora) နှင့် ကျော်ဇင်ငထင်တို့၏ကဗျာများ


ရက်သုံးဆယ်မှာ စက်တင်ဘာ
6iee.com
 ဒါဆိုရင် ကဗျာ ဖြစ်မှာလား
လမ်းနံဘေး လွမ်းတေးဆိုနေမယ့်အစား
ဟိုအစ်ကိုကြီးရဲ့မခင်နှင်းဆီကိုပဲ ဆိုလိုက်ပါလား
ကဗျာဆရာဆိုတာ အရူးပဲလို့ မင်းပြောမှ
ငါ မသာစဖူး တမူးသာနေခဲ့တာ သတိရ
နေမြင့်လေ ကဗျာရင့်လေပါလား
ကဗျာကို မဖတ်တာ ဘ၀ကိုမဖတ်တာ
အားလုံးအတွက် အန္တရာယ်ကင်းစင်စေမှာပါ
Say No to Poem လို့ပဲ ဆိုရမလား
အနည်းဆုံး ကွမ်းထုပ်လို့တော့ ရနိုင်မယ်
အထက်တွင် ဖော်ပြထားသကဲ့သို့သာ
အောက်တွင် ထပ်မံ ဖော်ပြမည် ဖြစ်ပါသဖြင့်
မဆီမဆိုင် ငူငူငိုင်ငိုင် ထိုင်နေမယ့်အစား
နည်းနည်းပါးပါး ထွီထွမ်လုပ်လိုက်ပါလား
ဒါနဲ့များ ကဗျာ ကဗျာ ကဗျာ နဲ့
အသံတစာစာ ရွာရိုးကိုးပေါက် လျှောက်ခဲ့ကြ
ထီးဖြူကြ ဖိနပ်ပါးကြ
ကဗျာတွေ ဖြူမကုန်ကြတာဘဲ
တော်လှချည်ရဲ့ ယွန်းပိုးဖြူ
ဘယ်မှာလဲ မင်းသံပုရာ
ဒီမှာ ငါ ကဗျာ ရနေပြီ
ဝမ်းနည်းဖွယ်ရာ စကားတွေကို
ဝမ်းသာအယ်လဲ ပြောတတ်ပြီ
ပြောလွန်းတော့လဲ ဟုန်မယ်
ခုန်မယ်ကြည့်လိုက် ပြန်တော့လည်း
ရွာလယ်သွားမယ် လန်းသွားမယ်
ဘ၀က တလမ်းသွား စစ်စစ်ပါပဲ
ကဗျာနဲ့ဆို အဖော်ဆောင်ဖို့ မေ့လျော့ခဲ့
ဒီကောင့်မှာ နေ့စေ့လစေ့ကြီးနဲ့
ဘယ့်နှယ် လန်ထွက်နိုင်ပါတော့မလဲကွာ
ကုန်ကြမ်းစစ်စစ်တွေ ပို့လိုက်ပါဦး ပြောမိတော့လည်း
မင်း ဒဏ်ရာစစ်စစ်တွေချည်း ပို့ပေးခဲ့တာပဲ
ဆုဆုမွန်ရာ၊ ပထဝီ တေဇော အာပေါ ဝါယော လောက်နဲ့တော့
ငါ ဆေးတိုးမယ် မထင်တော့ဘူးကွာ
မဲဆောက်က မင့် နှစ်ကိုယ့်တစ်စိတ် ကြီးကို ပြောလိုက်ပါဦး
လိင်တူချင်း ပေါင်းသင်းဆက်ဆံရေးမှာ
ငါ သဘာဝအတိုင်း အဆင်ပြေ ချောမွေ့နေတုန်းပါပဲ
ဗျည်းတွေနဲ့ သရတွေသာ
ငါ့ကို ဒုက္ခနာနာ ပေးခဲ့တာပေါ့ကွာ ။ ။

ညိုထက်ညို
ယုန်များနှင့်`ယုံ´တကောင်
www.getlinkyoutube.com
အမှန်တရားမရှိတဲ့နေရာမှာ
ငါတို့သာ ဘုရားသခင်ကို အားကိုးတကြီးနဲ့ ရှစ်ခိုးရရဲ့။
ငါတို့ ခွန်အားကို ငါတို့မပိုင်ဘူး။
ငါတို့ ချွေးကို ငါတို့မပိုင်ဘူး။
ငါတို့ဟာ ဆာလောင်မှုကြောင့်ခုန်နေတဲ့
ယုန်တွေဖြစ်တယ်။
မလောက်နိုင်တဲ့နေရာမှာ ယုန်ဟာ
အဆက်မပြတ် ခုန်
ခုန်တယ်။
ဒါဟာ ယုန်တကောင်ရဲ့အခွင့်အရေး
ယုန်တကောင်ရဲ့ဒီမိုကရေစီ။
ယုန်တွေဟာ သူ့ရယူပိုင်ခွင့်ကို ရခွင့်ရှိရဲ့။
ငါတို့ဟာ ခေတ်အဆက်ဆက်ယုန်များလို ခုန်ခဲ့ရရဲ့။
ယုန်မွေးသူဟာ ငါတို့ကိုငေါက်ငမ်းရုံကလွဲ
ဆာလောင်မှုကို လွတ်ငြိမ်းခွင့်မပေးခဲ့။
အမှန်တရားမရှိတဲ့နေရာမှာ
ငါတို့ဟာ တဆွေ့ဆွေ့ခုန်နေတဲ့ယုန်များသာဖြစ်တယ်။
 

ဒိုရာ(Dora)
ခေတ် 
flickeringfuse.wordpress.com
ဘယ်အရာမှ မမြင်ရက်ဘူးကွယ်
ဘယ်သံသရာ ကမ်းပဲကပ်ကပ်
သီချင်းက ရပ်မသွားဘူး။

စပါးလုံးလေးပါပဲ
ကြက်ကောက်ခံရမှာလိုလို
အပင်ပေါက်ရမှာလိုလို
ကမ္ဘာကြီးကို ဆန်တက်ခဲ့ပါတယ် ။ ။

ကျော်ဇင်ငထင်

Comments