သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဒီသစ်၊ မောင်သော်တာ၊ ဆလိုင်းမြတ်နိုးသူနှင့် ဉာဏ်လင်းဦးတို့၏ကဗျာများ

ကျောရိုးသေည 
KT#
 စိတ်ကူးမြှင့်
စိုထိုင်းဖတ်တွေ
ကောင်းကင်တခုလုံးယောင်ကိုင်း
မြေအဝှမ်းရိုးပြတ်တွေ
နဖူးကွဲဒူးပြဲ။

ကြယ်တွေ
ပြာလဲ့ကွန်ယက်
အပေါ်မျက်ခွံလွှာဝှက်
တောအုပ်ပင်လယ်
သားရဲတွင်းကျ။

လျှပ်လက်ပါးစေ
ကျောက်ဆောင်ဥက္ခောင်းကို
မာန်ဖီအစွယ်ပြ
အိပ်မက်အကြွေစ
ဖြန့်ခင်းထား။

ဟိုး… အဝေးကြီးစက်ဝိုင်း
နွားခွာရာတွေ
ခြေဖဝါးကြမ်းကြီးတွေ
နေနဲ့နာရီမြို့လို
မျိုးစေ့တောင်းမှောက်ချ။

အရှေ့ဘက်တောင်တန်းများရဲ့ပခုံး
နှင်းဆီကုန်းနှီးအသစ်
မတတ်ဆင်ဖြစ်သေးခင် ။

ဒီသစ်

….

မြေစာ…ဘုံ
KT#
အထပ်ထပ်…ဖို့
နက်သထက်နက်အောင်တူး
ငါတို့ဖက်တက်ပြီးအစုအပြုံခုန်ချလိုက်ကြတယ်
ငရဲတွင်းထဲက
ငရဲတွင်းထဲအတိုင်းမပြောင်းလဲ။

မောင်သော်တာ


မစ္စတာတို့ အထူးပြုလုပ်ချက် မျဉ်းရိုင်းများ  
KT#
က ကလေးငယ်ချစ်စဖွယ်ကနေ
တိုင်းပြည်ဟာ စတယ်
ကျမက သစ်သားတွေ အတုံးလိုက်သယ်လာပြီး
သူ့အတွက် ရယ်ဒီပြင်ဆင်ထားချိန်
လေရဲ့အရှိန်ကို မပြတ်စောင့်ကြည့် ရိပ်မိ
လေပြတ်သွားရင် ဘာဖြစ်သွားမည် ဆိုလား
ဘကြီးအောင်ကိုညာ
ငါ့ကိုယ်ငါလည်း ညာ
ဘာအဝတ်မှမပတ်ဘဲ
ပတ်ပြေးတာဆေးထိုးအပ်တစ်ချောင်း ညနေရီရီမှာ အဝါ
ငါအားလုံးသိတာက
ငါအားလုံးမသိခဲ့ဖူးတာတွေပေါ့

ငါ့ကို ဟားမလား အတူရယ်မယ်
ငါကတော့ နားပိတ်ထားမယ်
မျက်ခွက်ကြီးပေါ်ဖြတ်သွားတဲ့လှိုင်းတွေကို
ဆေးမချွတ်ဘူး မတိုက်ဘူး
အာရှဟာ
သပ်ရပ်သလိုလိုနဲ့ ကော်ဖီသောက်
ဆေးချလို့ဆိုပြီး ဆွဲချတဲ့အခါ
ကိုယ်ကကြက်သွန်နီလှီးတဲ့ ဓားကြီးယူလာမယ်
အလှည့်ကျ ခုတ်ထစ်လှီးဖြတ်ကြပြီး
အနက်ရောင် မျက်ရည်တွေ ပန်းထွက်တဲ့အခါ
ခပ်မြန်မြန် အမိမြေသီချင်း ထဆိုကြမယ်

အဲ့ဒီအခါ
အပြင်မှာ သက်ပြင်းအေးအေးတွေတိုက်ပေမယ့်
ငါတို့ကတော့ ဘယ်တော့မှ မအေးဘူး ရေခဲတွေ
ရာသီဥတုအကြောင်းကို အသံလွှင့်ဌာနက လွှင့်နိုင်တယ်
မင်းလေးက သိပ်လှတာပဲ
ဒါမှမဟုတ်
ငါလေးက သိပ်လှတယ်လည်း ဖြစ်နိုင်တာ

အဓိက ကတော့ မြန်မြန်ပြီးဖို့ 
ရသကိစ္စမဟုတ်ဘူးမလား
ဟောဒီ မြေကြီးပေါ်မှာ
ငါ့ကိုစိုက်စားပါ ။

ဆလိုင်းမြတ်နိုးသူ
2016 August 26


အရမ်းကာရောဒိုင်ယာရီ
KT#
ငါ ခရီးလေးတိုင်မသွားခဲ့တော့
ငါ့ဆီ နယူတန်မလာခဲ့ဘူး
ကမ္ဘာကိုရွှေ့ ဖို့နေရာလေးတခုသာလိုတဲ့
ကုတ်တစ်ချောင်းနဲ့ အာခီးမီးဒီးစ်
ရယ်
င့ါဘဝကို ၂၂ံအထိရွှေ့ပေးပါလား
ရေခဲခေတ်ကို ပြန်ရောက်ချင်လှပေါ့။


ဉာဏ်လင်းဦး

Comments