သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ကြူးရင့်၊ နေစိမ့်၊ ကိုပွေး၊ မောင်ရဲနွေ ပလိပ်တို့၏ကဗျာများ

နိုင်ငံတကာကိုခရီးထွက်ခြင်း
freshpaintmagazine.com
 ကဗျာဆရာ့လိုင်စင်နဲ့
နိုင်ငံတကာကိုခရီးထွက်မယ်
ဇင်ဘုန်းတော်ကြီးတွေရဲ့
ဟိုက္ကုကဗျာမွေးဖွားရာ
ချယ်ရီပန်းတွေဝေနေအောင်ပွင့်တဲ့
ဂျပန်ပြည်ကိုသွားမယ်
အမျိုးသမီး
ကာကွယ်ရေးဝန်ကြီး
တိုမာမီအနာဒါနဲ့တွေ့မယ်
ပင်လယ်ထဲကပင်လယ်ဓားပြသာမက
မြေပြင်ပေါ်ကပင်လယ်ဓားပြပါ
ချေမှုန်းရေးကိစ္စဆွေးနွေးမယ်
တောင်းရမ်းစားသောက်သူ
မရှိတဲ့တိုင်းပြည်
နယူးဇီလန်ကိုဝင်မယ်
ဗမာကဗျာဆရာ
ဗမာစာပေမွေ့သူတွေနဲ့တွေ့မယ်
ဥရောပစာပေအကြောင်းဆွေးနွေးမယ်
အမေရိကန်ကိုဝင်မယ်
တေလာဆွိစ်နဲ့စင်ပေါ်မှာ
သီချင်းတပုဒ်တွဲဆိုမယ်
အရေးကြီးမိတ်ဆွေ
အင်ဂျလီနာဂျိုလီနဲ့တွေ့မယ်
ကမ္ဘာ့ဒုက္ခသည်စခန်းတွေသွားပြီး
အတူတူအလုပ်လုပ်မယ်
ပြီးရင်
ကဗျာဆရာ့လိုင်စင်နဲ့
ကိုယ့်အိမ်ကိုယ့်ယာပြန်လာမယ်

မောင်ကြူးရင့်
၁၇့  ၈့  ၂၀၁၆
 ….
 မသင်မနေရ သင်ခန်းစာ 
poulwebb.blogspot.com
 ငတ်မွတ်ခြင်းဆိုတာပြဋ္ဌာန်းထားတဲ့အဘိဓာန်
ဒုက္ခကတော့အလွတ်ရနေတဲ့ဂါထာ
ဆာလောင်ခြင်းလားငါတို့ကိုယ်ထဲကမိစ္ဆာ
ရှင်သန်ခြင်းနဲ့ ဆင်တာကတောင်ကြားကယမ်းငွေ့တလူလူ
မွေးရပ်မြေလား
ဒီ ဒုက္ခသည်စခန်းပေါ့
အဓိပ္ပာယ်အတိအကျမရှိသေးတာက မနက်ဖြန်။ ။

နေစိမ့်
 ဒိုးနတ်စားသူများ
www.headforart.com
 ကမ္ဘာဦးက အမှန်လေး
မျက်စိထဲက မထွက်နိုင် မထုတ်နိုင်
ဗုဒ္ဓက ဘယ်မှမရွေ့
မြင်ရက်နဲ့ မတွေ့နိုင် မဖူးနိုင်
"ရေစင်သောက်မိမှတော့
တနှစ် တခေါက် ရောက်ရပြီပေါ့" တဲ့

ပုဝါနီလေး ကာထားပေမဲ့
ဆက်တဲ့လက်တွေ တဆာဆာနဲ့
ဘုရားပန်း မလဲနိုင်သေးဘူး
အုတ်နှစ်ချပ်က လပ်နေလို့
နတ်ကလဲ နတ်ကတော်ပဲ ပူးတယ်
ထူးလဲမထူး ရူးလဲမရူး
ပပါတယ် သပါတယ်
မပါ စပါ ။ ။ ။

ကိုပွေး
၁၆၈၁၆
 …
 ငြိမ်းချမ်းရေး
www.artfixdaily.com
 ဆာလောင်မွတ်သိပ်မှုတွေ
ချုပ်ငြိမ်းတဲ့တနေ့
သေနတ်သံတွေ  ပန်းတပွင့်ဖြစ်လိမ့်မယ်

မောင်ရဲနွေ  ပလိပ်
၁၆.၈.၁၆

Comments