သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ရိုးမြေ၊ ဒိုရာ(Dora)၊ သျှင်မျိုးငယ်တို့၏ကဗျာများ

ပန်းချီကားပေါ်မှာ
www.etsy.com
ပန်းချီကားထဲကြောင်တကောင်ပါရင်ကောင်းမှာပဲလို့တွေးမိပြီး
ပန်းချီကားကိုနေ့တိုင်းငါထိုင်ကြည့်နေတယ်
ပန်းချီကားပေါ် ကြောင်တကောင်ဘယ်လိုရောက်လာမလဲ
ဘယ်နေရာမှာရှိရင်ကောင်းမလဲတွေးမိပြီး ပန်းချီကားကိုနေ့တိုင်း ငါထိုင်ကြည်နေတယ်
တံခါးတွေအကုန်ပိတ်လိုက်တယ်၊ မီးတွေအကုန်ပိတ်လိုက်တယ်
ဓာတ်မီးတလက်နဲ့ ပန်းချီကားပေါ်မှာနေရာအနှံ့ကြောင်တကောင်ကိုငါလိုက်ရှာနေတယ်
တံခါးတွေအကုန်ဖွင့်လိုက်တယ်၊ မီးတွေအကုန်ပြန်ဖွင့်လိုက်တယ်
ငါတယော်တည်းတိတ်တဆိတ်နဲ့ပန်းချီကားပေါ်မှာ ကြောင်တကောင်ကိုရှာနေမိတယ်
အလုပ်သွားနေရင်လည်း စိတ်ကပန်းချီကားဆီပဲရောက်ရောက်နေတယ်
အပြင်ကပြန်ရောက်ရင်လည်း ပန်းချီကားကိုအရင်ပြေးပြီးကြည့်မိတယ်
တရေးနိုးတော့လည်းပန်းချီကားကိုထပြီး ပွတ်သပ်နေမိ
ပန်းချီကားထဲ ကြောင်တကောင်ပါရင်ကောင်းမှာပဲလို့တွေးမိပြီး ။

ရိုးမြေ
၃၀၊ ၆၊ ၂၀၁၆
 အမည်းရောင်မြက်ပင်များ
artistsinspireartists.com
တုံ့ဆိုင်းနေတဲ့သစ်ရွက်တွေအပေါ်ကျွန်တော်ခုန်တတ်လိုက်တော့
သံချောင်းခေါက်သံဟာ  နားရဲ့ညာဘက်ထောင့်စွန်းစွန်းဆီက
ထအော်တယ်။
အိုဇုန်းလွှာကာကွယ်ဆေးလို့ပြောပြီး အမဲဆီတွေသွန်ချလိုက်တာ မြက်ခင်းပြင်တခုလုံး မည်းမှောင်သွားတယ်လို့တောင်ထင်မိတယ်။
သေမိန့်မချသေးခင် ကြိုးကျစ်သံတွေကြားနေရတဲ့အထိ
ပိတ်ဝန်းကျင်တခုလုံးအသံတွေကိုဥပေက္ခာပြုထားကြတယ်။
အမှန်တရားအတွက် ဘယ်သူသေခဲ့ကြသလဲ ကျွန်တော်မရည်ညွှန်း…
ကြယ်တွေအစုလိုက်အပြုံလိုက်ဖောက်ခွဲလောက်တဲ့အထိတော့ ကျွန်တော်မမိုက်ခဲ့ပါ…
ယုံကြည်မှုပြင်းထန်နေတဲ့ လူတစုရဲ့စိတ်တွေကို စနက်တံတပ် မီးမြိုက်လိုက်တော့ မတရားကြောင်းပြောနေကြမှပဲ…
သေဆုံးသူတွေက…
အကြမ်းဖက်မှုဆိုတဲ့ ဝေါဟာရမတွင်ကျယ်ခင်အထိ
တရားမျှတမှုဆိုတာ အမဲဆီတွေစွန်းထင်းနေတဲ့မြက်တခင်းသာ…
ခင်ဗျားတို့ဘက်ကကြည့် ညစ်နွမ်းနေပမယ့်
သူတို့ကိုယ်တိုင်လည်း စိမ်းလန်းမှုတွေ စွန့်လွှတ်လိုက်ရ
ဗုံးတလုံးရဲ့ဥပဒေကိုနာခံတတ်ဖို့ကြိုးစင်ပေါ်က
မြက်ပင်များ…

                                                             
 ဒိုရာ(Dora)
သွေးဆိပ်
www.flickriver.com
  နိဒါန်းအစကတည်းက မှားယွင်းနေခဲ့တာ
သက္ကရာဇ်အဟောင်းတွေကို ဖတ်ကြည့်မနေတော့နဲ့
တမြည့်မြည့်လှိုက်စားနေတဲ့ သွေးဆိပ်တွေဟာ
ငါ့ခန္ဓာအနှံ့ ပျံ့နှံ့နေလေရဲ့...
တကယ်ပါ
ငါ့ရင်ဘတ်ကို စူးဝင်နေတဲ့ အဆိပ်လူမြား
ငါ့အဆိပ်နဲ့ သေခဲ့တယ်။ ။

သျှင်မျိုးငယ်

Comments