သစ်ခက်သံလွင် အက်ဆေး၊ ကျော်ကျော်မြရည်စမ်း၏ လက်ကိုင်ပုဝါလေးနှစ်ထည်၊ (၂၈ နှစ်မြောက် ၈ လေးလုံနေ့အထိမ်းအမှတ်)



လက်ကိုင်ပုဝါနှစ်ထည်​​ကြောင် 
(၂၈ နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်)

 ကျော်ကျော်မြရည်စမ်း


 ရေဒီယိုနားထောင်ဖို့ ခေါ်​​တော့ မောင်နှမနှစ်​​ယောက်လုံး ရေဒီယိုနား ရောက်ခဲ့ကြသည်။  
        ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၂ ရက် နေ့၊ ည ၈ နာရီသတင်း။  ဇွန်လ ၂၁ ရက်​​နေ့က၊ ကျောင်သားများ ဆန္ဒပြသည့်အ​​ကြောင်း။

       လက်ကိုင်ပုဝါလေးတွေကို  ယခုအခါ အသက် လေးဆယ်​​ကျော်​​ကျော်ရှိနေသူတိုင်း အသုံးပြုဖူးကြမည် ဟု ကျနော် ထင်ပါသည်
ယခု ခေတ်ကို ဖြတ်သန်နေကြသည်လူငယ်​​လေး တော်​​တော်များများကိုတော့ လက်ကိုင်ပုဝါ ဆောင်ထားတာ၊ သုံးတာမတွေ့ရတော့။
သူတို့ခေတ်မှာ အလွယ်တကူ သုတ်သင်သန့်စင်နိုင်သည့် တစ်ရှူးစက္ကူလေးများ အလွယ်တကူရ အောင် ပေါများလာတာ​​​ကြောင့်လည်း ဖြစ်​​ကောင်း ဖြစ်နိုင်သည်
           ကျနော်တို့လူငယ်ဘဝကို ဖြတ်သန်းရသည့်အချိန်များမှာတော့ တဖက်သတ်ပိတ်ထား သည့် "တံခါးပိတ်ဝါဒ" ​​ကြောင့် ဘယ်အသုံးဆောင် ပစ္စည်းကိုမျှ လွယ်လွယ်နှင့်မရခဲ့ဖူးချေ။ ထို့ကြောင့် ထင်ပါသည်ခက်ခက်ခဲခဲကြိုးစားမှုကြောင့်အသုံးအဆောင် ပစ္စည်လေးတခုတလေ တိုး လာတိုင်းလည်း  တန်ဖိုးထားတတ်ခဲ့ကြသည်
တောမြို့လေးကနေပြီး ရန်ကုန်မြို့ကြီးဆီကို  အထက်တန်းပညာသင်ကြားဖို့ ​​ကနော်​​ရောက်လာတော့ အသက်ဆယ့်လေးနှစ်​​ကျော်စ အချိန်၊ လူပျိုပေါက် ရှိုးထုတ်တတ်အချိန် ထိုစဉ် ကာလက ရန်ကုန်မြို့က  ကျနော့်အရွယ်တူ သူငယ်ချင်းများ၏ကျောင်းလွယ် အိတ်ထဲတွင် လက်ကိုင်ပုဝါ လေးတွေ ကိုယ်စီ ပါကြ သည်တောသားကျနော်လည်း ဘာရယ်ညာရယ် မဟုတ်မြို့သားဂိုက်ပေါက်​​အောင် သူတို့ကို တုရသောအခါ လက်ကိုင်ပုဝါလေးတစ်ထည်ဝယ်ကာ ကိုင် ဖြစ်ခဲ့သည်
          ကျနော့်အဒေါ်အိမ်က တောင်ဥက္ကလာပ၊ ဆယ်ရပ်ကွက် တွင်ရှိပါသည်။ ထိုအိမ်မှ နေ၍ အ.ထ.က (၃)သို့အဒေါ်၏သမီးဖြစ်သူ အမဝမ်းကွဲနှင့် ကျောင်းအတူ သွားကြသည်။  ရပ်ကွက်နှစ်ခု ကျော်ခြေကျင်သွားကြခြင်းဖြစ်ရာ  မနက်ခင်းဖြစ်​​သော်လည်း  ကျောင်ရောက်ခါ နီးတွင် မျက်နှာတွင် ချွေးစ လေးများစို့လာသည်။ အမဖြစ်သူ၏မျက်နှာတွင်လည်ချွေးစတွေနှင့်။ 
ထိုအခါမျိုးတွင် လက်ကိုင်ပုဝါလေးတွေကိုယ်စီနှင့်ချွေးသိပ်သွားအောင် မျက်နှာကိုဖွဖွ တို့ရသည်။ ပြီးတော့ တရိုတသေလေး ပြန်သိမ်းရသည်
         လက်ကိုင်ပုဝါ ကိုကာလာစုံသုံးသည်ဆရာများကိုလည်း ထိုစဉ်ကာလက တွေ့ခဲ့ရဖူးသည်ကျောင်းတက်သည်မှာ တောင်ဥက္ကလာပ၊ အ.ထ.က (၃) ဖြစ်​​သော်လည်း ကျူရှင်တက်​​သောအခါ သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဓာတုဗေဒဆရာ ဦးညီညီနှင့် ရူပဗေဒ ဆရာဦးဉာဏ်လွင်တို့ထံ သွားတက်ရသည်
ဆရာဦးညီညီသည် ဓာတုဗေဒ သင်​​သောအခါ စာသင်စတိတ်ခုံပေါ်ခေါက်တုံခေါက်ပြန် လမ်လျှောက်ရင်း အားပါးတရ သင်တတ်သည်။ စီးကရက်ကိုလည်း မနားတမ်း ဖွာတတ်​​သေးသည်။ ပြီးတော့ ချွေးထွက်လာလျှင် ခါးကြားမှလက်ကိုင်ပုဝါထုတ်ပြီး အားရပါးရသုတ်တတ်သည်။ နှစ်ခါသုံးခါသုတ်ပြီးလျှင်ထိုလက်ကိုင်ပုဝါ ကို ကျူရှင်စာရေးတယာက်ကလာသိမ်းပြီး ဆရာ့လက်ထဲ အသစ်တထည် ထည်ပေးတတ်သည်။ တရောင်ပြီးတရောင်၊ ရောင်စုံလက်ကိုင်ပုဝါလေးများကို စာသင်​​နေရင်း လှစ်ခနဲ လစ်ခနဲမြင်တွေ့ရသည်
ဆရာဦးဉာဏ်လွင်ကျပြန်​​တော့ ဆရာဦးညီညီလို အော်ဟစ်လမ်းမလျှောက်ချွေးမထွက်ပါ။ သို့သော် မကြာခဏဆိုသလို သူဝတ်ဆင်ထားသည့်တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပုဝါရောင်စုံလေးများ ကိုထုတ်၍  ချွေးသိပ်သလို မျက်နှာကို တို့တတ်သည်
          ဇွန်လ ပထမအပတ် ကျောင်းဖွင့်ပြီးမကြာခင်မှာ  ကျောင်းစည်းကမ်းများတင်းကျပ်လိုက်သည်ကျောင်နောက်ကျလျှင် ကျောင်းတံခါးဖွင့်မပေးတော့။ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လိုက်ပို့ ပါမှနောက်ကျသည်ကျောင်းသားကို တံခါးဖွင်ပေးပါသည်။ ကျနော်နှင့် ဝီရိယကောင်းလှသည့် အမ ဖြစ်သူကတော့ ကျောင်နောက်ကျသည်ဟူ၍ မရှိ။ ဝီရိယနည်သော ကျနော့်ကို အမဖြစ်သူက အစဉ်အမြဲ တွဲခေါ်ပါသည်။ 
          တောမြို့လေးက ကျောင်းလာတက်သည်ကျနော်အဖို့ ထူးဆန်းအံ့သြဖွယ်ရာများကို မကြာ ခင်မြင်ရ၊ ကြားရတော့သည်ကျောင်းမုန့်စားဆင်း ၁၅ မိနစ်နားချိန်တွင်စည်းကမ်းတင်းကျပ်စွာ ပိတ်ဆို့ထားသောကျောင်းဝင်းအတွင်းသို့ တက္ကသိုလ်ကျောင်းသားအကိုကြီးနှစ်​​ယောက်၊ သုံးယာက်တတွဲ တရားလာဟောကြခြင်းပင်
အံ့သြစရာပင်။  မည်သို့မည်ပုံ ဝင်လာကြသည်မသိ။ ကြည့်မိချိန်တွင် သန့်စင်ခန်ဘေးက အုတ်​​ရ ကန်​​ပေါ်တက်ပြီး တရားဟောနေပြီ။ ခေါင်းစဉ်က အာဏာရှင်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှု များအ​​ကြောင်း။
ထိုတက္ကသိုလ်​​ကျောင်းသားအကိုကြီးများသည် ၄င်းတို့၏မျက်နှာတစ်ဝက်ကို လက်ကိုင်ပုဝါကိုယ်စီဖြင့် ဖုံးအုပ်ထားကြ၏။
        ကျနာ့်မှာ သူတို့၏အသံကိုသာကြားရပြီး မျက်နှာအပြည့်အစုံ မမြင်သောအခါ  အားမလို အားမရ ဖြစ်သေးသည်။  ထိုစဉ် ဆရာမများရောက်လာပြီး သူတို့ကိုသနားလျှင်ပြန်ကြပါဟုပြောသောအခါ ထိုအကိုကြီးများက  ၅ မိနစ်လောက်​​တော့ခွင်ပြုပေးပါဆိုပြီး တရားဆက်​​ဟောကြသည်ကျောင်းပြန်တက်ရန် ခေါင်လောင်းထိုးလိုက်လျှင်အလျှိုလျှို  ပျောက်သွားကြပါသည်
       ထိုကဲ့သို့သောညမျိုးတွင် ကျနော်၊ အတော်နှင့် အိပ်ပျော်​​တော့၊ မုန့်စားဆင်းချိန်ကြားခဲ့ရသော စကားများကို ပြန်ကြားနေပြီး လက်ကိုင်ပုဝါအုပ်ထားသော မျက်နှာတဝက်ကိုသာ မြင်ယောင်နေမိသည်
ကျနော်တို့ငယ်ဘဝကဖတ်ခဲ့ရသော ကာတွန်း ရုပ်ပြများထဲတွင် လူဆိုးဓားပြများသည်သာ မျက်နှာကို ပုဝါအုပ်၍ ရုပ်ဖျက်ကြရသည်။ ထိုတက္ကသိုလ်​​ကျောင်းသား အကိုကြီးများသည်ကား လူဆိုးဓားပြများမဟုတ်ပါဘဲနှင့် ရုပ်ဖျက်ကြရရှာသည်။ အဘယ်​​ကြောင့်နည်း။ တောသား ကျနော် ဉာဏ်မမီစွာစဉ်းစားပြီး အတွေး ချာချာလည်ခဲ့ရဖူးပါသည်
           ဗဟုသုတအတော်အတန်ပြည့်ဝနေသော  ရန်ကုန်သူ အမပြောပြမှသာ သူခိုးကလူပြန်ဟစ်န၍  တက္ကသိုလ်ကျောင်းသားအကိုကြီးများ  ရုပ်ဖျက်ထားကြရသည့်အ​​ကြောင်း ကိုသိခဲ့ရ၏။ ထိုနေ့ညတိုက်တိုက်ဆိုင်ဆိုင် ...ည ၈ နာရီတွင်  BBC မှ သတင်းလာသည်
        ဦးလေးဖြစ်သူက  ရေဒီယိုနားထောင်ဖို့ ခေါ်​​တော့ မောင်နှမနှစ်​​ယောက်လုံး ရေဒီယိုနား ရောက်ခဲ့ကြသည်။  
        ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၂ ရက် နေ့၊ ည ၈ နာရီသတင်း။  ဇွန်လ ၂၁ ရက်​​နေ့က၊ ကျောင်သားများ ဆန္ဒပြသည့်အ​​ကြောင်း။
စစ်တပ်၏လုံထိန်းကားများနှင့် လမ်ပေါ်မှာတင် တိုက်သတ်သည့်အကြောင်း။
ကလေးတွေ သေဆုံး။ အရေအတွက်အတိအကျမသိရသည့်အကြောင်း။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်ရှိ  "စာပေနှင့်အနုပညာရှင်များ" က လွှတ်တော်သို့ကန့်ကွက်စာတင်ကြောင်း။ စာပေ သမား ၁၀၀ ကျော်လက်မှတ်ရေးထိုးတင်ပြကြောင်း  ...​​ကြေညာသွားပါသည်။ အမက လက်ခုပ် တီး၍ ရေဒီယိုကို အားပေးသည်
ကျနော် အူလည်လည် ဖြစ်​​နေသည်
         စာကြည့်စားပွဲရောက်မှ သူတိုးတိုးလေးပြောပြ၍  အကြောင်းစုံသိရသည်
ရန်ကုန်​​မွေး၊ ရန်ကုန်ကြီးသည့် အမက ရန်ကုန်၏လတ်လောအခြေအနေကို အတော်ပင်သိနေသည်။  
        ကျနော့်မှာ.. မရောက်ဘူးသည့်ပြည်လမ်းမကြီးဆီသို့ စိတ်ကူးဖြင်ရောက်သွားပြီ။ "ဒို့အရေး...ဒို့အရေး...." အော်ဟစ်​​​​ကြွေးနေသည့်ဘဝတူ အဖြူအစိမ်လေးများကို  မြင်​​ယောင်လာ သည်။  စစ်ကားကြီးများ၏အသံများ ကြားလာသည်။ ပြီးတော့ ငယ်သံမပျောက်သေးသည့် နာကျင်ဟစ်​​အော်သံများ။ သွေးကွက်များ။ 
စိတ်ကောင်းခြင်းများစွာနှင့် အိပ်ရာဝင်ခဲ့ရပါသည်
         မနက်​​ကျောင်းသွားတော့ ၃၁ ဘတ်စ်ကားဂိတ်နားက စတိုးဆိုင်ရှေ့ မှာ ကျနော့်ကို ရပ်​​စောင့်ခိုင်းပြီး ဈေးဝင်ဝယ်သည်။ ပြန်ထွက်လာတော့ ပလပ်စတစ်အကြည်ဖြင့်ထုပ်ပိုးထားသော လက်ကိုင်ပုဝါကြီးနှစ် ထည်။  တည်ကို သူ့ကချင်လွယ်အိတ်အနီရောင်ဘေးအိတ်​​လေးထဲထည့်ပြီး၊ နောက်တထည်ကို ကျနော့်  ရှမ်းလွယ်အိတ်အပြာရောင်​​လေး၏ ဘေးအိတ်ထဲသို့ထည့်ပေးသည်။ အခုမသုံးရသေးဘူး။ ဒါပေမဲ့ အမြဲ ထည့်ထားရမယ်ဟု ဆို၏။
           ထိုအချိန်မှစ၍ ကျနော့်လွယ်အိတ်ထဲတွင် အသုံးမပြုရသေးသည့် လက်ကိုင်ပုဝါတစ်ထည်အမြဲပါခဲ့သည်။ ဓာတု၊ ရူပကျူရှင်များရောက်တိုင်း ဆရာများ၏လက်ကိုင်ပုဝါရောင်စုံများကို ကြည်ဖြစ်ဆဲ။ 
            ကျောင်းဖွင့်ရက်မုန့်စားဆင်းချိန်များတွင်တက္ကသိုလ်​​ကျောင်းသားအကိုကြီးများ ခပ်စိပ်စိပ်​​ရောက်လာတတ်ကာ  လက်ကိုင်ပုဝါမျက်နှာအုပ်၍ တရားဟောဆဲ။ ကျနော်တောသား၏ဉာဏ်ဦးနှောက်ကျည်​​ပွေ့လည်း အတက်နည်းနည်းချင်း ထွက်ခဲ့ပြီ။  လက်ကိုင်ပုဝါလေးနှစ်ထည်ကတော့ ကိုယ်စီနေရာယူငြိမ်သက်ကာ  သူခိုးက လူပြန်ဟစ်သည့်ခေတ်ကိုသရုပ်​​ဖော်ရမည့်အချိန်ကို စောင့်စားဆဲ။
        ထိုနေ့ မနက်​​ကျောင်းတက်ကတည်းက ဆရာ၊ ဆရာမများ မျက်နှာမှာ စိုးရိမ်ပူပန်သည့်အရောင်ဟပ်နေတာတော့ သတိထားမိသည်။  ဆရာမတယောက်က
" သူများယောင်လို့ယောင်  အမောင်​​တောင်မှန်မြောက်မှန်းမသိ မလုပ်ကြနဲ့ " ဟု ပြောသောအခါ အမက ထိုဆရာမကိုမထီသလို လှမ်းကြည်တာတော့ ကျနော်​​တွေ့လိုက်သည်။  မုန့်စားဆင်းချိန် ကျနော့်အနားသို့ အမရောက်လာပြီး၊ ကျောင်းဆင်ခေါင်လောင်းထိုးတာနဲ့သူ့အနားကပ်နေဖို့မှာ သည်
         ကျောင်းဝင်းအပြင်ဘက်​​ရောက်​​တော့  ကျနော်တို့ရွယ်တူ ကျောင်းသားများစောင့်ကြိုနေ ကြပြီ။ အမက သူ့လက်ကိုင်ပုဝါကြီးကိုထုတ်၍ မျက်နှာစည်းလိုက်ပြီး၊ ကချင်လွယ်အိတ်နီကို စလွယ်သိုင်း လိုက်သည်
သူ့အရိပ်အကဲကြည့်နေသူ ကျနော်လည်း သူနှင့်တသဝေမတိမ်း လိုက်လုပ်​​တော့သည်။  မောင်နှမနှစ်​​ယောက် လက်ချင်းမြဲမြဲတွဲကာ  လူတန်းကြီးနှင့် ပါသွားသည်။ 
           ၃၁ ဘတ်စ်ကားဂိတ်၊ သံသုမာလမ်းချိုင့်ဝှမ်းများ၊ ၃၇ ဘတ်စ်ကားဂိတ်၊ စာတိုက်လမ်းဆုံ၊ 

           "နေဝင်းအစိုးရပြုတ်ကျရေး
           ဒို့အရေး....
           ဒီမိုကရေစီ၊ ရရှိရေး
           ဒို့ အရေး....."
           
အော်ရလွန်း၍ လည်ပင်းများနာလာသည်
         မောင်နှမနှစ်​​ယောက် လက်တွဲများပြုတ်သွားလိုက်၊ သတိရချိန် ပြန်တွဲလိုက်...။ခြေထောက်များ အားမစိုက်ရပါဘဲနှင့် ရွေ့သွားတာပြန်မှတ်မိသည်ရွှေတိဂုံကိုလှမ်းမြင်နေရပြီ။ ဟစ်ကြွေးသံများ ညံဆဲ။
ခြေလှမ်းများသွက်ဆဲ။
        " သူများယောင်လို့ယောင်မောင်​​တောင်မှန်မြောက်မှန်း မသိ" ဟု ဆရာမပြောခဲ့သည်စကားကို ပြန်သတိရမိသည်။ မဟုတ်ပါ။  ယောင်ခြင်းမဟုတ်ပါ။ တောင်မှန်မြောက်မှန်းလည်းသိ ကြပါ၏။  လူကြီးများအိမ်မှာ တိုးတိုးကျိတ်​​ပြောရသည့်မကျေမနပ်စကားကို၊ လမ်းမများပေါ်ထွက် ၍အော်ဟစ်ခဲ့ကြပြီ။ 
လက်ကိုင်ပုဝါလေးတွေ မျက်နှာစည်းလို့ လူဟစ်နေသည့်သူခိုးများ၏သရုပ်မှန်​​ပေါ်အောင်ဖော်ထုတ်ခဲ့ကြလေပြီ။
၂၈ နှစ်တာကြာခဲ့ပါပြီ။ ဝီရိယရှိ၍ ဉာဏ်ထက်​​သော အမသည်  ဆရာဝန်မဟုတ်သည်ဒေါက်တာဘွဲ့ကို  ဂျပန်ပြည်ကယူလာခဲ့တာ အတော်ကြာပြီ။  ကျနော်ကတော့၊ ၈၈ အရေးတော်ပုံ ကြီးပြီးတော့ တောမြို့လေးပြန်သွားခဲ့ပြီး၊ တနေ့တခြား ပေါများလာသော မူးယစ်​​ဆေးဝါးထောင်​​ချောက်တွေက လွတ်အောင် မနည်ရှောင်ခဲ့ရသည်။  အနားမှာ..စီမံခန့်ခွဲ ပေးတတ်သည့်လက်ကိုင်ပုဝါဝယ်​​ပေးသူအမမရှိတော့   ပညာရေးမှာ ယောင်ချာချာ။
အမနှင့် ကျနော်ယှဉ်နိုင်တာကတော့ သားသမီးအရေအတွက်ပင်။ ကျနော်ကသုံးယောက်။ပညာမက်​​မောသူ  အမကတယောက်တည်း။  
တူညီတာကတော့ ယနေ့ထက်တိုင်ထိုစဉ်ကလက်ကိုင်ပုဝါလေးတွေကိုကိုယ်စီသိမ်းထားကြခြင်းပင်

ကျော်ကျော် မြရည်စမ်း


Comments