သစ်ခက်သံလွင်၊ စာအုပ်ကမ္ဘာ၊ မိုးမခမဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပါပြီ။


မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ

August 12, 2016


မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆ 
မိုးမခ လစဉ်ထုတ် မဂ္ဂဇင်းများကို မြန်မာပြည်အနှံ့ အိမ်အရောက် ‘Door-to-Door’ ပို့ဆောင်ပေးနေပါပြီ။ ၁ အုပ် ၁,၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။ ပို့ခ၊ ဝန်ဆောင်ခ မှာယူသူက ပေးရန်မလိုပါ။ ၁ အုပ်ချင်းဖြစ်စေ၊ ၆ လစာ၊ ၁ နှစ်စာ ဖြစ်စေ မှာယူနိုင်ပါသည်။ ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး) ကို ဆက်သွယ်ပါ။ Email– editors@moemaka.net ; nyeinchanaye81@gmail.com
မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၈) သြဂုတ်လထုတ်အသစ်ကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်ကြီးများသို့ မိုးမခစာပေတိုက်က ဖြန့်ချိထားပြီးလည်း ဖြစ်ပါသည်။ ရန်ကုန်တွင် ပန်းဆိုး တန်း၊ လှည်းတန်းရှိ အင်းဝ၊ ရာပြည့်၊ စာပေလောက၊ စာပေနန်းတော်၊ မန္တလေးတွင် နဂါး၊ ထွန်းဦး၊ ရာပြည့်၊ မောင်မောင်ပြေ၊ ညို၊ စိတ်ကူးချိုချို၊ ပျဉ်းမနားတွင် သရဖူ၊ လမင်းဝင်းဝင်း၊ မော်လမြိုင် တွင် ကျော်ကျော်၊ မုံရွာတွင် ချင်းတွင်းအိမ် အစရှိသည့် စာအုပ်ဆိုင်များတွင်မိုးမခ ကို ၁ အုပ် ၁,၅၀၀ ကျပ်ဖြင့် မေးမြန် ဝယ်ယူရရှိနိုင်ပါသည်။
ယခု သြဂုတ်လထုတ်အသစ်တွင် ၂၁ ရာစု မြန်မာ့ပညာရေး အထူးဆောင်းပါး၊ ဖွင့်ကြည့်စေချင်သော စက္ကူစုတ်များ သတင်းဆောင်းပါး၊ စားနပ်ရိက္ခာသည် နိုင်ငံရေး အစရှိသည့် မျက်မှောက်ရေးရာ ဆောင်းပါး များအပြင် ကဗျာ၊ ဝတ္ထုတို၊ အက်ဆေး၊ ဓာတ်ပုံကဏ္ဍ အသစ်များ၊ လူမှု စီးပွားရေးရာ ဆောင်းပါးကောင်းများ၊ ကာတွန်း၊ သရော်စာများ စသဖြင့် ရသ၊ သုတ စုံလင်စွာဖွဲ့စည်းထာပါကြောင်း မိုးမခ စာချစ်သူများ ဝယ်ယူ အားပေးနိုင်ရန် သတင်းကောင်းပါလိုက်ရပါသည်။

Comments