သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ၀ါကျဖြူ ၊ နေပန်ဦး၊ ဟာရှိန်း(မင်းတပ်) တို့၏ ကဗျာများ

တောင်ရိပ်စွေစွေ...ဝေဝေမြူခိုး...မျက်ဝန်းဝိုးတဝါး 

www.123rf.com

မင်းယုံပါ။
အာမေဍိတ်ထဲက
စစ်ပွဲဟာထွက်လာတယ်။

မြင်းတွေဟာ
အတောင်ပံတပ်ပြီးတောတိုးနေတယ်။

ရေခဲသေတ္တာထဲကမျှော်လင့်ခြင်းတွေ
တောင်ခိုးဝေ မှောင်ရိပ်အောက်မှာ။

ကောင်းကင်ဘုံဟာ
အကြောက်တရားကိုခွဲခွာချိန်အဖြစ် မျက်ရည်ထဲနှစ်ထားတယ်။

ဒါပေမဲ့...ငိုရကောင်းမှန်းမသိတဲ့ရင်ဘတ်တွေကို
ထွန်ယက်နေတဲ့မြေသားတွေက အနီရောင်အဆုပ်အခဲတွေ။
ရှုမျှော်ခင်းတွေအနိမ့်အမြင့်မညီညာကြဘူး။
ငှက်တွေဖြစ်သလိုပျံသန်းနေကြတာကြည့်ရင်း
အမှောင်ထုဟာ တရွေ့ရွေ့ နီးလာသလား ဝေးသွားသလား
အမှောင်နဲ့အလင်းဟာ ပြေးလိုက်လို့ရမလား။
တောင်တန်းတွေပေါ်ကမြူထုတွေ ဝေနေဆဲ။

ဝါကျဖြူ
08.08.2016
  ငါ့ကို ကွယ်ထားတဲ့ ညနေခင်း
www.dreamstime.com
 ငြီးနေလို့ရော ငြီးငွေ့မှုကကွယ်သွားမလား
ခေါင်မိုးပေါ်ကခိုတွေကအလိုက်ကန်းဆိုးမသိဘူး
စာအုပ်စင်ထဲမှာလည်းဖုန်တသောသောနဲ့
စီးထားတဲ့ဖိနပ်ကမှရေခဏခဏစိုတာတောင်
အရောင်အသွေး ပါးပါးလျလျ ကျန်နေသေး။
သြော် ………
အဝေးကရာသီကိုရနံ့ခံတတ်တဲ့ငှက်ကလေးတွေ
အုပ်စုဖွဲ့အိပ်တန်းပျံလာကြပြီ
အမှိုက်သိမ်းကားတစီးလည်း
လမ်းထဲကိုအမှိုက်သိမ်းဖို့ရောက်လာပြီ
ပြေးကြည့်စရာမလိုလောက်အောင်
သောက်ရေအိုးမှာ နွေကပေါ်နေလိမ့်မယ်။
အပြင်မှာ နွမ်းလျနေတဲ့တမာပင်ဟာ
အရွက်တွေခါချဖို့ ပြင်ဆင်နေပုံနဲ့
တိတ်ဆိတ်ခြင်းဟာ ချောက်ချားစရာအနံ့အသက်မို့
မသတီစရာစိတ်ကူးတွေကို ထွေးထုတ်ပစ်ဖို့
ပြတင်းပေါက်ကိုလူမသိအောင် တွန်းဖွင့်လိုက်တယ်။
ငါ…မြင်နေရပီ
ပျင်းရိစရာကောင်းလှတဲ့ တိမ်တွေလှပ
ဘယ်လောက်ပဲမှောင်ခဲ့…မှောင်ခဲ့
လျှောက်နေကြလမ်းတွေအလွတ်ရသလို
ဒီညနေခင်းလေးကို အဆွေခင်ပွန်းကောင်းဖွဲ့ရန်
စိတ်ချလက်ချ စောင့်နေမိတယ်။

နေပန်ဦး
....

တကိုယ်စာ အခင်းအကျင်
graphicriver.net
မှုန်ပျပျ အတ္တအခန်းထဲ
လောဘတွေတသီတတန်း
မောဟတွေ ပြန့်ကျဲ
လူလိုသိတတ်ဖို့
လူမဆန်တဲ့ဝန်းကျင်ထဲ
အတ္တအညွန့်တလူလူ ။
တကိုယ်စာလေးပါပဲ
သုညအမှတ်အောက်
နေသားတကျနဲ့
မနက်ဖြန်တွေကိုငါမမုန်းဘူး။

ဟာရှိန်း(မင်းတပ်)
၈.၈.၂၀၁၅


Comments