သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဝါကျဖြူ ၊ လင်းသက်ငြိမ်၊ တေဇလင်း နည်းပညာတက္ကသိုလ်နှင့် ကိုချမ်းမှိုင်းတို့၏ကဗျာများ

ကိုယ့်အသားကိုယ်ခြစ်ပြီးထွက်လာတဲ့အစေး 
www.pinterest.com
 အစိုဓာတ်ကိုလိုက်ရှာနေတဲ့
အရှင်လတ်လတ်...မြက်ရိုင်းတို့။

ဘုရားသခင်ဟာ
ဒီနေရာကိုဖြတ်သန်းခွင့်မပြုခဲ့ဘူး။

ငါ့မျက်ရည်တွေ
နင့်ဆီမှာအကြွေးတင်နေပြီလို့
ဘာပြောလိုက်မိမှန်းမသိတဲ့
နေ့ရက်အဝန်းအဝိုင်းတို့လှုပ်နိုး
အရိုးထဲအထိဆူးနေတဲ့နေရောင်
လူဘဝကိုအံသွားနှစ်ခုကြားမှာပဲ
လှည့်ကစားသွားတော့မယ်။

မုန်တိုင်းပြီးရင် ကမ္ဘာမြေပြင်ဟာ
အသိဉာဏ်အားလုံးကို
ပျက်စီးခြင်းခံလိုက်ကြရတာပဲ။

ငါငိုချလိုက်တော့မယ်
ကိုယ်အသားကိုယ်ပြန်ခြစ်ပြီး
ထွက်လာတဲ့အစေးနဲ့
ငါချရေးလိုက်မဲ့စကားလုံးက။

ရောဂါပေါင်းစုံနဲ့ငြိုငြင်နေတဲ့ခန္ဓာကိုယ်ကြီးကို
ရောဂါပေါင်းစုံရဲ့လေဖိအားနည်းရပ်ဝန်းကြီးတခု
မိုးကြိုး...မုန်တိုင်း...လှိုင်း
ကြားကခေါင်းပြူစ
ခန္ဓာ...ဒုက္ခ...ပရိဒေဝ...မျက်ရည်
သပ်သပ်စီပုံထားတဲ့
အပျက်အစီးပုံကြားက
ငါက သပ်သပ်။

ဝါကျဖြူ
5:34am
ဆောင်းနရီ
www.pinterest.com
မာကျူရီတွေဟာ …
ညနေခင်းတိုင်းအလင်းတွေညွှတ်ကိုင်းလာတယ်
ဥတုရာသီတခုရဲ့သမိုင်းမှာ …
စိတ်ထင်တိုင်းခရီးမပေါက်တော့တဲ့နေ့တွေတိုးဝင်
အလင်းနဲ့ပြတင်းဟာ …
အံဝင်ခွင်ကျမူချင်းကင်းကွာကျလာ
ဥပမာ …
ဆောင်းဟာတရွေ့ရွေ့တိုးဝှေ့
မီးခိုးတန်းတွေ …
တိမ်တွေဆီပြန်ခေါ်သွားတာမြင်ရ
တစုံတရာ …
ညင်ညင်သာသာကလေးပြိုဆင်းကျလာပုံ
အမိုးချွန်များ …
အိပ်တန်းပြန်ငှက်တွေနားနေ
မိုးကြိုးတန်းများ …
အလင်းဝါးဝါးတွေပျော်ဝင်
ဘယ်သို့မျှော်၍ရော်ရပါ့ …
ဘဝဘဝတွေမြင်လိုက်ကွယ်လိုက်
မီးထွန်းချိန်အိမ်အပြန် …
မြို့ပြရဲ့နံရံတွေပေါ်မှာအလျားလိုက်ဘေးတိုက်။ ။

ကိုတေဇလင်း  နည်းပညာတက္ကသိုလ်
ငါ့ဟန်းဆက်ပျက်သွားတာ ငါ့ကမ္ဘာပျက်တာပဲ
www.houzz.com
ငါ့ဟန်းဆက်ပျက်သွားတာ ငါ့ကမ္ဘာပျက်တာပဲ
ချစ်
သူ့အသံ
မိတ်
ဆွေတွေရဲ့အသံ
ဆိုရှယ်
မီဒီယာအရေးအသားများ
နေ့မြင်ပျောက်မှာငါ့ဟန်ဆက်ပါသွား
စာအုပ်
တွေဘေးမှာ ဘာလို့ငါပျော်လို့မရတော့ပါလိမ်
ငါအံ့သြရ
ငါ့
ပျော်ရွှင်မှုဟာ ဟန်းဆက်ကလေးတလုံးထဲမှာပဲလား
ငါ တုန်
လှုပ်
ကမ္ဘာကြီးနဲ့
ပဲဝေးသွားသလိုလို
ချစ်
သူနဲ့ဝေးသွားသလိုလို
မိတ်
ဆွေတွေနဲ့ကွဲကွာသွားသလိုလို
ငါ့ဟန်
းဆက်ပျက်သွားတာ ငါ့ကမ္ဘာပျက်တာပဲ
ဖုန်
းမရှိတော့မှ အိမ်ကိုဖုန်းဆက်ဖို့
သတိရမိတာသိရင်
နာကျင်​​နေမှာလား
မေ
ငါ့ ဖုန်
းသံတွေဆိတ်သုဉ်နေတဲ့အရပ်မှာ
မင်
းဘယ်လိုနေထိုင်​​နေသလဲ ချစ်သူ
ငါ့အသံ
ပျောက်နေလို့ မျှော်​​နေကြမှာလား
မိတ်
ဆွေများ
ငါ့ဟန်
းဆက်ပျက်သွားတာ ငါ့ကမ္ဘာပျက်တာပဲ
ဖုန်
းစကရင်​​နောက်​​ ကောက်​​ကောက်ပါခဲ့သူ
ငါ့ကို စာအုပ်
တွေကတော်လှန်​​နကြသလိုပဲ
စာအုပ်
တွေ စာအုပ်​​တွေလေ
အထပ်
လိုက် အထပ်လိုက် အာရုံဝင်စားမရ
စိတ်
ငြိမ်​​နေအောင် စာမျက်နှာတွေပေါ်
ထိန်
ကြောင်းလို့မရ
ငါ့ဖြစ်
တည်မှု ငါသံသယ
ငါ့
ဖျော်​​ဖြေမှု ငါမယုံကြည်
ဟန်
ဆက်ကလေးထဲနစ်​​မျှောပြီ
ကမ္ဘာကြီးကို
မေ့လျော့ထားခဲ့မိတာလား
ဟန်းဆက်က
လးထဲပျော်ဝင်ပြီ
ကိုယ်
့ပတ်ဝန်းကျင်နဲ့လွဲခဲ့တာလား
ငါ့ဟန်
းဆက်ပျက်သွားတာ ငါ့ကမ္ဘာပျက်တာပဲ
မီး
ရောင်ထိုးကျနေတဲ့အိပ်ရာပေါ်
ငါ ငုတ်
တုပ်ထိုင် ငါတွေးတော
ခြင်
ထောင်ဟာ မည်းညစ်​​နေပြီ
ခေါင်းမိုးပေါ်မှာ ပင့်ကူမျှင်များ
ငါ့ဟန်
ဆက်နဲ့ငါ့ဘဝ
နည်
းပညာဟာ စက္ကန့်နဲ့အမျှရွေ့လျား
ငါ့အသက်
ဟာလည်း စက္ကန့်နဲ့အမျှရွေ့လျား
နားထဲ မြည်
နေတဲ့ဖုန်းသံများ
ညကြီးထဲ
ချောက်​​ချောက်
ချားချား။

လင်
းသက်ငြိမ်
ကျောင်းမုန့်ဈေးတန်း 
www.pinterest.com
ဆုတောင်းလို့ပြည့်မယ်ဆိုရင်
ကလေးတယောက် တောင်းတဲ့ဆုဟာ …
‘ကျောင်းမုန့်ဈေးတန်းမှာ
နှစ်သက်ရာမုန့် အဝစားရပါလို၏’ လို့ ဖြစ်မယ်

မုန့်ဈေးတန်းဘက် ဖြတ်လျှောက်ပြီး
တံတွေးမျိုချ ပြန်ခဲ့ရတဲ့ နေ့တွေ
ဘယ်လောက်များလိုက်သလဲ

ဒီနေ့တော့ …
ဟောလိဝုဒ်မင်းသားတွေလို
ညီအစ်ကိုနှစ်ယောက်
ကျောင်းမုန့်ဈေးတန်းဘက် လျှောက်ခဲ့တယ်

‘ညီလေး’
‘မင်း ကြိုက်တဲ့မုန့်ယူ
ကြိုက်သလောက်စား’
သူ့မျက်နှာပေါ် လင်းသွားတဲ့အပြုံးလေးတချက်ဟာ
သူ့ရဲ့နိဗ္ဗ္ဗာန်ဘုံ

‘ဘာစားမလဲ’ မေးတော့
အစ်ကိုကို မရဲတရဲ ကြည့်ဖြေတယ်
‘ရေခဲထုပ်’
အစ်ကိုက မျက်နှာတချက် မဲ့သွားတော့
သူလည်း မျက်နှာလိုက်မဲ့တယ်

‘ဘာလီဖောင်း ဇီးဖောင်း
သံပုရာဖောင်း နို့အေးချောင်း’
ရေခဲချောင်းသည်က
ဂလိုင်သံ တချွင်ချွင် ပေးတယ်

ညီလေးမျက်နှာကို သေချာကြည့်ရင်း
‘အိမ်ရောက်ရင် ချောင်းမဆိုးနဲ့’ ဆိုတော့
သူ ပျော်သွားပုံက
တကျောင်းလုံး စံပယ်တွေ ထပွင့် ဖွေးကုန်တော့တယ် … ။

ကိုချမ်းမှိုင်း
စက်တင်ဘာ၊ ၂၀၁၆

Comments