အောက်ချင်းငှက်သည်
သစ္စာတရား၏ နိမိတ်ပုံ။
သစ္စာတရား၏ နိမိတ်ပုံ။
အောက်ချင်းငှက်သည်
ချင်းလူမျိုး၏ သင်္ကေတ။
ချင်းလူမျိုး၏ သင်္ကေတ။
ချင်းနှင့်အောက်ချင်း၊သစ္စာချင်းဆုံ
ပင်လုံ ယုံ၍ ပုံအပ်ခဲ့ကြ။
ပင်လုံ ယုံ၍ ပုံအပ်ခဲ့ကြ။
၄၇
က ၊ ဝိသေသတိုင်း
၇၄ ကျ ပြည်နယ်
မအီမလယ်၊ ကတိပြယ်ကြ
မညီမမျှ တန်းမတူ
ပင်လုံမူသည် ပလုံဖြစ်ခဲ့။
၇၄ ကျ ပြည်နယ်
မအီမလယ်၊ ကတိပြယ်ကြ
မညီမမျှ တန်းမတူ
ပင်လုံမူသည် ပလုံဖြစ်ခဲ့။
အမှားဝေဖန်၊
အောက်ချင်းသံကို
ထောင်နံရံကြား၊ ထိမ်ဝှက်ထားကြ။
ထောင်နံရံကြား၊ ထိမ်ဝှက်ထားကြ။
သစ္စာငှက်
ဇွဲ၊ ရဲရင့်ဖြတ်လတ်
တောင်ဇလပ်ပန်း၊ တောင်တန်းများကို
သစ္စာဆို လှုပ်နှိုး၊ လဲကျနိုးထ
၉၀ ကျတော့ ကိုယ်စားလှယ်။
တောင်ဇလပ်ပန်း၊ တောင်တန်းများကို
သစ္စာဆို လှုပ်နှိုး၊ လဲကျနိုးထ
၉၀ ကျတော့ ကိုယ်စားလှယ်။
ကိုယ်စားလှယ်တော်၊
မမွေ့လျော်အား
လွှတ်တော်တံခါး၊ သော့ခတ်ထား၍
ထောင်တံခါးပွင့်၊ မင်းဒဏ်သင့်ပြန်။
လွှတ်တော်တံခါး၊ သော့ခတ်ထား၍
ထောင်တံခါးပွင့်၊ မင်းဒဏ်သင့်ပြန်။
အဓမ္မကို၊
ဓမ္မနှင့် တိုက်
ခေါင်းမငိုက်ဘူး တသက်တာ။
ခေါင်းမငိုက်ဘူး တသက်တာ။
အာဏာရှင်ကို
စွမ်းအင်ရှိသမျှ၊ တဘဝလုံး
ကျုံးရုန်းတိုက်ရင်း၊ သစ္စာချင်းယှက်
အောက်ချင်းငှက်တို့ တေးသီလျက်
တောင်ဇလပ်မြေ ပွင့်ဝေလျက်။ ။
စွမ်းအင်ရှိသမျှ၊ တဘဝလုံး
ကျုံးရုန်းတိုက်ရင်း၊ သစ္စာချင်းယှက်
အောက်ချင်းငှက်တို့ တေးသီလျက်
တောင်ဇလပ်မြေ ပွင့်ဝေလျက်။ ။
(ကျဆုံးရဲဘော်
ဦးဒိုထောင်........သို့)
မောင်မှိုင်းလွင် (အင်းဝ)
၁ ၉ . ၉ . ၂ ၀ ၁ ၆
၁ ၉ . ၉ . ၂ ၀ ၁ ၆
…
ဘဝက မလုံခြုံဘူး
လမ်းလျှောက်ရင်
နောက်ကို
ခဏခဏ
ပြန်ကြည့်ရတယ်။
ဆိုင်ထိုင်ရင်
အတွင်းဆုံး
သွားပြီး
အဝင်ဝကို
မျက်နှာချင်းဆိုင်
ထိုင်ရတယ်။
ကားငှားစီးတော့
ဒရိုင်ဘာနောက်တည့်တည့်
ထိုင်တယ်။
ဘယ်သူ
ဓားနဲ့ ထိုးမလဲ
ဘယ်သူ
ဝင်ရိုက်သွားမလဲ
တိုင်းပြည်ပျက်ကြီးထဲ
ဘဝက
မလုံခြုံဘူး။
အိပ်ခါနီး
တံခါးအားလုံး
စစ်ပြီးတောင်
အိပ်မပျော်ဘူး။
မှေးခနဲ
အိပ်ပျော်သွားရင်တောင်
လည်မျိုညှစ်ခံရတယ်
အိပ်မက်ပြီး
လန့်လန့်နိုးတယ်။
ဘဝက
မလုံခြုံဘူး။
တရားဥပဒေစိုးမိုးရေးက
ကွန်ဒုံးလောက်
စိတ်မချရတဲ့ တိုင်းပြည်မှာ
ဘဝက
မလုံခြုံဘူး။
မလုံခြုံလိုက်တာမှ
သေပြီးတောင်
အုတ်ဂူ
ဖောက်ခံရဦးမယ့် ဘဝ။
နရီမင်း
၁၉-
၉- ၂၀၁၆
…
တွဲပွန်း
ရုတ်တရက်
လမ်းမပေါ်ပြေးတက်လာတဲ့
စက်တင်ဘာဟာ
အရင်လိုအဖွင့်မျိုး မဟုတ်ခဲ့ဘူး
သက္ကရာဇ်ရွှေ့ကွက်တွေမှာ
ငါတို့ ပွန်းတွေ တလုံးပြီး တလုံးကျနောက်ဆုံး
ကွင်းနဲ့ မြင်းပါ လှုပ်မရတဲ့အချိန်
မထင်တဲ့နေရာက ဘစ်ရှော့ထွက်လာခဲ့ပေါ့
လမ်းမပေါ်ပြေးတက်လာတဲ့
စက်တင်ဘာဟာ
အရင်လိုအဖွင့်မျိုး မဟုတ်ခဲ့ဘူး
သက္ကရာဇ်ရွှေ့ကွက်တွေမှာ
ငါတို့ ပွန်းတွေ တလုံးပြီး တလုံးကျနောက်ဆုံး
ကွင်းနဲ့ မြင်းပါ လှုပ်မရတဲ့အချိန်
မထင်တဲ့နေရာက ဘစ်ရှော့ထွက်လာခဲ့ပေါ့
“ချက်
(စ်) ” …
“ဖွင့်ချက် (စ်) ”….
“ဖွင့်ချက် (စ်) ”….
တဘက်က
အာဏာ
တဘက်က မေတ္တာ
စက်တင်ဘာထဲမှာ
ပါဝါချင်း ထိုးလဲခဲ့ကြတယ်
သိပ်လှမယ့် အန်းဂိမ်း
တွဲပွန်း သိပ်စကားပြောသွားပြီ …။ ။
တဘက်က မေတ္တာ
စက်တင်ဘာထဲမှာ
ပါဝါချင်း ထိုးလဲခဲ့ကြတယ်
သိပ်လှမယ့် အန်းဂိမ်း
တွဲပွန်း သိပ်စကားပြောသွားပြီ …။ ။
အေအမ်တီ
Comments
Post a Comment