သစ်ခက်သံလွင် တကိုယ်တော်၊ ကိုကျူး၏ကဗျာများ



ကိုကျူးတကိုယ်တော် ကဗျာများ
 
keenewilson.com

 












ငြိမ်းချမ်းရေး ဟာ ပန်းတွေပွင့်နေတယ်


ပန်းတွေပွင့်တော့ မွှေးရနံ့တွေရတယ်
ပန်းတွေရဲ့မွှေးပျံ့မှုဟာ ငြိမ်းချမ်းရေးပေါ့၊

ထိလွယ်ရှလွယ်တဲ့ ရုပ်နာမ်တရား
အမှားတွေ များလွန်းတော့
ဘယ်မှာလည်း မေတ္တာတရား
အနားမှာ ငြိမ်းချမ်းရေး မရှိဘူး
တရားထူးတရားမြတ်တွေ ကင်းမဲ့ပုံ၊

အယူဝါဒများ
ဘာသာတရားများ
အတွေးအခေါ်များ
အစွဲအလန်းများ
ကမ္ဘာပေါ် လေလွင့်နေတုန်း၊

လေဟာ တိုက်ခတ်လာပေါ့
လေထဲက ပန်းရနံ့များ
ငြိမ်းချမ်းသော ကမ္ဘာဖြစ်စေသား။ ။


ကိုကျူ
၃ ၁ • ၇ • ၂ ၀ ၁ ၆



 
eliseblaha.typepad.com











ေ ရ မ် ာ း

လမ်းထိပ် ရေဘုံဘိုင်လေးမှာ
ရေဟာ တစ်စက် တစ်စက် ကျလို့ ၊

အိမ်ရှေ့ တံစက်မြိတ်ကနေ
ရေဟာ တစ်စက် တစ်စက် ကျလို့ ၊

ငါ့ ခန္ဓာကိုယ်ပေါ်ကနေ
ရေဟာ တစ်စက် တစ်စက် ကျလို့ ၊

ရေ တွေ
ရေ တွေ
မြောင်းရေ တွေ
ချောင်းရေ တွေ
မြစ်ရေ တွေ
ပင်လယ်ရေ တွေ၊

ရေတွေကြီးလို့
ရေတွေ လျှံလို့
ရေ တွေ
ရေ တွေ
ဒုက္ခဟာ ပင်လယ်တွေ ဝေလို့။ ။


ကိုကျူး
၁ • ၈ • ၂၀၁၆


alifon.livejournal.com














ပန်းချီဆရာ


လမ်းပေါ် လျှောက်ခဲ့တယ်
လေထဲ ပျံဝဲခဲ့တယ်
လေးကို တင်ခဲ့တယ်
လေယဉ်ပျံ ပျက်ကျဖူးတယ်၊

စိတ်ကူးယဉ်မှုကို
လှလှပပ ဆေးရောင်ခြယ်သ သူ၊

နားရွက်ကို ဖြတ်ခဲ့တယ်
နားထင်ပေါ် ကျည်ဆံသင့်ခဲ့တယ်၊

လူကိုယ်တိုင် သေတော့မှ
သူ့ နာမည်စာတန်း ထိုးလိုက်ရဲ့

သက်တန့်ပေါ်မှာ
အရောင်ရေးမယ်။ ။



ကိုကျူး
၂ | ၈| ၂၀၁၆
ပန်းချီဆရာ အနုပညာရှင်များသို့


….
 
statusmagonline.com














တေ ယာ ထိုး သံ ကြား က မျက် ရ ည်


လမင်းကို မော့မကြည့်ဖြစ်တာ ကြာပြီ
လငပုပ်ဖမ်းမှာ စိုးလို့

နေမင်းကို မော့မကြည့်ဖြစ်တာ ကြာပြီ
နေကြတ်မှာ စိုးလို့။

တိမ်တွေကို မော့မကြည့်ဖြစ်တာ ကြာပြီ
တိမ်တွေပြိုမှာ စိုးလို့။

ကြယ်တွေကို မော့မကြည့်ဖြစ်တာ ကြာပြီ
ကြယ်တွေ ကြွေမှာ စိုးလို့။

စိုးရိမ်စိတ် နဲ့ လမ်းပေါ် ခေါင်းငိုက်ပြီး
စိုးရိမ်စိတ် နဲ့ လမ်းပေါ် လျှောက်လာသူ
လမ်းတွေပျောက်မှာ စိုးလို့။

တယောသံကြားတိုင်း
မျက်ရည်မကျပါရစေနဲ့ ကမ္ဘာ
ငါ ကဗျာဆရာ ဖြစ်နေလို့။ ။


ကိုကျူး
၎ • ၈ • ၂၀၁၆



 
www.etsy.com












ေ ရ စ က္ က ေ လ း


လျှော်ပြီးသား အင်္ကျီလေးတထည်ရဲ့
ရေစက်ကလေးပါ၊
သောက်ပြီးသား ရေခွက်ကလေးရဲ့
ရေစက်ကလေးပါ၊
မိုးရွာပြီးစ ဓာတ်ကြိုးလေးပေါ်က
ရေစက်ကလေးပါ၊
တံစက်မြိတ်ကလေးပေါ်က
ရေစက်ကလေးပါ၊
ခန္ဓာပေါ်ကကျဆင်းသွားသော
ရေစက်ကလေးပါ၊
အမျှ အမျှ အမျှ
ရေစက်ခွက်ကလေးကို မ လို့
နတ်လူသာဓုခေါ်စေသော်ဝ်….။


ကိုကျူး
၅ • သြဂတ်စ်• ၂၀၁၆

Comments