သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကမ်လူဝေး၊ ဝေယု၊ မောင်နောင်မွန်တို့၏ကဗျာများ

ငြိမ်းချမ်းရေး
www.shutterstock.com
 သူ့လက်က အုန်းလက်ဓားကို ပစ်ချလိုက်တယ်
နောက်တယောက်က ကျိုက်ထီးရိုးသေနတ်ကိုထားခဲ့
တယောက်လက်ကို တယောက်ဆွဲ
မာလကာပင်ပေါ်က သူငယ်ချင်း
ပစ်ချပေးမယ့်အသီးကိုစားဖို့
သူတို့ညီညီညွှတ်ညွှတ် လက်တွဲ။   ။

ကမ်လူဝေး
….
 ခွဲစိတ်မှု
www.wsj.com
လ ဆိုတာ
တခါတခါကျ မိုက်တဲ့အမျိုးပဲ
အကြောင်းမဲ့ မဟုတ်
အကြောင်းရှိ။

အသာဖွဖွလေး
ခိုးယူပေါင်းသင်းခြင်းနဲ့ နူးညံ့မှုဟာ
ထောင်ဒဏ်ငါးနှစ်။

ညကရင့်နေပြီ
မြစ်က သေနှင့်ပြီ ။

ကျောက်တုံးတစ်တုံး နာကျင်ရသလို
ငါတို့လစ်ကြစို့ ။   ။


ဝေယု
 ….
 ဒေါင်းလန်းကြီးနဲ့ မိသားစုထမင်းဝိုင်း
www.metmuseum.org
ရင်နာတာချင်းအတူတူ
ကိုယ်ကမှ ပိုနာတယ်ထင်ခဲ့…

ကမ္ဘာမီးမလောင်ခင်ကတည်းက 
ချနင်းခဲ့တဲ့သားကောင်
ဒီသွေးနဲ့ရေးတဲ့ကဗျာထက်
ဘယ်အရာ ပိုရဲသလဲ
အမေနဲ့သား ပြန်တွေ့တဲ့ဇာတ်လမ်း
ဒေါင်းလန်းကိုချ လက်ရည်တပြင်တည်း
စားနိုင်ဖို့အရေးသာပြင်ပေတော့
အိမ်ကြီးရှင်တို့ရေ။   ။

မောင်နောင်မွန်

Comments