သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ လင်းမိုးစွေ၏ကဗျာများ

လွန်ခဲ့သောအရေးအခင်း
newmexicomercury.com
သူလည်း
တသက်နဲ့တကိုယ်။
ကိုယ်လည်း
တသက်နဲ့တကိုယ်
သရဲ တစ္ဆေ ပုံပြင်တွေထဲကလို ခေါင်းပြတ်ကြီး
အရှင်လတ်လတ်မြင်ဖူးခဲ့တာတော့ မဟုတ်ဘူး
အသေ။

လင်းမိုးစွေ
၈/၈/၂၀၁၆
….
ပန်း မပန်တဲ့နေ့
www.colourbox.com
ဓာတ်ပုံတွေ ရှေ့မှာ
ကြေးရုပ်တွေ ရှေ့မှာ
ကျောက်တိုင်တွေ ရှေ့မှာ
ဗိမာန်တွေ ရှေ့မှာ
ဘုရားအသီးသီးရဲ့ဘုရားစင် ရှေ့မှာ
ခေါင်းပေါ်က ပန်းတွေ
မျက်ရည်တွေနဲ့  ဝေ ... ။  ။

လင်းမိုးစွေ
၁၉.၇.၂၀၁၆
….
ရေမွှေး 
inkophile.wordpress.com
 ရနံ့အသေတွေကို မပုပ်မသိုးအောင် အလုံပိတ်ပုလင်းထဲ အကျဉ်းကျနေတဲ့ တခါတုန်းက ပန်းတွေ။

လင်းမိုးစွေ
၂၈/၈/၂၀၁၆
….
ရေတံခွန် 
blog.lisacall.com
အမြင့်က ကျတာပဲ မနာဘဲ ရှိမလား
အမြင့်က ကျတာပဲ မလှဘဲ ရှိမလား

လင်းမိုးစွေ
၆/၉/၂၀၁၆
….
ရည်းစားစကား
chinaavantgarde.com
မင်းရှေ့မှာ
လက်သီးလက်မောင်းတွေ မတန်းတော့ဘူး
လက်ကလေး နောက်ပစ်လို့
တကိုယ်တော်ဆန္ဒ ပြပါရစေ။

လင်းမိုးစွေ
၇.၀၇.၂၀၁၆
….
ဥပုသ်နေ့ 
bombmaazine.org
 တပတ်တခါသာဆိုပေမယ့်
သီလဆိုတာ
ခါးဝတ်ပုဆိုးလို မြဲရမယ့်အကြောင်း
ရွာဦးကျောင်းဦးဇင်းလေးက
ဟောတယ်...။
တပတ်တခါသာဆိုပေမယ့်
သီလဆိုတာ
စပါးပေါ်မှ ပေးရမယ့်အကြွေးလို့
သီလယူပြန်လာတဲ့အမေ့ကို အဖေကညည်းရင်း
ပြောတယ်...။
မျောက်ပန်းရှူံးလို့ အိမ်ပြန်လာတဲ့ကျွန်တော်
အမေ့လက်ထဲက
ဦးဇင်းလေးစွန့်လိုက်တဲ့ ငှက်ပျောဖီးကြီးကို ကြည့်ပြီး
အဖေ့အတွက် မထောင်းတာပေမယ့်
ကျွန်တော့်အတွက်
ပျော်စရာ...။      ။

လင်းမိုးစွေ
….
ငြိမ်းချမ်းရေးသို့ ဦးညွှတ်ခြင်း 
www.laurabarbosaart.com
 အားလုံး
သက်သာ
အားလုံး
အေးစေ မှာ
အရပ်အနိမ့်အမြင့် ညီအောင်ညှိလို့မရပေမယ့်
အရှေ့အနောက်ဘယ်ညာ ညီအောင်ညှိလို့ရပါတယ်
အားလုံးတတန်းတည်းဖြစ်အောင်
အားလုံး
သတိရှိဖို့လိုသလို
အားလုံး
အသိရှိဖို့လိုပါတယ်...။ ။

လင်းမိုးစွေ
၃/၉/၂၀၁၆

Comments