စစ်ပွဲ
en.wikipedia.org |
မနေ့ကမှ
သူနဲ့ ငါဟာ
ရွာတရွာက
ထန်းရည်ဆိုင်မှာ
တဝိုင်းတည်း ထိုင်ပြီး
ရယ်မောပျော်ရွှင်ခဲ့ကြတယ်။
ဒီနေ့
တိုက်ပွဲဖြစ်တော့
ငါ သူ့ကို
ပစ်ချလိုက်တယ်။
ငါက
သူ့ကို မပစ်ရင်
သူက ငါ့ကို ပစ်မှာပဲ။
ငါက
ငါ ယုံကြည်ရာဘက်က
တိုက်ပြီး
သူကလည်း
သူ့ကို ပိုက်ဆံပေးတဲ့ဘက်က
တိုက်ရတယ်။
ဒါပါပဲကွာ
ငါတို့
ဒီနေ့ မသေခဲ့ရင်
မနက်ဖြန်
ထန်းရည်ဆိုင်မှာ
တွေ့ကြတာပေါ့ သူငယ်ချင်း။
နရီမင်း
၂၁ - ၈ - ၂၀၁၆
…
မ အိ ပ်ေ သး ဘူး လား က မ္ဘာ ကြီး
idoartkarenrobinson.com |
အခု ကမ္ဘာကြီးဟာ
မပင်ပန်းသေးဘူး
ငါ ပင်ပန်းနေပေါ့
ပန်းပင်တွေကို ငါ စိုက်တယ်
ငါစိုက်တဲ့ ပန်းပင်တွေကို ငါ မမြင်ရဘူး
နေ့ရော
ပြီးတော့ ညရော
မမြင်ရဘူး ပန်းပင်တွေ
ကမ္ဘာကြီးဟာ မပင်ပန်းသေးဘူးတဲ့
ငါ ရေမလောင်းနိုင်တော့ဘူး
ငါ ပေါင်းမနှုတ်နိုင်တော့ဘူး
ငါ ဆေးမဖြန်းနိုင်တော့ဘူး
မျမင္ရေသာ ကမ ၻာ
မဝေဆာသော ပန်းပွင့်များ
ငါ ပင်ပန်းနေပေါ့ ကမ္ဘာ ။ ။
ငါ ပင်ပန်းနေပေါ့
ပန်းပင်တွေကို ငါ စိုက်တယ်
ငါစိုက်တဲ့ ပန်းပင်တွေကို ငါ မမြင်ရဘူး
နေ့ရော
ပြီးတော့ ညရော
မမြင်ရဘူး ပန်းပင်တွေ
ကမ္ဘာကြီးဟာ မပင်ပန်းသေးဘူးတဲ့
ငါ ရေမလောင်းနိုင်တော့ဘူး
ငါ ပေါင်းမနှုတ်နိုင်တော့ဘူး
ငါ ဆေးမဖြန်းနိုင်တော့ဘူး
မျမင္ရေသာ ကမ ၻာ
မဝေဆာသော ပန်းပွင့်များ
ငါ ပင်ပန်းနေပေါ့ ကမ္ဘာ ။ ။
ကိုကျူး
၁၉ | ၈ | ၂ ဝ၁၆
၁၉ | ၈ | ၂ ဝ၁၆
…
ငယ်စဉ်ကတော့ငါက
အိမ်ပူရေစာ
ပြန်မပြောနားမထောင်
လုပ်ချင်ရာစွတ်ရွတ်လုပ်တဲ့အမှိုက်
ငါ့အပေါ်ပစ်ပေါက်တဲ့သြဇာသီးတွေကို
မာနနဲ့ရမ်းချခဲ့တာချည်းပဲ
ထမင်းဝိုင်းမှာဟင်းတွေကိုထမင်းနဲ့ဖုံး
ဟင်းကုန်ပြီဆိုပြီး ထပ်တောင်းခဲ့တာပဲ
အမေကလည်းကုန်ပြီထင်ပြီး ထပ်ထည့်ပေးခဲ့တာပဲ
လိုချင်တာပူဆာလို့မရရင် အနားကမခွာပဲ
အဖေ အကြပ်ရိုက်အောင် ပေကပ်ခဲ့တာချည်းပဲ
အိမ်အပြင်ကပန်းကပိုမွှေးမယ်အထင်နဲ့
အိမ်ပြေးခဲ့တာပဲ
အိမ်အပြင်ကအသီးကပိုချိုမယ်အထင်နဲ့
အိမ်ကိုပစ်ခဲ့တာပဲ
အိမ်အပြင်ကတေးကပိုသာမယ်အထင်နဲ့
အိမ်ကိုထားခဲ့တာပဲ
တကယ်တမ်းအိမ်ရဲ့အဝေးရောက်တော့မှ
အိမ်ဆိုတာအိမ်သက်သက်သာမဟုတ်တော့ဘူး
မိသားစုဆိုတာစကားလုံးသက်သက်မဟုတ်တော့ဘူး
သံယောဇဉ်ဆိုတာနှောင်ဖွဲ့မှုသက်သက်
မဟုတ်တော့ဘူး ။
အခုငါ ငေးကြည့်နေတယ်
အိမ်ရဲ့အဝေးက အဝေးရောက်အိမ်ကို
အခုငါ တွေးကြည့်နေတယ်
မမြင်အောင်ချည်တဲ့သံယောဇဉ်ကြိုးကို
အခုငါ ဆိုကြည့်ချင်တယ်
မိသားစုသီချင်းရဲ့သံပြိုင်တေးကို ။ ။
ပြန်မပြောနားမထောင်
လုပ်ချင်ရာစွတ်ရွတ်လုပ်တဲ့အမှိုက်
ငါ့အပေါ်ပစ်ပေါက်တဲ့သြဇာသီးတွေကို
မာနနဲ့ရမ်းချခဲ့တာချည်းပဲ
ထမင်းဝိုင်းမှာဟင်းတွေကိုထမင်းနဲ့ဖုံး
ဟင်းကုန်ပြီဆိုပြီး ထပ်တောင်းခဲ့တာပဲ
အမေကလည်းကုန်ပြီထင်ပြီး ထပ်ထည့်ပေးခဲ့တာပဲ
လိုချင်တာပူဆာလို့မရရင် အနားကမခွာပဲ
အဖေ အကြပ်ရိုက်အောင် ပေကပ်ခဲ့တာချည်းပဲ
အိမ်အပြင်ကပန်းကပိုမွှေးမယ်အထင်နဲ့
အိမ်ပြေးခဲ့တာပဲ
အိမ်အပြင်ကအသီးကပိုချိုမယ်အထင်နဲ့
အိမ်ကိုပစ်ခဲ့တာပဲ
အိမ်အပြင်ကတေးကပိုသာမယ်အထင်နဲ့
အိမ်ကိုထားခဲ့တာပဲ
တကယ်တမ်းအိမ်ရဲ့အဝေးရောက်တော့မှ
အိမ်ဆိုတာအိမ်သက်သက်သာမဟုတ်တော့ဘူး
မိသားစုဆိုတာစကားလုံးသက်သက်မဟုတ်တော့ဘူး
သံယောဇဉ်ဆိုတာနှောင်ဖွဲ့မှုသက်သက်
မဟုတ်တော့ဘူး ။
အခုငါ ငေးကြည့်နေတယ်
အိမ်ရဲ့အဝေးက အဝေးရောက်အိမ်ကို
အခုငါ တွေးကြည့်နေတယ်
မမြင်အောင်ချည်တဲ့သံယောဇဉ်ကြိုးကို
အခုငါ ဆိုကြည့်ချင်တယ်
မိသားစုသီချင်းရဲ့သံပြိုင်တေးကို ။ ။
မိုးသက်ငြိမ်ဦး
2016,August .
2016,August .
Comments
Post a Comment