သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကြည်မောင်သန်း၊ ကမ်လူဝေး၊ တည်ဘွားဦးတို့ရဲ့ ကဗျာများ


လူအတွက်လူ

vi.sualize.us
လူတွေကို
လူတွေကမကူညီရင်
ဘယ်နတ်က လူကူညီမှာလဲ
လူတွေကို
လူတွေကမစောင့်ရှောက်ရင်
ဘယ်ဂြိုဟ်သားက လာစောင့်ရှောက်မှာလဲ
လူလားမမြောက်ခြင်းများ
လူစဉ်မမီခြင်းမျာ
လူညွှန့်တုံးခြင်းများ
လူဖြစ်ရှုံးခြင်းများ
ထိုလူများမသေဆုံးမီ
လူကိုလူချင်း ကူညီကြစမ်းပါ
လူကိုလူချင်း စောင့်ရှောက်ကြစမ်းပါ
သင့် လူတယောက်ဖြစ်ခဲ့တာ
သေချာတယ်ဆိုရင်ပေါ့ 

ကြည်မောင်သန်း


ကယ်ဆယ်ရေး

www.davincismuse.com

ကောင်းကင်က ငိုမဝသေးဘူး
ရေထဲက
ငါတို့ဘဝတွေကို သနားလွန်းလို့။ ။

ကမ်လူဝေး


မေတ္တာစာ

kazuya-akimoto.com
 အခု
ကြီးနေတဲ့ရေဟာ
ကျနော့်မျက်ရည်တွေ
မပါခဲ့ဘူးဆိုတာ
မညာတတ်သူတွေ သိပါစေ။ ။

တည်ဘွားဦး

Comments